Channel Myanmar

Andrew Schulz

Upgraded (2024) 6.1
Upgraded (2024)  လူကြီးဆန်တဲ့အလှနဲ့ မောင်လေးတွေကိုဖမ်းစားထားတဲ့မမCamila Mendes ရဲ့အချစ်ဇာတ်ကားအသစ်ထွက်ရှိလာပါပြီ။ဒီအချစ်ဇာတ်ကားလေးရဲ့ နာမည်ကတော့ Upgraded ဖြစ်ပြီးIMDb Rating 6.1 အထိရရှိထားပါတယ်။အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက်က ပိုက်ဆံဆိုရင်ရေသည် မိန်းမထက်တောင် ပိုမွဲပြီး အစ်မရဲ့အိမ်မှာကပ်နေနေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။နေ့စဉ်ရက်ဆက် သူ့ကိုအိမ်မှာမနေစေချင်တဲ့ မလိုလားအပ်တဲ့စကားတွေကိုကြားနေရပြီး တစ်နေ့မှာ သူအရမ်းဝါသနာပါတဲ့ပန်းချီပြခန်းလေး တစ်ခုဖွင့်နိုင်ဖို့ရည်မှန်းချက်ရှိနေသူဖြစ်ပါတယ်။အဲ့ဒီ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက်ပန်းချီကားတွေကို လေလံတင်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး အလုပ်သင်ဘ၀မှာ သူ့ရဲ့အရည်အချင်းတစ်ခုကိုသူဌေးရှေ့မှာပြနိုင်ခဲ့တဲ့အတွက် လန်ဒန်မှာသူဌေးရဲ့ လက်ထောက်အနေနဲ့ လိုက်ပြီးအလုပ်လုပ်ရဖို့ အကြောင်းဖန်လာပါတော့တယ်။အဲ့ဒီလန်ဒန်ကို သွားတဲ့လေယာဉ်ပေါ်မှာ ဝီလီယမ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး အမှတ်မထင်သူ့ကိုယ်သူ သူ့ကုမ္ပဏီရဲ့ဒါရိုက်တာလို့ ပြောလိုက်မိပြီး အဲ့ဒီဇာတ်အတိုင်းဆက်ကနေလိုက်ပါတော့တယ်။ဒီလိုနဲ့မှ အဲ့ဒီအလိမ်အညာတွေကတဖြည်းဖြည်းနဲ့ ပိုကြီးလာခဲ့ပြီးနောက်ဆုံးမှာတော့ လောကဓံရဲ့ရိုက်ချက်ကို ဘယ်လိုပြန်ခံစားရမယ်ဆိုတာတွေ ဝီလီယမ်နဲ့အန်နာကြားမှာရော အဲ့ဒီအလိမ်အညာကနေ အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ပေါက်လာမလားဆိုတာတွေကို ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.55GB / 683MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama , Romance Subtitle….Myanmar ...
movie

Upgraded (2024)

The Underdoggs (2024)
The Underdoggs (2024) The Underdoggs (2024) ===================အမေရိကန်ရက်ပါ/မင်းသား Snoop Dogg ရဲ့ (၂၀၂၄)ခုနှစ်ထွက် ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ကားတွေ ကတော့ သိတဲ့အတိုင်း အသုံးခပ်ကြမ်းကြမ်းမို့ မိသားစုတို့ဘာတို့နဲ့ ကြည့်မယ်ဆိုရင် ဆင်ခြင်ပြီးကြည့်ရှုကြပါ။ အခုကားကတော့ Comedy/ Sport genre ဖြစ်ပြီး စိတ်ဝင်စားစရာလည်းကောင်းပါ တယ်။ နာမည်ကျသွားတဲ့ မာနခဲကြယ်ပွင့်ကစားသမားတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာပါ။ဂျေဆင်ဟာ လူငယ်ဘဝတုန်းက Gridiron Football အားကစားမှာ နာမည်ကြီးခဲ့တဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်။ အသင်းဖော်ကို ရော၊ နည်းပြကိုရော၊ ပရိတ်သတ်ကိုရော ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ သူ့အမူအကျင့်တွေကနေ ပြဿနာတွေဖြစ်လာပြီး အားကစားလောက ကနေ နှစ်၂၀ကင်းကွာသွားတဲ့သူ။ အဆဲအဆိုခံရတာတွေလည်း ဒုနဲ့ဒေး။ ဒါပေမဲ့ သူ့စိတ်ကတော့ သူရွှေထီးဆောင်းခဲ့တဲ့ကာလထဲမှာပဲ ရှိနေဆဲ။ တစ်နေ့ကျ ကားကို ဟယ်လင်ကဲလားလို မောင်းရာကနေ အက်ဆီးဒင့် ဖြစ်ပြီး ရုံးရောက်ဂတ်ရောက်တွေဖြစ်ကုန်တယ်။ တရားရုံးမှာ သူ့အမှုကို ကိုင်ရတဲ့တရားသူကြီးက သူ့ဇာတိမြို့ လောင်းဘိချ်မှာကတည်းကခင်ခဲ့တဲ့ ငတိမ။ သူ့အိမ်နီးချင်းရဲ့ထီမထင် မာနခဲစရိုက်ကိုသိနေတဲ့ တရားသူကြီးက ထောင်ချတဲ့အပြစ်ဒဏ်မပေးဘဲ လောင်းဘိခ်ျမှာ ပရဟိတအလုပ် နာရီ ၃၀၀ပြည့်အောင်လုပ်ရမယ်လို့ အမိန့်ချတယ်။အဲလိုနဲ့ နာမည်ကျဘောလုံးသမားကြီးဟာ သူ့အိပ်မက်တွေ စအခြေတည်ရာ ဇာတိမြို့လေး‌ကို ပြန်ရောက်လာတယ်။ လိမ္မော်ရောင်သန့်ရှင်းရေးဝတ်စုံလေး ဝတ်ပြီး အာဝုအီးကျုံးဖို့ ...
movie

The Underdoggs (2024)

2024
White Men Can’t Jump (2023) 4.7
White Men Can’t Jump (2023) White Men Can't Jump (2023) ======================Sports Type နဲ့ Basketball ကြိုက်တဲ့ဘရားသားတို့အတွက် ဇာတ်ကားကောင်းလေးလာပါပြီ။ 1992 ကထွက်ထားတဲ့ White Men Can't Jump ကို remake ပြန်လုပ်ထားတဲ့ကားပါ။ 1992 ရုပ်ရှင်မှာတော့ Zombieland မင်းသားကြီး Woody Harrelson နဲ့ Blade မင်းသားကြီး Wesley Snipesတိုက အတွဲမိမိတင်ဆက် သွားခဲ့ပါတယ်။ ရုပ်ရှင်နာမည်တူနေတာကလွဲလို ဇာတ်လမ်းဇာတ် အိမ်ကတော့ ပြောင်းလဲသွားတယ် အရင်ကားက လူတွေလည်း ပြန်မပါလာဘူး ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် သူ့ပုံ စံနဲ့သူ ကွဲထွက်နေပြီး ကြည့်လိုအဆင်ပြေပါတယ်။ ဒီဇာတ်ကားရဲ့တွဲဖက်နှစ် ယောက်က Jeremy အဖြစ်နဲ့အမေရိကန် ရက်ပ်ပါ Thomas Harley၊ ပြီးတော့ Kamal အဖြစ် Sinqua Walls တို့ သရုပ်ဆောင်ထားပါတယ်။Kamal Allan ရဲ့ဘတ်စကတ်ဘောစကေးက NBA မှာကစားခွင့်ရဖို့ အထိ ရေပန်းစားနေသလို အောင်မြင်မှုအမြောက်အမြားရထားတဲ့ ဆယ်ကျော်သက် တက်သစ်စအထက်တန်း ကျောင်းသားလေးပါ။ သူရဲ့အဖေရဲ့ စနစ်တကျပျိုးထောင်ပေးမှုနဲ့ ဒီလိုအခြေအနေအထိ တက် လှမ်းလာနိုင်ခဲ့တယ်။ ဒါပေမယ့် ...
movie

White Men Can’t Jump (2023)

2023
You People (2023) 5.5
You People (2023) You People (2023)နှစ်ဦးနှစ်ဖက်စလုံးမှာ ယောက္ခမမရှိကြတာမို့ အာဒမ်နဲ့ ဧဝဟာ ကမ္ဘာမှာအပျော်ဆုံးအတွဲပဲတဲ့။ ရံဖန်ရံခါဆိုသလို အသိုင်းအဝိုင်းဆိုတာ အိမ်ထောင်ရေးရဲ့ ပြဿနာတစ်ခု ဖြစ်လာတတ်တာပဲ။ ဒီလိုနဲ့ ယောက္ခမနဲ့ တစ်ထောင့်တစ်ညဖြစ်ကြတဲ့ ဇာတ်တွေလည်း မနည်းဘူး။အခုဇာတ်ကတော့ ယောက္ခမနှစ်ဖက်စလုံးရဲ့ ဒဏ်တွေကို ခံကြရတဲ့ အတွဲတစ်တွဲရဲ့အကြောင်းပါပဲ။ ပုံမှန်အတွဲတွေမှာတောင် ယောက္ခမပြဿနာက ရှိတတ်တာဆိုတော့ ဒီအတွဲကတော့ လူဖြူလူမဲ အတွဲဆိုတော့ ပိုဆိုးပါတယ်။ သို့ပေမဲ့ ဒီ၂ဘက်ကို မတူညီတဲ့ ဒုက္ခပေးခြင်း ၂မျိုးနဲ့ပြသွားတာတော့ တော်တော်လေး လှပါတယ်။ တစ်ဘက်ကတော့ လူမဲအဖေက သူ့သမီးအတွက် စိတ်ပူလို့ လူဖြူကောင်လေးကို ညစ်ပြီး တစ်ဘက်ကကျ လူဖြူအမေက သူ့သားကောင်မလေးကို လက်ခံကြောင်းအပြချင်လွန်ပြီး လူမဲဖြစ်နေတာ မဆန်းကြောင်း ခဏခဏထုတ်အပြလွန်ပြီး ဆန်းအောင်လုပ်မိသွားတယ်။ ဒီလိုအသိုင်းအဝိုင်း၂ခုရဲ့ကြား ဒီအတွဲရဲ့ မင်္ဂလာပွဲ ဖြစ်မှဖြစ်လာပါ့မလား ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဟာသ ရိုမန့်ကားလေးပါပဲ။Jonah Hill နဲ့ Eddie ...
movie

You People (2023)

2023