Channel Myanmar

Aneesa Bone

A Nashville Legacy(2023) 6.5
A Nashville Legacy(2023) A Nashville Legacy(2023)************************ Rating 88%ရရှိထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဂီတကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Nashvilleလို့ဆိုလိုက်တာနဲ့ ဂီတသက်ဝင်စည်ကားရာ မြို့တစ်မြို့ဆိုတာ အားလုံးသိကြမှာပါ။ဒီဇာတ်ကားဟာလည်း Nashvilleမြို့ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာ အခြေပြုရိုက်ကူးထားပါတယ်။ဂီတဇာတ်ကားဖြစ်တဲ့အတွက် သီချင်းပေါင်းစုံမြူးမြူးကြွကြွပါဝင်ပါတယ်။ ဇာတ်ကြောင်းအနေနဲ့ကတော့ Naimaဟာ ပါရဂူဘွဲ့ယူဖို့ Nashvilleမြို့ရှိ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာအလုပ်သင်လာဆင်းပါတယ်။ ပြတိုက်မှာစေတနာ့ဝန်ထမ်းလုပ်နေတဲ့ Damianနဲ့တွေ့ပြီးနောက်မှာ ဆုံးပါးသွားတဲ့အဘွားဖြစ်သူရဲ့ လူသိမခံခဲ့တဲ့အတိတ်ကို အစဖော်မိပါတော့တယ်။အဘွားဖြစ်သူပါဝင်ခဲ့တဲ့ မိန်းကလေးဂီတအဖွဲ့အကြောင်းဖော်ထုတ်ပြီး ပါရဂူဘွဲ့စာတမ်းပြုစုဖို့ကြိုးစားရာကနေတစ်နွယ်ငင် တစ်စင်ပါကာ တည်ငြိမ်နေတဲ့ရေပြင်ကို ခဲလုံးလေးနဲ့ပေါက်ရုံမက မုန်တိုင်းပါဝင်မယ့်အဖြစ်တွေရှိနေသောအခါ.....File Size :(1.5GB)& (776MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

A Nashville Legacy(2023)

The Tutor (2023) 8
The Tutor (2023) The Tutor (2023)ဒီဇာတ်လမ်းထဲက ကျူတာကတော့အီသန်ပါ။ အီသန်က လူချမ်းသာတွေရဲ့ကလေးတွေကို ကျူတာအဓိကလုပ်ပေးတယ်။ ဘောစိကလေးတွေဆိုတော့ ငဆိုးလေးတွေများပေမယ့် အီသန်ကတော့ ဒီကလေးတွေကို ပညာရေးမှာစိတ်ဝင်စားလာအောင် တိုးတက်လာအောင်ဆွဲခေါ်ပေးနိုင်လို့နာမည်ရတယ်။ တစ်နေ့မှာ ကလေးတစ်ယောက်ကိုစာသင်ပေးဖို့ အီသန့်ကိုဌားတယ်။ ပေးတဲ့လစာကလဲ မယုံနိုင်လောက်အောင်များတယ်။ အီသန်ကလဲပိုက်ဆံလိုတယ်တော့မဟုတ်ပေမယ့် သူ့ချစ်သူကကလေးမွေးတော့မှာဆိုတော့ ပိုက်ဆံများများရတော့လဲကောင်းတယ်ပေါ့။ သူ့ကိုအဲ့လောက်ထိပေးတယ်ဆိုတော့ ဒီကလေးက အားစိုက်သင်ရမယ့်ကလေး စာညံ့တဲ့ကလေးလို့အီသန်ကတွက်ထားတာပေါ့။ ကလေးအဖေဘက်က အီသန့်ကိုသူတို့အိမ်မှာလာနေပြီး အရင်ဆုံးတစ်ပတ်အစမ်းသင်ကြည့်ဖို့ခေါ်တယ်။ တကယ်တမ်းစာသင်ကြည့်တော့ ကလေးကလဲတော်လိုက်တာမှ ဘာမှကိုသင်စရာမလိုလောက်အောင်ပဲ။ အဲ့တော့အီသန့်ကို လစာအများကြီးပေးပြီးခေါ်တာဘာအတွက်လဲ။ ဂျက်ဆန်ဆိုတဲ့ကလေးရဲ့မိသားစုက ပိုက်ဆံတွေများသိပ်ပေါနေလား။ စာသွားသင်တဲ့တစ်ပတ်အတွင်းမှာပဲ ဂျက်ဆန့်ဆီမှာရော အီသန့်ဆီမှာပါ မူမမှန်တာလေးတွေပေါ်ပေါ်လာတော့ ဘယ်သူကဘာတွေကြံစည်နေကြလဲ။ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲဆိုတာ Plot Twist ကောင်းကောင်းနဲ့တင်ဆက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.GB | 521MB | 248MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... ...
movie

The Tutor (2023)

2023