Channel Myanmar

Angela Kelly

Please Teach Me English (2003) 6.5
Please Teach Me English (2003) Please teach me English (2003)*****************************2003 ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသားကြီး Jang Hyuk နဲ့ မင်းသမီး Lee Na Young တို့ရဲ့ဟာသအချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသား Jang Hyuk ရဲ့ သရုပ်ဆောင်ကောင်းချက်ကို လူတိုင်းသိပြီးသားဖြစ်မှာပါ။ဒီဇာတ်ကားမှာလည်း သူ့ရဲ့ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာပါ။၂၀၀၃ ခုနှစ်၊ ကိုးရီးယားမှာ လူတိုင်းဟာ အင်္ဂလိပ်စာကို လေ့လာနေကြပြီးတော့အင်္ဂလိပ်စကားနည်းနည်းမှမပြောတတ်ရင် လူရာမဝင်တဲ့ကာလဖြစ်လာပါပြီ။လျှပ်စစ်မီတာရုံးမှာအလုပ်လုပ်နေတဲ့ နာယောင်းဂျူဟာလည်းရုံးကအထက်လူကြီးရဲ့ဖိအားပေးမှုကြောင့် အင်္ဂလိပ်စာသင်တန်းတက်ဖို့ဖြစ်လာပါတယ်။နာယောင်းဂျူဟာ အချစ်မှာလွယ်လွယ်ကျရှုံးတတ်ပြီးတော့သူ့ရဲ့ဖူးစာဖက်မင်းသားလေး အိမ်မက်ဆန်ဆန်ရောက်လာဖို့ကို မျှော်လင့်နေတဲ့သူဖြစ်ပါတယ်။သင်တန်းမှာ ပလေးဘွိုင်းဘတ်မွန်းဆူနဲ့တွေ့ပြီးတော့ ဘတ်မွန်းဆူကို ချစ်မိသွားပါတော့တယ်။ဘတ်မွန်းဆူဟာ မိန်းမမြင်မနေနိုင် နှာထတတ်ပြီးတော့သူ့ကိုလူအထင်ကြီးအောင် အရမ်းဟိတ်ဟန်ထုတ်တတ်တဲ့သူဖြစ်ပါတယ်။ဘတ်မွန်းဆူဟာ အစပိုင်းမှာတော့ မပြင်တတ်မဆင်တတ်တဲ့ နာယောင်းဂျူကိုမိန်းကလေးလိုမမြင်ခဲ့ပေမဲ့ သင်တန်းမှာ အင်္ဂလိပ်စာအတူသင်ရင်းနာယောင်းဂျူရဲ့အလွဲတွေလုပ်တတ်တဲ့ပုံစံမှာ ကျရှုံးသွားပါတော့တယ်။အင်္ဂလိပ်စာသင်ရင်းနဲ့ အလွဲတွေကြားကနေဖြစ်ပေါ်လာတဲ့သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါး၊ ဟာသဆန်ဆန်ရိုက်ကူးထားတာမလို့ကြည့်ပြီးခွီလိုက်ကြပါဦးခင်ဗျာ။Movie: Please Teach Me English Genres: Comedy, Romance Country: South Korea Release Date: ...
movie

Please Teach Me English (2003)

2003