Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Angela Michael
5.5
The Thundermans Return (2024)
Marvel တို့ DC တို့လို သီအိုရီတွေ၊အပြိုင်စကြဝဠာတွေနဲ့Superhero ဇာတ်ကားများကို ကြည့်ရတာ ငြီးငွေ့နေပါသလား၊အပြောင်းအလဲဖြစ်အောင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ စူပါဟီးရိုးကားတွေကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့Nickelodeon နဲ့ Paramount+ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့Thundermans Return ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Thundermans ဆိုတာကတော့ စွမ်းအားရှင်မိသားစုဖြစ်ပြီးဟီးရိုးအဖွဲ့အစည်းမှာ အချိန်ကာလတစ်ခုကြာ အတော်ဆုံးဟီးရိုးအဖွဲ့အဖြစ် ရပ်တည်လာခဲ့သူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့V-Team ဆိုတဲ့ ပြိုင်ဖက်ဟီးရိုးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။နာမည်အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အပြိုင်အဆိုင်လုကြရင်းThundermans တို့ဟာ V-Team အဖွဲ့ဝင်တစ်ဦးကို မတော်တဆထိခိုက်ဒဏ်ရာပေးလိုက်မိတာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။မိုးကြိုးလူသားတို့ ခေတ်ကုန်ပြီး V-Team ကြီးစိုးတဲ့ ခေတ်ရောက်သွားပေမဲ့ သူတို့အဖွဲ့မှာ လုံးဝ မထင်မှတ်ထားတဲ့လျှို့ဝှက်ချက်ရှိနေပါသေးတယ်။ အဲလျှို့ဝှက်ချက်ကိုThundermans တို့ သိသွားမလား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားကြပါဦးနော်။ မိသားစုရဲ့အရေးပါမှုအကြောင်း ချစ်စရာ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ထည့်သွင်းပြသထားတာမို့ စူပါဟီးရိုးကြိုက်တဲ့ သားသားမီးမီးလေးတွေရှိရင်အတူကြည့်ရှုဖို့ အထူးသင့်လျော်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Hnin Hsu ...
movie
The Thundermans Return (2024)