Channel Myanmar

Angus Scrimm

Subspecies (1991)
Subspecies (1991)  ဒီတစ်ခါ ပရိသတ်ကြီးကို ၁၉၉၁ခုနှစ်ကထွက်ထားတဲ့ Subspecies: The.Awakening ကားလေး တင်ဆက်ပေးလိုက်ပါတယ်ရုပ်ရှင် ၅ကားမှာ ပထမဆုံးထွက်ရှိထားတဲ့ကားဖြစ်ပြီး ၁၉၉၁ခုနှစ်က ထွက်ထားဖြစ်တဲ့အတွက် ဒီဘက်ခေတ်အမြင်နဲ့တော့ ယှဉ်မကြည့်ဖို့ အရင်တောင်းဆိုပါရစေ။ ဇာတ်လမ်းလေးကတော့ မီရှဲလ် နဲ့ မာရာ တို့ သူငယ်ချင်းနှစ်ယောက်က ရိုးရာဓလေ့ဘာသာရပ်သုတေသနလုပ်ဖို့အတွက် သူတို့သူငယ်ချင်း လီလီယန် ရှိရာ မြို့လေးကို ရောက်ရှိသွားပါတယ်။ သူတို့နေမဲ့ ရွာနားလေးမှာ ဟိုတယ်တစ်လုံးမှ မရှိတာနဲ့ အနီးနားက သမိုင်းဝင် ခံတပ်ကြီးမှာ သွားတည်းလိုက်ကြရတာပါ။ အဲဒီမှာပဲ သူတို့တွေ ရှေးရိုးဓလေ့တွေကို လေ့လာရင်းနဲ့ ထူးဆန်းတဲ့ ဗလက်ဒီဆလက် ခံတပ်ကြီးကို သတိထားမိသွားကြတာပါ။ထူးဆန်းတယ်ဆိုတာက အဲဒီခံတပ်ကြီး ရှေးဟောင်းသမိုင်းဝင်ဖြစ်နေပြီး အရမ်းခန့်ညားနေလျက်ရဲ့ ဘယ်ဘာသာ ဘယ်စာပေမှာမှ အဲဒီခံတပ်ကြီးအကြောင်းထည့်မရေးထားတာပါပဲ။ အဲဒါနဲ့ သူတို့ကလည်း သိချင်စိတ်အရမ်းပြင်းပြတာနဲ့ သုတေသနလုပ်ရင်း ဘာတွေရှာတွေ့သွားမလဲ လူတွေက ဘာလို့ အဲဒီရဲတိုက်အကြောင်းဘာမှမပြောတာလဲ သိသွားရင် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ပိတ်ကားပေါ်မှာပဲ ဆက်လက်ရှုစားကြပါဦးလို့.......File ...
movie

Subspecies (1991)

John Dies at the End (2013) 6.3
John Dies at the End (2013)  ဒီဇာတ်လမ်းလေးဟာအမေရိကန်နာမည်ကျော် စာရေးဆရာကြီးDavid-Wong ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္တုတစ်ပုဒ်ကို ဝတ္တုရဲ့နာမည်အတိုင်းပဲ ပြန်လည်ရိုက်ကူးထားတဲ့Horror-Comedy အမျိုးအစားဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးထဲမှာတော့ ..... ပဲငံပြာရည်လို့သူတို့နာမည်ပေးထားတဲ့ မူးယစ်ဆေး တစ်မျိုးကြောင့်ဖြစ်လာခဲ့ရတဲ့ဂျွန်နဲ့ ဒေးဗစ်သူငယ်ချင်းနှစ်ယောက်ရဲ့ အလွဲလေးတွေကြားကနေအမှတ်မထင် လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့အကြောင်းဖန်လာတဲ့အခါဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ပြီး ဘယ်လိုကျော်ဖြတ်ကြမလဲ..ပဲငံပြာရည်ဆိုတဲ့ မူးယစ်ဆေးအရည်တစ်မျိုးဟာ လူ့ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အခါ သဘာဝလွန်စွမ်းအားတွေပေးနိုင်ပြီး အလွန်အကျွံသုံးစွဲမိတဲ့အခါမှာတော့ အသက်အန္တရာယ်ကိုထိခိုက်ပြီး သေသွားကြတဲ့လူငယ်လေးတွေနဲ့ မရည်ရွယ်ပဲ ဒီမူးယစ်ဆေးကိုအကျိုးရှိရှိပြန်အသုံးချဖြစ်သွားကြမယ့် ဂျွန်နဲ့ ဒေးဗစ် သူငယ်ချင်း နှစ်ယောက် ... ပဲငံပြာရည်ရဲ့အစွမ်းနဲ့ အပြိုင်စကြာဝဠာတွေဆီကူးလူးသွားလာနိုင်ပြီး ကမ္ဘာမြေပေါ်ကျရောက်လာမယ့်ကပ်ဆိုးတွေ ဘေးအန္တရာယ်ဆိုးတွေကိုဘယ်လိုတားဆီးလိုက်နိုင်မလဲ အဆုံးသတ်ဇာတ်သိမ်းပိုင်းမှာရော ဘယ်သူတွေကိုကယ်တင်လိုက်နိုင်ပြီးတော့ ဘယ်သူတွေကတော့ အသက်ရှင်ဖို့အခွင့်အရေးဆုံးရှုံးခဲ့ရမလဲ.... ဂျွန်ကရော ဇာတ်လမ်းအဆုံးမှာ တကယ်ပဲသေသွားရမှာလား.. ဆိုတာဒီဇာတ်လမ်းလေးထဲမှာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမှာပါ File size…(1.7 GB)/(880 MB)/(510 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein ...
movie

John Dies at the End (2013)