Channel Myanmar

Andrew Senn

Ted K (2021) 6.2
Ted K (2021) ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင်တစ်ပုဒ်လောက် ကြည့်လိုက်ရအောင်။ အမေရိကန်ရဲ့ နာမည်ကျော် အကြမ်းဖက်သမားတစ်ယောက်အကြောင်းပေါ့။ သီအိုဒေါ ဂျေ စတင်းစကီး သို့မဟုတ် တက်ဒ် လို့ခေါ်တဲ့လူတစ်ယောက်အကြောင်းပါ။ ဒီလူဟာ အက်ဖ်ဘီအိုင်သမိုင်းမှာ အကြီးဆုံး ရှာဖွေဖမ်းဆီးရေး လုပ်ခဲ့ရတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ကိုတော့ တစ်နိုင်ငံလုံးက Unabomber လို့ သိကြပါတယ်။ တစ်ကိုယ်တော် ဗုံးသမားလို့လည်း အဓိပ္ပါယ်ထွက်သလို UNA = တက္ကသိုလ်နဲ့လေကြောင်းတွေကိုဗုံးခွဲသူလို့လည်း သိကြပါတယ်။ သူ့ကြောင့် လူ ၂၃ ယောက်ထိခိုက်ခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အက်ဖ်ဘီအိုင်လက်ကနေ ခြေရာဖျောက်နေနိုင်ခဲ့တဲ့သူလည်းဟုတ်ပါတယ်။ ဖောက်ခွဲရတဲ့အကြောင်းရင်းကတော့ စက်မှု နည်းပညာတိုးတက်မှုတွေဟာ ကမ္ဘာကြီးကို ဖျက်ဆီးနေတဲ့အရာတွေလို့ ယုံကြည်တာကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စက်မှုလုပ်ငန်းတွေရပ်တန့်အောင် လိုက်ပြီး အကြမ်းဖက်ခဲ့တာပါတဲ့။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ သူ့အကြောင်းနဲ့ သူ့အတွေးအမြင်တွေကိုရေးထားတဲ့ စာမျက်နှာ ၂၅၀၀၀ လောက်ထဲကမှတ်တမ်းတွေနဲ့ စကားလုံးတွေကို အခြေခံပြီးပြန်လည်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ စိတ်ဝင်စားရင် ကြည့်ကြည့်လိုက်ပါဦး။ File ...
movie

Ted K (2021)