Channel Myanmar

Andy Anderson

Tracker (2010) 6.5
Tracker (2010)  ဒီဇာတ်ကားက စစ်ပွဲအတွင်းမှာ အင်အားကြီးတဲ့သူကအင်အားငယ်တဲ့သူတွေကို နိုင်ထက်စီးနင်းပြုလုပ်ပုံစစ်ပွဲကြောင့်မိသားစုတွေ တကွဲတပြားဖြစ်ကြပုံနှင့် စစ်ပွဲရဲ့ရိုက်ခတ်မှုဒဏ်တွေကို ခံကြရပုံတွေကို ဒါရိုက်တာ Ian Sharp ကရိုက်ကူးပုံဖော်ထားပြီး မင်းသားကြီး Ray Winstone ကဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်.ဒီဇာတ်ကားဟာ rating 6.5/10အထိရရှိထားပြီး အင်အားကြီးလူမျိုးစုဖြစ်တဲ့ ဗြိတိသျှတွေက နိုင်ငံငယ်လေးတွေ အပေါ်နိုင်ထက်စီးနင်းပြုလုပ်ခဲ့ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့တောင်အာဖရိက ဘိုရာလူမျိုးစုလေးက ဆင်းသက်လာတဲ့မစ္စတာဗန်ဒီမန်က လူသတ်မှုနဲ့မတရားစွပ်စွဲခံထားတဲ့ မော်ဝီလူမျိုးစစ်သားတစ်ယောက်ကို လိုက်ဖမ်းရင်း ကြုံတွေ့လာရပုံတွေကိုဇာတ်အိမ်တည်ရိုက်ကူးထား ပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်မစ္စတာဗန်ဒီမန်ဆိုတာ ဘိုရာစစ်ပွဲအတွင်းမှာ ပစ်ချင်ခတ်ချင်နေတဲ့ဗြိတိသျှစစ်သားအရာရှိတွေရဲ့ လက်ချောင်းတွေကိုဖြတ်ပြီးမှရက်ရက်စက်စက် သတ်ခဲ့တဲ့သူအဖြစ်ကျော်ကြားသူဖြစ်ပါတယ်ဒါပေမဲ့ ဗြိတိသျှတွေကို တွန်းလှန်တိုက်ခိုက်နေတဲ့ မစ္စတာဗန်ဒီမန်ကဘိုရာစစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း သူ့ရဲ့သဘောထားကအံ့ဩဖွယ်ကောင်းလောက်အောင် တစ်ဆစ်ချိုး ပြောင်းလဲသွားပါတော့တယ် အဲံဒီနောက် လူသတ်မှုနဲ့စွပ်စွဲခံထားရပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ ရာဇဝတ်သားတစ်ယောက်ကို အသက်ရှင်လျက်ဖမ်းဆီးလာခဲ့နိုင်ရင် ဆုငွေအဖြစ် ဗြိတိသျှရွှေဒင်္ဂါး၁၀၀ အသေဖမ်းမိရင်ရွှေဒင်္ဂါး၂၅ ပြားချီးမြှင့်မယ်လို့ ဗြိတိသျှတွေက ဆုငွေထုတ်ထားတဲ့မော်ဝီလူမျိုးတစ်ယောက်ကို မစ္စတာဗန်ဒီမန်တစ်ယောက် လိုက်လံဖမ်းဆီးရင်း ဘာတွေဆက်ဖြစ်လာမလဲ ဗြိတိသျှတွေကကောမိမိအရာရှိတွေကို သတ်ထားတဲ့ မစ္စတာဗန်ဒီမန်ကို သိရက်သားနဲ့ဘာလို့အရေးမယူတာလဲ ...
movie

Tracker (2010)

House of Wax (2005) 5.3
House of Wax (2005) House of Wax (2005)~ 1080p UPDATED ~မိန်းကလေးတစ်ယောက်ရဲ့ နုနယ်လှပမှုကျက်သရေကို ကျွန်တော်တို့ တင်စားပြောကြရာမှာ "ကြွေရုပ်လေးလိုလှတာ၊ ဖယောင်းရုပ်လေးလိုလှတာ" အစရှိသဖြင့် သုံးနှုန်းတတ်ကြပါတယ်။ လူကြီးမင်းတို့ကို ဖယောင်းရုပ်လေးလိုလှလိုက်တာဟု ချီးကျူးလာရင်ဖြင့် သဘောကျတတ်ကြလိမ့်မယ်ထင်ပါတယ်လေ။ကျွန်တော့်ကို ဖယောင်းရုပ်လေးနဲ့တူတယ် (ဘယ်သူမှလည်း ပြောကြမှာမဟုတ်ပါဘူးလေ) လို့ပြောလာရင်ဖြင့် ကြက်သီးမွေးညင်းထပြီး အရိုးထဲကစိမ့်ပြီး ကြောက်ရမှာတော့ အမှန်ပါပဲ။ လူကြီးမင်းရဲ့ အလှတရားကို ချီးကျူးရာရောက်သလို တဖက်မှာလည်း လူကြီးမင်းဟာ လူ့လောကမှာ မရှိတော့ဘူးလို့ ပြောလိုက်တာနဲ့တူပါတယ်။ ဟောဒီဇာတ်ကားထဲမှာပေါ့။အနုပညာသမားတစ်ယောက်ဟာ နူးညံ့သိမ်မွေ့စွာနဲ့ အလှတရားကို ဖော်ထုတ်တတ်သူပါ။ အနုပညာသမားလေးဗင်းဆင့် ကတော့ အလှတရားကို ညွှန်းပြဖော်ကျူးတတ်ပေမဲ့ နူးညံ့သိမ်မွေ့သူတော့ မဟုတ်ခဲ့ပါဘူးလေ။ လူသားတွေဟာ သူ့အတွက်တော့ သူ့အခန်းထဲက သစ်သားတုံးတွေလိုပါပဲ။ ဆူးတွေ ဆောက်တွေနဲ့ ခုတ်ထစ် လှီးဖြတ်ပြီး ပုံသွင်းယူရမယ့် အသားတွေလိုမျိုးပေါ့။ဆရာဝန်ကြီးနဲ့ ဖယောင်းရုပ်တုပညာရှင် လင်မယားနှစ်ယောက်ရဲ့ သားနှစ်ယောက်မှာ တစ်ယောက်က ဆိုးသွမ်းလွန်းပါသတဲ့။ ထမင်းကျွေးရင်တောင် ...
movie

House of Wax (2005)

Anacondas 2: The Hunt for the Blood Orchid (2004) 5.7
Anacondas 2: The Hunt for the Blood Orchid (2004) [Unicode]Anacondas:The hunt for the Blood Orchid(2004) ===========-================== ဒီကားလေးကတော့ (၂၀၀၄) ခုနှစ်ကထွက်ခဲ့တဲ့ Anacondaမြွေကြီးတွေအကြောင်း ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာ ဒေါက်တာဂျွန်ဘိုက်ရွန် ဂေါ်ဒွန်မစ်ချယ် ဆမ်ရော်ဂျာ ဂေးစထရင်း ကိုးလ်ဘားရစ်တို့နဲ့အတူ ဒေါက်တာဘန်ဒေါက်ဂလပ်စ်တို့ဟာ နယူးယောက်ခ်မြို့ရဲ့ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဝက်ဆဲဟော ရဲ့ရန်ပုံငွေနဲ့ အင်ဒိုနီးယားနိုင်ငံ ဘော်နီယိုမှာရှိတဲ့ တောထဲကို ပန်းရှာဖို့ထွက်လာခဲ့ပါတယ်ဒီပန်းဟာလည်း တစ်ခြားတော့မဟုတ်ပါဘူး လူ့သက်တမ်းတွေကိုဆွဲဆန့်ထားနိုင်တဲ့အစွမ်းရှိတဲ့ တစ်နည်း အသက်ရှည်နုပျိုနေနိုင်တဲ့ အနီရောင်သစ်ခွပန်းပဲဖြစ်ပါတယ်ဒီပန်းထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ လူ့သက်တမ်းကိုရှည်ပြီး ငယ်ရွယ်နုပျိုနေစေနိုင်တဲ့ အစွမ်းရှိတဲ့ဆေး ဖော်စပ်ရာမှာ အသုံးပြုရမှာပဲဖြစ်ပါတယ်သူတို့ဟာပန်းရှိရာတောနက်ထဲကိုရေကြောင်းလမ်းကနေသွားဖို့လှေငှားရင်းနဲ့ပဲ ကပ္ပတိန် ဘေလ်ဂျွန်ဆင်နဲ့သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ထရန်ဝူတို့နဲ့ဆုံခဲ့ပါတယ်ကပ္ပတိန်ဘေဟာသူတို့ကိုအန္တရာယ်ကင်းကင်းခေါ်ဖို့ကြိုးစားရာကနေ မတော်တဆရေတံခွန်အောက် ပြုတ်ကျရာမှစပြီး တစ်ဖွဲ့လုံးငါးပါးမှောက်ကာ မြွေကြီးနဲ့တိုးတဲ့အထိဖြစ်လာခဲ့ပါတော့တယ် ကပ္ပတိန်ဘေလ်ဂျွန်ဆက်နဲ့အဖွဲ့ဟာ မြွေကြီးတွေရန်ကနေပဲ လွတ်မလား သစ်ခွပန်းအနီတွေကိုပဲပိုက်ပြီးပြန်ရမလား ဘယ်သူတွေကအသက်ရှင်နိုင်ကြမလဲ ဘယ်သူတွေ‌ရှောဘရားသားဘောကားမလဲဆိုတာကတော့ ဆက်လက်ပြီးရင်ခုန်စိတ်လှုပ်ရှားပေးပါဦးဗျာ့( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ T Lone ပါ ) [Zawgyi]Anacondas:The hunt for the Blood Orchid(2004) ===========-================== ဒီကားလေးကတော့ (၂၀၀၄) ခုနှစ်ကထွက်ခဲ့တဲ့ Anacondaမြွေကြီးတွေအကြောင်း ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာ ...
movie


HEVC 1080p 5.1