Channel Myanmar

Angela Winkler

Clouds of Sils Maria (2014) 6.8
Clouds of Sils Maria (2014)  မာရီယာ အန်းဒရက်ဟာ နိုင်ငံတကာကျော်ကြားတဲ့ ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်ပါ သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀က စစ်ဂရစ်ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရင်း အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်သူနာမည်ကြီးဖြစ်လာရတဲ့ ဇာတ်လမ်းမှာပဲ တခြားနေရာကနေ ပြန်ပြီးသရုပ်ဆောင်ဖို့ဖြစ်လာတဲ့အခါ အတိတ်က မှတ်ဉာဏ်တွေကြားမှာ မာရီယာတစ်ယောက် ရှေ့မဆက်နိုင်ဖြစ်ရင်း အခြားဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့ ခက်ခဲနေခဲ့ပါတော့တယ်ဒီဇာတ်ကားမှာကတော့ နိုင်ငံခြား အနုပညာရှင်တွေဟာ သူတို့ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို အလေးအနက်ထားပုံ ဇာတ်ကောင်အဖြစ်ခံယူပုံတွေအပြင် အနုပညာရှင်တွေရဲ့ ဘဝကိုပါ ရိုက်ကူးတင်ဆက်ထားတဲ့ Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Twilight ထဲက နာမည်ကျော်မင်းသမီး Kristen Stewart လည်း ပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှူလိုက်ကြပါဦးခင်‌ဗျာ File size…(2 GB)/(910 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Clouds of Sils Maria (2014)

Sisi & I (2023) 6.8
Sisi & I (2023) Sisi & I (2023)~ IMDb - 6.8/10, Rotten Tomatoes - 80% ~ခုတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားဟာဆိုရင်တော့ သာမန်ရိုးရိုး ဂျာမန်ဒရာမာကားတစ်ကားတင်မဟုတ်ဘဲ ဩစတြီးယားဧကရီ အဲလက်ဇဘက်အကြောင်းကို Biography သဘောမျိုး ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပါ။ ဂျာမန်ဝါရင့်မင်းသမီးနှစ်ဦးဖြစ်တဲ့ Sandra Hüller နဲ့ Susanne Wolff ကနေ ဇာတ်ဆောင်မင်းသမီးနှစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ထွက်ထွက်ပြီးချင်း လပိုင်းအတွင်း ဆန်ကာတင်ဆု ၅ ခု ရရှိခဲ့ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မြို့စားကတော်အနေနဲ့ မွေးဖွားလာခဲ့ရတဲ့ အိုင်မာဟာ စီစီလို့ လူသိများကြတဲ့ ဩစတြီးယားဧကရီ အဲလစ်ဇဘက်အတွက် အမှုထမ်းရဖို့အကြောင်းဖန်လာပါတယ်။ အိုင်မာကတော့ ငယ်ငယ်ကတည်းက မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ရတဲ့အတွက် လောကကြီးကိုစိတ်ကုန်နေတာပေါ့။ ဒါပေမဲ့ မိခင်ရဲ့ တိုက်တွန်းမှုကြောင့် မိသားစုဂုဏ်ကိုထောက်ပြီး ဧကရီဆီမှာ အစေခံဖို့သွားခဲ့ပါတယ်။ အိုင်မာဟာ စီစီ့ဆီကိုရောက်ရောက်ချင်းမှာပဲ ပြင်းထန်တဲ့စမ်းသပ်မှုပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ...
movie

Sisi & I (2023)

2023
Suspiria (2018) 6.8
Suspiria (2018) ၂၀၁၈ ကထွက်ရှိခဲ့တဲ့ Horror/ thriller ရုပ်ရှင်ဖြစ်ပြီး ဇာတ်အိမ်တည်ထားတာက ၁၉၇၀ခု ဂျာမနီနိုင်ငံကို အခြေပြုရိုက်ထားတာဖြစ်ပါတယ်။ ၁၉၇၇ခုနှစ်က မူရင်းထွက်ရှိခဲ့တဲ့ Suspiria movieကို ပြန်လည် remakeရိုက်ကူးထားတာပဲဖြစ်ပါတယ်။ IMDb 6.8 , Rotten Tomatoes 65%နဲ့ Metacritic မှာ 64%ရထားပါတယ်။မင်းသမီးကြီး Tilda Swintonက ထူးထူးခြားခြား သုံးကိုယ်ခွဲအထိ ပါဝင်သရုပ်ဆောင်ထားသလို Fifty Shades Trilogyမင်းသမီး Dakota Johnsonနဲ့ Carrie ရုပ်ရှင်ရဲ့မင်းသမီး Chloë Grace Moretzတို့ ပါဝင်ထား ပါတယ်။ Thriller/horror genreနဲ့လိုက်အောင်ပဲ ဒီဇာတ်ကားရဲ့Cinematography, Choreographyနဲ့ BGMတွေကခြောက်ခြား ဖွယ်ရသကို အပြည့်အဝပေးစွမ်းနေပါတယ်။ဇာတ်လမ်းတင်ဆက်မှုက အင်မတန်ကြမ်းသလို သွေးသံရဲရဲပြကွက်တွေနဲ့ အရိုးလိမ်ချိုးခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလိုပြကွက်တွေ၊ စုန်းကဝေနဲ့ ဘာသာရေးဆိုင်ရာ ပြကွက်ကြမ်းတွေ ပါဝင်လို့ အသည်းငယ်တတ်သူများနှင့် ရွံရှာတတ်သူများ ကြည့်ရှုဖို့ မသင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါ့အပြင် 2018ထွက် ဇာတ်ကားဟောင်းဖြစ်ပေမယ့်စာဖိုင်အခက်အခဲကြောင့် ဂျာမန်စကားပြောဇာတ်ဝင်ခန်းများတွင် ...
movie

Suspiria (2018)