Channel Myanmar

Anirban Bhattacharya

Mrs. Chatterjee Vs Norway (2023) 7.5
Mrs. Chatterjee Vs Norway (2023) Mrs Chatterjee Vs NorwayIMDb-7.4/10 Rotten Tomatoes-15%ညိုချောလေးရာနီးအဓိကသရုပ်ဆောင်ထားတဲ့ အိန္ဒိယမိခင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်အာရှတိုက်သားတွေအတွက် နော်ဝေးတို့လိုဥရောပနိုင်ငံတွေဟာ dream land လို့ကိုပြောလို့ရပါတယ် ဒေဘီကာတို့ဇနီး‌မောင်နှံဟာ နော်ဝေးနိုင်ငံမှာနေတဲ့ အိန္ဒိမိသားစုလေးပါ အနောက်နိုင်ငံမှာနေပေမဲ့ အိန္ဒိယအိမ်ထောင်သည်ဘဝအတိုင်း ယောက်ျားကစီးပွားရှာ မိန်းမကအိမ်မှုကိစ္စနဲ့ ကလေးတွေကိုပြုစုထိန်းသိမ်းပါတယ်အနောက်နိုင်ငံမှာ ကလေးနှစ်ယောက်ရယ် အိမ်မှုကိစ္စရယ်နဲ့ တစ်ယောက်တည်းကသီလင်တနိုင်နေတဲ့ ဒေဘီကာတို့အခြေအနေကို နော်ဝေးအရာရှိတွေက အထင်အမြင်လွဲမှားသွားပါတော့တယ် အဲဒီအထင်နဲ့ပဲ ‌ဒေဘီကာတို့မောင်နှံဟာကလေးကို စောင့်ရှောက်နိုင်စွမ်းမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ကလေးနှစ်ယောက် အတင်းဆွဲခေါ်သွားပါတော့တယ်လူ့အခွင့်အရေးအပြည့်အဝရတဲ့ နော်ဝေးလိုနိုင်ငံက မိခင်ရင်ခွင်ထဲရှိနေရမယ့် လူမမယ်ကလေးနှစ်ယောက်ကိုဘာကြောင့်များအတင်းဆွဲခေါ်သွားရပါသလဲ အင်အားကြီးနိုင်ငံရဲ့ ဥပဒေနဲ့ သာမန်မိခင်တစ်ယောက်ရဲ့မေတ္တာလွန်ဆွဲကြမယ့်ပွဲကို တစ်ရှူးဘူးလေးဘေးချပြီး ရှူစားကြည့်နိုင်ဖို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် File size…1.79GB / 812MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~ThaikSan~Nyein~Sai
movie

Mrs. Chatterjee Vs Norway (2023)

Mission Mangal(2019) 6.6
Mission Mangal(2019) Mission Mangal(2019)အညှှနြး************************(Zawgyi)မိုဘိုင်းဖုန်းဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်တစ်ခုကို ကျွန်တော်တို့ ပြန်သွားကြည့်ရအောင်... အဲ့လိုအချိန်တစ်ခုရဲ့ စကားဝိုင်းတစ်ခုမှာ "နောင်ကျရင် လူတွေက ရန်ကုန်နဲ့ မန်းလေး ဆက်သွယ်စကားပြောဖို့ကိုငါးလက်မလောက်ပဲရှိတဲ့ ပစ္စည်းလေးရှိရုံနဲ့ စကားပြောလို့ရတော့မှာ" လို့ ကျွန်တော် ပြောလိုက်ရင်ခင်ဗျားတို့အကုန်လုံး ဝိုင်းလှောင် ဝိုင်းဟားကြမှာပါ "သိပ္ပံအောင်မြင်မှုဆိုတာ တစ်ချိန်တုန်းကတော့ ဟာသတစ်ပုဒ်လိုပါပဲ" တဲ့ISRO ဆိုတဲ့ အိန္ဒိယအာကာသ သုတေသနအဖွဲ့က သိပ္ပံပညာရှင် ရာကိရှ်ဒါဝမ်မှ သူ့ကို ဝေဖန်လာတဲ့သူကို ပြန်ချေပလိုက်တဲ့စကားပါ...ဒါဆို သူက ဘယ်လိုဟာသတွေ ပြောလိုက်တာပါလိမ့် မားစ်ဂြိုဟ်ကိုလေ့လာဖို့ ဂြိုဟ်တုလွှတ်တင်မယ်လို့ ပြောလိုက်တာပါ... အဲ့ဒီအချိန်တုန်းက မားစ်ကိုသွားဖို့ ကြိုးစားရာမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ အမေရိကန်လည်း ပါဝင်ပါတယ်...သူတို့တွေ အောင်မြင်ခဲ့လားဆိုတော့ မအောင်မြင်ခဲ့ပါဘူး...ရုရှားဟာ ရှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီး အမေရိကန်ဟာလည်း လေးကြိမ်တိုင်အောင် ကျရှုံးထားတာပါ... ဒါကို အိန္ဒိယသိပ္ပံပညာရှင် ရာကိက ဘာပြောလဲဆိုတော့ "ပထမဆုံးအကြိမ်မှာကို အောင်မြင်အောင် လုပ်ပြမယ်" တဲ့ဒီလိုစကားပြောရအောင်သူ့မှာ ဘယ်လိုယုံကြည်ချက်တွေ ...
movie

Mission Mangal(2019)

2019