Channel Myanmar

Andy Gershenzon

Old Flame (2022) 5.5
Old Flame (2022)  ဒီဇာတ်ကားက ပုံမှန်ကြည့်နေကြ ဇာတ်ကားတွေလိုမဟုတ်ပဲနဲ့တစ်မူထူးခြားနေတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဘယ်လိုထူးခြားတာလဲဆိုရင် ဇာတ်ကားတစ်ကားလုံးမှာသရုပ်ဆောင်တွေ အများကြီးမပါဝင်ပဲ နှစ်ယောက်ပဲပါဝင်တဲ့အပြင်ဇာတ်ဝင်ခန်းတွေအများကြီးမပါပဲ သုံးခန်းပဲ ပါဝင်တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ကယ်လ်ဗင်ဆိုတဲ့ လူတစ်ယောက်ကကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲလုပ်ဖို့အတွက် ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ ရေချယ်လာနာဆိုတဲ့သူ့ရဲ့ကျောင်းတုန်းကရည်းစားဟောင်းနဲ့တွေ့ခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့လဲရှေးဟောင်းနှောင်းဖြစ် စကားတွေပြောဖြစ်ကြပါတော့တယ်။ဒီဇာတ်ဝင်ခန်းအထိကတော့ ဘာမှထူးထူးခြားခြားမရှိသေးပါဘူး။ဒါပေမယ့် ဒုတိယဇာတ်ဝင်ခန်းမှာ ရေချယ်နဲ့ကယ်လ်ဗင်တို့ကဘားတစ်ခုဆီရောက်သွားခဲ့ပြီး စကားပြောဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီမှာ ရေချယ်ရဲ့စကားတွေက တောင်ရောက်မြောက်ရောက်တွေ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ မူမမှန်ဖြစ်လာတာကို ကယ်ဗင်တစ်ယောက်သတိထားမိလာပါတော့တယ်။ အမှန်တော့ကယ်ဗင်က ရေချယ်ကိုကျောင်းမှာတုန်းက မုဒိမ်းကျင့်ခဲ့တယ်လို့ ရေချယ်ကထင်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မလို့လဲသူတို့တွေလမ်းခွဲဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုနဲ့သူတို့လဲအဲ့ဒီအကြောင်းကို အချေအတင်ပြောဖြစ်ခဲ့ကြပြီး ဇာတ်ဝင်ခန်း သုံးကိုရောက်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.52GB / 575MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Old Flame (2022)

We Need to Talk About Kevin (2011) 7.5
We Need to Talk About Kevin (2011) We need to talk about Kevin (2011) ကျွန်တော်တို့ ကယ်ဗင့် အကြောင်းကို ပြောမှ ဖြစ်တော့မှာ။ ကယ်ဗင် ဆိုတာ ဘယ်သူလဲ? ကယ်ဗင် ဆိုတာ ကလေးတစ်ယောက်ပါပဲ။ ကလေးတစ်ယောက်ရဲ့ စိတ်အကြောင်းကို အကောင်းဆုံး ပုံဖော်ပြသထားတဲ့ဇာတ်ကားပါ။ စိတ်အကြောင်းကို နူးနူးညံ့ညံ့ လှလှပပ ပုံဖော်ထားတာတော့ မဟုတ်ပါဘူး Psycho Thriller ကား တစ်ကားပါ။ Thriller ကား ဆိုတဲ့အတိုင်း ရင်တမမနဲ့ ကြည့်ရမှာပါ။ ကယ်ဗင်ဟာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ သူ့အမေ အီဗာကတော့ ခရီးသွားဆောင်းပါးတွေ ရေးတဲ့ စာရေးဆရာတစ်ယောက်ပါ။ ကယ်ဗင်ဟာ ငယ်ငယ်ကတည်းက ထိန်းကျောင်းရခက်ပါတယ်။ ကျင်ကြီးကျင်ငယ်စွန့်တာကအစ လေ့ကျင့်ရခက်ပါတယ်။ အမေအပေါ် တွယ်တာပေမယ့် အမေ့ဆီက မေတ္တာကို ကောင်းကောင်း မရရှိခဲ့တဲ့ ကယ်ဗင်ဟာ အမေ့မေတ္တာကို သူ့နည်းသူ့ဟန်နဲ့ ရဖို့ ကြိုးစားရှာပါတယ်။ ဒုတိယကလေး မွေးလာတဲ့အချိန်မှာတော့ ကယ်ဗင့်ရဲ့စိတ်ရိုင်းတွေက ပိုမိုနိုးကြားလာပါတော့တယ်။ သားသမီးနဲ့မိဘကြားက သံယောဇဉ်ကို အသိမ်မွေ့ဆုံးနဲ့ အကြမ်းတမ်းဆုံး တင်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု၊ ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနဲ့ ဓာတ်ပုံဆုတွေပါ ရရှိထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ IMDb ...
movie

We Need to Talk About Kevin (2011)

2011