Channel Myanmar

Angelic Zambrana

Creepypasta (2023)
Creepypasta (2023)  ခင်ဗျားတို့ရဲ့ဘဝမှာ ကြောက်ရွံထိတ်လန့်စရာ ပုံပြင်တွေကိုကြားဖူးကြမယ်လို့ထင်ပါတယ် ဒီဇာတ်ကားက လိုင်းပေါ်မှာထိတ်လန့်ခြောက်ခြားစရာ ဇာတ်လမ်းတွေကို ရေးတင်လေ့ရှိတဲ့အသက် ၁၄နှစ်အရွယ် စာရေးဆရာမလေး ပျောက်ဆုံးပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ ထူးဆန်းထိတ်လန့်ဖွယ်ရာတွေ အပေါ်ကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာတွေဖြစ်ကြတဲ့ Carlos Cobos Aroca,Berkley Brady, Mikel Cravatta သုံးယောက်ပေါင်းစပ်ဖန်တီးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး မင်းသားတွေဖြစ်ကြတဲ့ Joie Bauer,Fernando Boza နဲ့မင်းသမီး Silvia Casanovaတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းက အသက် ၁၄နှစ်အရွယ် စာရေးဆရာမလေးပျောက်ဆုံးပြီးတဲ့နောက်အနီးနားပတ်ဝန်းကျင်မှာ ထူးဆန်းစွာပဲ လူတွေဆက်တိုက်ဆိုသလို ပျောက်ဆုံးလာပါတယ် လူတွေဘာကြောင့် အကြောင်းအမျိုးမျိုးနဲ့ သဲလွန်စရှာလို့မရအောင်ပျောက်ဆုံးနေကြတာလဲ ရဲတွေကရော ဒီကိစ္စကိုအဖြေရှာထုတ်နိုင်ပါ့မလားလူတွေကကော ဘာလို့ထူးဆန်းစွာပျောက်ဆုံးကုန်ကြတာလဲ လူတွေပျောက်ဆုံးမှုတွေက လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ ထိတ်လန့်ဖွယ်ရာဇာတ်လမ်းတစ်ပုဒ်နဲ့တစ်ကယ်ပဲဆက်နွယ်နေတာလားဆိုတာ ဒီဇာတ်ကားလေးထဲမှာပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါခံစားစီးမျောကြည့်ရှုလိုက်ပါဦးဒီဇာတ်ကားဟာ Horror ဇာတ်ကားလေးတွေကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်တဲ့ကြည့်ရှုသူပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်.... File size…1.27 GB / 574 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 23m Genre ….. ...
movie

Creepypasta (2023)

Precious (2009) 7.3
Precious (2009)  အော်စကာဆု ၂ ခုကို ဆွတ်ခူးထားခဲ့ပြီး IMDb Rating 7.3 ထိ ရထားတဲ့ ဒီဇာတ်ကားဟာဆိုရင် Claireece Precious Jones ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ အကြောင်း‌ပဲ ဖြစ်ပါတယ်။အဓိကဇာတ်ဆောင်ဖြစ်တဲ့ Precious ဟာ အဝလွန်တဲ့ လူမည်းတစ်ယောက်ဖြစ်ပြီး ကျောင်းတက်ပေမဲ့ ဘာစာမှမတတ်တဲ့ ကောင်မလေး၊ အသက် ၁၇ နှစ်အရွယ်မှာတင် Down's Syndrome ရှိတဲ့ ကလေးတစ်ယောက်မွေးထားပြီး ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့သူ ဖြစ်တယ်။ ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာပဲ ကျောင်းက သူ့ကို လက်မခံနိုင်တော့တာကြောင့် ကျောင်းက အထုတ်ခံခဲ့ရပြန်တယ်။ အဲကိုယ်ဝန်ဟာ ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။အဖေအရင်းဖြစ်သူဆီကပါ။ ငယ်ငယ်လေးကတည်းက အဖေအရင်းဖြစ်သူဆီမှာ အကြမ်းဖက်အနိုင်ကျင့်ခံခဲ့ရသလို အမေဖြစ်သူကိုယ်တိုင်ကလဲ သိရက်နဲ့ တားဆီးခြင်းမရှိတဲ့အပြင် သမီးဖြစ်သူကိုပါ သူ့ယောက်ျားကို ခိုးတယ်ဆိုပြီး မုန်းတီးနေခဲ့တယ်။ Precious ဟာ အကြမ်းဖက်ခံရမှုတွေကြားထဲမှာ ကိုယ့်ဘာသာပဲ Daydreaming လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ခဲ့တယ်။ကျောင်းက ...
movie

Precious (2009)

Fighting (2009)
Fighting (2009) 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ underground street fighting ကို အခြေခံထားတဲ့ ကားကောင်းတစ်ကားပါ။မင်းသား Channing Tatum နဲ့ Terrence Howard တို့ ဦးဆောင် ပါဝင်ထားပါတယ်။ New York လမ်းဘေးမှာ ပစ္စည်းအတုတွေ ခင်းရောင်းပြီး အသက်မွေးနေတဲ့ ကောင်လေး Shawn က တစ်ရက်မှာ အမှတ်မထင် Harvey ဆိုသူနဲ့ ဆုံခဲ့ရပါတယ်။ Harveyကလည်း လမ်းမပေါ်မှာ တပည့်တွေနဲ့အတူ ရုပ်ရှင်လက်မှတ်တွေ ရှူးဖိနပ်တွေကို လက်သိပ်ထိုးရောင်းတဲ့အလုပ်နဲ့ အသက်မွေးပါတယ်။ Shawn ဆီမှာ fighter တစ်ယောက် ဖြစ်နိုင်လောက်တဲ့ အရည်အချင်းကို တွေ့သွားတဲ့ Harveyက Shawnကို underground fighting လောကထဲ ဝင်ရောက်ဖို့ ဆွဲခေါ်သွားပါတော့တယ်။နှစ်ဦးကြား သံယောဇဥ်တိုးလာတာနဲ့အတူ အချစ်ရေး အချစ်ရာတွေ အတိတ်က မနာလိုမှုတွေ ရောပြွန်းလာပါတယ်။ Street fightတွေ ...
movie

Fighting (2009)

Liberal Arts (2012) 6.7
Liberal Arts (2012) Liberal Arts (2012)~ IMDb - 6.7/10, Rotten Tomatoes - 71% ~Cast တွေကို ကြည့်လိုက်ရုံနဲ့တင် ပေါ့ပေါ့တန်တန်ကား မဟုတ်တာ သဘောပေါက်ကြမယ့် ၂၀၁၂ ထွက် Drama Comedy ဇာတ်ကားလေးတစ်ကားပါ။ ပုရိသတို့အသည်းစွဲ မမ Elizabeth Olsen ရယ်၊ HIMYM က ကိုယ်တွေရဲ့ ဘော်ဒါကြီးတက်ဒ် ဖြစ်တဲ့ Josh Radnor တို့ရယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ဒီဇာတ်ကားလေးမှာတော့ တက်ဒ်ဟာ ကျောင်း၀င်ခွင့်အရာရှိတစ်ယောက်ဖြစ်တဲ့ ဂျက်ဆီနေရာကနေ သရုပ်ဆောင်ထားပါတယ်။ HIMYM မှာကတည်းက အသည်းကွဲဘော်ဒါကြီး တက်ဒ်ဟာတော့ ဒီထဲမှာလည်း အိမ်ထောင်ကွဲခါစ အသည်းကွဲသမားကြီး ဖြစ်နေပြန်ပါတယ်။ ဂျက်ဆီရဲ့ ကျောင်းသားဘ၀က ဆရာဖြစ်သူ ပီတာရဲ့ အငြိမ်းစားယူပွဲလေးကြောင့် ကောလိပ်တက်ခဲ့ရာ‌ဒေသကို ခဏပြန်လာခဲ့ရင်း ကျောင်းသူတစ်ဦးဖြစ်တဲ့ ဇစ်ဘီနဲ့ ဆုံမိကြတယ်။ အိမ်ထောင်ကွဲခါစ ဂျက်ဆီနဲ့ ကောလိပ်က ...
movie

Liberal Arts (2012)

2012