Channel Myanmar

Angélica Aragón

The Casagrandes Movie (2024)
The Casagrandes Movie (2024)  netflix က အသစ်ထွက်ရှိလာတဲ့ 2D ကာတွန်းကားလေးဖြစ်ပြီး အတော်လေးရယ်ရမယ့် family comedy ပါဇာတ်လမ်းအကျဥ်းကတော့ ဆယ်ကျော်သက်အရွယ် (နှစ်ပေါင်း ၁၂၀၀၀) သက်တမ်းရှိတဲ့ demigod မင်းသမီးလေး ပွန်ဂွာရီ က နတ်ဘုရားတစ်ပါး ဖြစ်ချင်ပေမယ့် သူ့မယ်တော်က မရင့်ကျက်သေးဘူးဆိုပြီး တားမြစ်တာကို လက်မခံပဲ မျက်နှာတစ်ထောင်မျက်နှာဖုံးကို ခိုးယူပြီး နတ်ဘုရားအသွင် ပြောင်းလိုက်ရာမှာကမ္ဘာမြေ ဟက်တက်ကွဲပြီး ကမ္ဘာပျက်မယ့် အရေးကနေ ကာကွယ်ဖို့အတွက် မင်းသမီးလေးကို မိခင်ဖြစ်သူက "တောင်တစ်လုံး" အသွင် ဖန်ဆင်းထားခဲ့တယ် ၁၂ နှစ်ပြည့်သွားတဲ့ ကောင်မလေး ရိုနီအန်းန်က ၁၂ နှစ်ပြည့်ပြီဆိုပြီး သူငယ်ချင်းနဲ့အတူ လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်ဖို့ ကြံရွယ်နေတဲ့ ဂျစ်ကန်ကန် ကောင်မလေး တစ်ယောက်ပါဒါပေမဲ့ သူ့အမေက သူတို့ Casagrandes တစ်မိသားစုလုံး မက္ကဆီကိုက မွေးရပ်မြေဒေသလေးကို ခရီးထွက်ဖို့ အမိန့်ချတာနဲ့ ရိုနီအန်းန် တစ်ယောက် မငြင်းသာပဲ ...
movie

The Casagrandes Movie (2024)

My Brother’s Wife (2015) 6.1
My Brother’s Wife (2015) My Brother Wife 2015 ----------------------ဒရာမာကားဆိုလဲ မမှားသလို အိမ်ထောင်ရေးပညာပေးကားဆိုလဲ မမှားပါဘူး.ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်ရေးသုခ ပြည့်ပြည့်ဝဝမရတဲ့ဇိုဝီဆိုတဲ့ မိန်းမလှလေး တစ်ယောက်အကြောင်းပေါ့. ဇိုဝီရဲ့ခင်ပွန်းဖြစ်တဲ့အီနာစီယိုက အဖက်ဖက်က ပြည့်စုံတဲ့ ခင်ပွန်းကောင်းဆိုပေမယ့်အကျင့်ဆိုးတစ်ခုတော့ ရှိပါတယ်. အဲ့ဒီအကျင့်က စနေနေ့ မဟုတ်ရင်သူ့မိန်းမဖြစ်တဲ့ ဇိုဝီနဲ့ လုံးဝ ချစ်ရည်လူးချင်းမရှိတာမျိုးပါ. ဇိုဝီအနေနဲ့ကြည့်တော့လဲ ၃၀ကျော်ဝန်းကျင်နဲ့အလှသွေးကြွယ်နေချိန် သွေးသားကတောင့်တမှုတွေက သိ်ပကိုမြင့်တက်နေတာပေါ့ဗျာ. အဲ့ဒါနဲ့ ငယ်ရွယ်ပြီးသန်မာတဲ့ အီနာစီယိုရဲ့မောင်ဖြစ်တဲ့သူနဲ့ မှားမိတာပေါ့. ပွင့်ပွင့်လင်းလင်းရေးရရင်ရည်ရွယ်ချက်ချက်ရှိရှိကို မှားလိုက်တာပါ. သူမရဲ့ သွေးသားဆန္ဒအပေါ် အလိုလိုက်မှုတွေသူမ ရလိုက်တဲ့ အသိတရားက ယှဉ်ကြည့်ရင်တော့ အရမ်းကွာပါတယ်. သူမမမှားသင့်တဲ့အမှားကို မှားမိပြီးနောက် ဘာတွေသိသွားရလဲဆိုတာကိုတော့ဆက်လက်ရှုစားကြပါခင်ဗျာ. တချို့ဇာတ်ဝင်ခန်းတွေဟာ လိင်ဆက်ဆံခန်းတချို့ပါတာကြောင့်အသက်၁၈နှစ်အောက်နဲ့ မိသားစုနဲ့အတူ မကြည့်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ် Translated and Reviewd by : Wet DreamEncoded by : YKFile SIze : 1.26 GB and ...
movie

My Brother’s Wife (2015)

2015
A Walk in the Clouds (1995) 6.7
A Walk in the Clouds (1995) [Unicode]action မင်းသားကြီး Keanu Reeves ရဲ့ ငယ်ငယ်က အချစ်ဇာတ်ကားလေးတွေ ကြည့်ချင်နေတဲ့ သူတွေအတွက် ဒီ A walk in the clouds ဆိုတဲ့ကားလေးကိုလက်တို့လိုက်ပါတယ်.. ဒုတိယ ကမ္ဘာစစ်ကြီးပြီးလို့ ချစ်ဇနီးထံ ပြန်လာတဲ့ Paul တစ်ယောက် ဇနီးသည်ရဲ့ ဆန္ဒအရ ချောကလက်ရောင်းဖို့ Sacramento မြို့လေးကို ရထားနဲ့ ခရီးနှင်ခဲ့ပါတော့တယ်...ကံကောင်းချင်လို့ပြောရမလား ကံဆိုးချင်လို့ပြောရမလား သွားနေတဲ့လမ်းမှာပဲကိုယ်ဝန်ရသွားပြီး ချစ်သူကပါပစ်သွားလို့ အိမ်မပြန်ရဲဖြစ်နေတဲ့ မက္ကစီကန် ကောင်မလေးနဲ့ဆုံပါတော့တယ်။ကောင်မလေးရဲ့ အခက်အခဲကိုကူညီဖို့ ဟန်ဆောင်ခင်ပွန်းအဖြစ် မိသားစုကိုလိုက်တွေ့ရာရနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့ချိန်ဟာ နှစ်ယောက်လုံးရဲ့အခက်ခဲဆုံးအချိန်ဖြစ်နေပြီး ဆိုင်သူရှိနေတဲ့ လူဖြူကောင်လေးနဲ့ တခြားသူရဲ့ရင်သွေးလေးကိုလွယ်ထားရတဲ့ စပျစ်ခြံပိုင်ရှင်သမီးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ..1995 ဝန်းကျင်က အဝတ်အစား အခင်းအကျင်းနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုရဲ့ ပုံရိပ်တွေအပြင် ကြည်နူးစရာ ဝမ်းနည်းစရာတွေနဲ့ရောပြွမ်းနေတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပုံဖော်ထားတာမို့ ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ ဒီကားလေးကို ညွှန်းလိုက်ရပါတော့တယ်။( အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် ...
movie

A Walk in the Clouds (1995)