Channel Myanmar

Angela Eckert

Unbreakable (2000) 7.3
Unbreakable (2000) Unbreakable (2000) IMDb - 7.3/10_____Rotten - 70%    Mr.glassဆိုတဲ့လူကိုကြားဖူးကြလားဗျ မကြားဖူးသေးရင်တော့2019 ဇန်နဝါရီလရဲ့ပထမအပတ်မှာရုံတင်တော့မယ့် Glassကိုသွားကြည့်ရင်အဆင်ပြေလှမှာမဟုတ်ပါဘူး Mr.glassဆိုတာ Osteogenesis Imperfecta လို့ခေါ်တဲ့ အရိုးကြေမွလွယ်ရောဂါဖြစ်နေတဲ့လူမမာလေးပါ ငယ်ငယ်ထဲကဆေးရုံမှာပဲကြီးပျင်းလာတာဖြစ်ပြီး သူ့အမေ ယူယူလာပေးတဲ့ ကာတွန်းစာအုပ်တွေနဲ့သာကြီးပျင်းလာတဲ့ကလေးလေးတစ်ယောက်ပါ ခန္ဓာကိုယ်ကိုသိပ်မသုံးနိုင်တဲ့သူ့ရဲ့ဦးနှောက်ဟာအစွန်းတစ်ဖက်ရောက်တဲ့အထိစွမ်းဆောင်ရည်ရှိနေပါတယ် သူအဲဦးနှောက်ကိုပြန်အသုံးချဖို့တော့ကာတွန်းစာအုပ်တွေကလွဲပြီးမရှိခဲ့ပါဘူး ကလေးဘဝကလုပ်ဆောင်နိုင်စွမ်းတွေဟာအသက်ရလာတာနဲ့အတူပိုပိုပြီးတိုးလာခဲ့ပါတယ် သူ့ကိုယ်သူဘယ်သူလဲဆိုတာလည်းအရမ်းရှာချင်ခဲ့ပါတယ် အရွယ်ရောက်လာတာနဲ့အမျှသူ့ကိုယ်သူရှာတဲ့ကိစ္စကလည်းပိုပြီးတွင်ကျယ်လာခဲ့ပါတယ် ကာတွန်းစာအုပ်တွေထဲကလိုပဲ သူ့ရဲ့အစွန်းတစ်ဖက်ကိုသူရှာခဲ့ပါတယ်...    Dunnလို့ခေါ်တဲ့လူအာဂဟာ အယောက်၁၃၁ယောက်ကိုသေသွားစေတဲ့ ရထားမတော်တဆမှုမှာခြစ်ရာမထင်ပဲကျန်ခဲ့ပါတယ် အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံမှန်အခြေခံလူတန်းစားDunnဟာ အဲ့အဖြစ်အပျက်တွေဖြစ်ပြီးသိပ်မကြာခင်မှာပဲ လူထူးဆန်းတစ်ယောက်နဲ့မဖြစ်မနေရင်ဆိုင်ရပါတော့တယ် အဲ့လူကတော့ Mr.glassဖြစ်ပြီး Dunnရဲ့ဘဝတစ်ခုလုံးကိုပြောင်းသွားစေမယ့်comic factsတွေနဲ့ သွေးအေးတဲ့လူသတ်မှုတွေကိုအရသာရှိရှိကြည့်ရမှာပဲဖြစ်ပါတယ်ဗျ   Translated by Lin Kyaw Swar Aung Encoded by Thanhtike Zaw    File Size - 1.8 GB and 900 MB File Type - Mp4 Quality - Blu-ray 1080p and 720p Duration - 01:46:00 Translator - Lin Kyaw Swar aung Encoder - Thanhtike Zaw
movie

Unbreakable (2000)

2000