Channel Myanmar

Angelica Leo

Superheroes (2021) 6.7
Superheroes (2021)  ဒီဇာတ်ကားလေးရဲ့နာမည်က‌တော့ Superheroesတဲ့။ဒါပေမယ့်စူပါဟီးရိုးတွေအကြောင်းတော့မဟုတ်ဘူး။မာကိုဆိုတဲ့ ရူပဗေဒဆရာတယောက်နဲ့အန်နာဆိုတဲ့ပန်းချီဆရာမလေးတို့အတွဲရဲ့အချစ်ဆိုတဲ့အရာတခုကိုအချိန်တွေကြာလာတာနဲ့အမျှ အန်နာရဲ့ Superheroes ဆိုတဲ့သူတို့အကြောင်းရုပ်ပြစာအုပ်လေးအတိုင်း အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြတဲ့ပုံပေါ့။ သူတို့နှစ်ယောက်စတွေ့ခဲ့ကြတာက တံခါး၀လေးတခုအောက်မှာမိုးခိုနေရင်းနဲ့။ မာကိုကတော့ စိတ်မြန်လက်မြန်လုပ်တတ်ပြီးသူ့အတွက် အချိန်ဆိုတာ အပြင်မှာတကယ်မရှိတဲ့အရာလို့လက်ခံထားတဲ့သူ။ အန်နာကတော့ပျော်ပျော်နေသေခဲယောကျာ်းတယောက်ကို တညထက်ပိုမတွဲသလို realtionshipတခုမှာ တသက်လုံးချစ်ရမှာကို အရမ်းကြောက်တဲ့ကောင်မလေး။ဒီလိုသူတို့နှစ်ယောက်ရဲ့စတွေ့ကြတဲ့အချိန်ကနေ ဆယ်နှစ်ကြာပြီးတဲ့မျက်မှောက်အချိန်အထိ သူတို့ရဲ့အချစ်ခရီးလမ်းမှာ ချစ်လိုက်ကြပြတ်လိုက်ကြအခိုက်အတန့်လေးတွေ သူတို့ရဲ့ခံစားချက်လေးတွေလျှို့ဝှက်ချက်လေးတွေ ဘ၀အနိမ့်အမြင့်တွေကို ဒီဇာတ်ကားမှာကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ CMပရိတ်သတ်ကြီးကိုမေးခွန်းလေးတခုပဲ မေးစရာရှိတာကတော့လူတယောက်ကိုတသက်လုံး သစ္စာရှိရှိနဲ့ ချစ်နိုင်ဖို့အတွက်ကဘယ်လိုစူပါပါဝါမျိုးတွေ လိုအပ်မှာပါလဲ။ File size…1.97GB / 756MB Quality…WEB-Rip  1080p / 720p Format…mp4 Duration….2h 2m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Superheroes (2021)