Channel Myanmar

Andrew MacLachlan

A Fish Called Wanda (1988) 7.5
A Fish Called Wanda (1988) ဒါကတော့ 1988 တုန်းကရိုက်ကူးထားတဲ့အမေရိကန်-ဗြိတိသျှ မှုခင်းဟာသဇာတ်ကားဖြစ်ပြီး IMDB 7.5 ရရှိထားပါတယ်။သမီးရည်းစားနှစ်ယောက်ဖြစ်ကြတဲ့ ဂျော့ဂျ်တွမ်မဆန်နဲ့ဝန်ဒါဂတ်ရှဝတ်ဇ်တို့ဟာ ဝန်ဒါရဲ့အစ်ကိုဖြစ်သူ အော်တိုဝက်စ်နဲ့စကားထစ်တဲ့ သူငယ်ချင်းဖြစ်သူ ခန်ပိုင်းလ်နဲ့အတူရတနာဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ကြတယ်။အောင်မြင်သွားပြီး စိန်တွေရသွားခဲ့ပေမဲ့ သူတို့အဖွဲ့က စိန်တွေကိုလေးပုံပုံပြီးခွဲမယူချင်ကြဘဲ အပြန်အလှန်သစ္စာဖောက်ဖို့ ကြိုးစားကြတယ်။အဲဒီအချိန်မှာ ခေါင်းဆောင်ဖြစ်တဲ့ ဂျော့ဂျ်ကအဖမ်းခံလိုက်ရပြီး ပြဿနာကပိုဆိုးသွားတယ်။ဝန်ဒါက သက်သေအဖြစ် တရားရင်ဆိုင်ပေးရမှာဆိုပေမဲ့သူကဉာဏ်နီဉာဏ်နက်များတယ်။တကယ်တော့ အော်တိုကသူ့အစ်ကိုမဟုတ်ဘဲ ရည်းစားဖြစ်နေတယ်။သူတို့နှစ်ယောက်တည်း စိန်တွေကို အပိုင်လိုချင်တော့ဂျော့ဂျ်ကိုသစ္စာဖောက်ဖို့လုပ်တယ်။ဒါပေမဲ့ ဝန်ဒါကလည်း အော်တိုကိုသစ္စာထပ်ဖောက်ဖို့လုပ်နေတာကို ဘယ်သူမှမသိခဲ့ဘူး... သရုပ်ဆောင်တွေလည်း ကောင်းသလို မှုခင်းနဲ့ဟာသကိုအရမ်းမပေါသွားစေသလို အရမ်းလေးမသွားအောင် ပြသသွားတဲ့ဇာတ်ကားကောင်းတစ်ကားမို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…    2.9 GB /  1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by ...
movie

A Fish Called Wanda (1988)

1988
Life of Brian (1979) Monty Python’s Life of Brian 8.1
Life of Brian (1979) Monty Python’s Life of Brian IMDb Rating (8.1) / Rotten Tomatoes (95%)ဒီဇာတ်ကားကတော့ မကြည့်ဖူးရင်တောင် Memes တွေမှာ မြင်နေကျမို့ ရင်းနှီးနေမှာပါ...တကယ်လဲ သရော်ထားတဲ့နေရာမှာ ဆရာတစ်ဆူလို့ပြောရမယ့်ဇာတ်ကားပါ...ဘာသာရေး၊ လူမျိုးရေး ၊နိုင်ငံရေးစတဲ့ အထိမခံရွှေပုဂံ တကယ့်ဒိတ်ဒိတ်ကြဲတွေကိုမှ ပြောင်မြောက်စွာ သရော်ထားတဲ့ဗြိတိန်ဟာသအဖွဲ့ Monty Python ရဲ့ လက်ရာမြောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ် ...ဘရိုင်ယန်ဆိုသူဟာ ယေရှုနဲ့နွားတင်းကုပ်ချင်းကပ်ရပ်မွေးဖွားလာသူဖြစ်ပြီးထိုခေတ်ကဂျူးတွေပီပီ ရိုမန်တွေကိုမုန်းတီးသူလည်းဖြစ်ပါတယ် ..ဒီလိုနဲ့ အရွယ်ရောက်ချိန်မှာ ရိုမန်ဆန့်ကျင်ရေးတပ်ဖွဲ့ထဲဝင်ခဲ့ပြီးအဲ့အဖွဲ့ရဲ့ပြောင်မြောက်တဲ့ အလွဲလွဲအချော်ချော်တွေမှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲပါတော့တယ်...အဲ့အဖွဲ့က အခုလက်ရှိကမ္ဘာ့အခြေအနေနဲ့ တော်တော်လေးဆင်တူနေတယ်ဗျ ...သူတို့ဟာ မြေပြင်မှာဘာမှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲအစည်းအဝေးတွေ ခဏခဏလုပ်ပြီး ရှုတ်ချကြောင်းတွေ..ဝမ်းနည်းကြောင်းတွေ စာထုတ်နေ‌တဲ့ UN လိုအဖွဲ့မျိုးပါ ..၁၉၇၉ က ထွက်ရှိခဲ့တယ်ဆိုပေမဲ့ ဘာသာရေး လူမျိုးရေး ဝါဒရေးမှိုင်းတွေနဲ့ကမ္ဘာကြီးအတွက်အမြဲလတ်ဆတ်နေမယ့်ဇာတ်ကားမျိုးဖြစ်ပြီး ကမ္ဘာကြီးရဲ့စောင်တလွဲတွေကို အမြဲတမ်းသရော်နေမှာပါ။  File size…(1.5 GB)/ (900 MB) Quality…BluRay 1080p /720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by ...
movie

Life of Brian (1979) Monty Python’s Life of Brian