Channel Myanmar

Andrey Andreev

Soldier Boy (2019)
Soldier Boy (2019) ဖြစ်ရပ်မှန် ဒရာမာ စစ်ကားလေး တစ်ကားလောက် ကြည့်ရအောင်။ဒုတိယကမ္ဘာစစ်အတွင်းမှာ တကယ်ရှိခဲ့တဲ့ သူရသတ္တိဆုတံဆိပ်ရ၆နှစ်အရွယ် အသက်အငယ်ဆုံး စစ်သားလေး ဆီရော့ရှာ ရှိရှကင်အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလည်းကောင်းသလို ကလေးကလည်းအရမ်းကိုချစ်ဖို့ကောင်းပါတယ်။ ဂျာမန်တွေကြောင့် မိသားစုတစ်စုလုံးအသတ်ခံရအပြီးမှာဆီရော့ရှာလေးကို တပ်ရင်းတစ်ခုက ကင်းထောက်တစ်ယောက်က ကောက်ရပြီး ခေါ်လာခဲ့ပါတယ်။တပ်ရင်းကနေ မိဘမဲ့ဂေဟာကို ပို့ရမှာဖြစ်ပေမဲ့ တပ်ရင်းတစ်ရင်းလုံးကချစ်ပြီးတပ်ရင်းမှူးကိုယ်တိုင်က မွေးစားလိုက်တဲ့အတွက် ဆီရော့ရှာဟာ တပ်ရင်းမှာပဲ ဆက်နေခွင့်ရခဲ့ပါတယ်။တိုက်ပွဲအတွင်း ကျည်ဆံလိုက်ပို့တာ၊ ဆက်သွယ်ရေးကြိုးသွယ်တာ၊ စာတွေလိုက်ဝေတာကအစတတ်နိုင်သမျှအကုန်လုပ်ခဲ့ပြီး သူ့မွေးစားအဖေကိုပါ သူ့ကိုချစ်တဲ့ သူနာပြုလေးနဲ့လိုက်ပြီးအောင်သွယ်ပေးတဲ့အထိကို လိမ္မာပြီး လည်တဲ့ကလေးပါပဲ။ကြည့်ရင်းနဲ့ကို အတော်သဘောကျဖို့ကောင်းပါတယ်ကြည့်ကြည့်လိုက်ပါဦး File size…(1.6 GB) / (800 Mb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:26:00 Genre...War, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson  
movie

Soldier Boy (2019)