Channel Myanmar

Anirudh Acharya

Aachar & Co (2023) 8.0
Aachar & Co (2023) Aachar & Co (2023) IMDb-8.1/10သားသမီးတွေကို ကိုယ့်စိတ်တိုင်းကျအိမ်ထောင်ဖက်နဲ့ပဲပေးစားချင်ကြတာက မိဘအုပ်ထိန်းသူတော်တော်များများရဲ့ အတ္တလို့ဆိုရမလား။သူတို့ဘက်ကကျလည်း ကိုယ့်သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာမျိုး ကောင်းစားစေချင်တာမျိုးပေါ့။ ဒီကားလေးက ၁၉၆၀ပြည့်နှစ်အလွန်က အိန္ဒိယတောင်ပိုင်းပြည်နယ် ဘန်ဂါလူရူပြည်နယ်ကိုနောက်ခံထားပြီး အမျိုးသမီးဒါရိုက်တာ ဆင်ဒူးဆရီနီဗာဆာမူသီ ရိုက်ကူးထားတဲ့ မိသားစုဟာသဇာတ်မြူးရုပ်ရှင်လေးပဲဖြစ်ပါတယ်။သားသုံးယောက် သမီးခုနစ်ယောက်မွေးထားတဲ့ အစိုးရဝန်ထမ်း ဆောက်လုပ်ရေးအင်ဂျင်နီယာကြီး ဦးအာချာပေါ့။သူ့သားသမီးတွေကို သူ့စိတ်တိုင်းကျဖြစ်စေချင်တဲ့ ဖခင်တယောက်။သားသမီးတွေကို သူ့စိတ်တိုင်းကျ အိမ်ထောင်ဖက်ရှာပေး အိမ်ထောင်ချပေးနေရာက ရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာတော့ အိမ်ထောင်မကျသေးတဲ့ သမီးရဲ့ဘ၀က အခြေအနေတွေပြောင်းလဲသွားပါတော့တယ်။ အဲဒီခေတ်အခြေအနေမှာ ဘာလဲဆိုတော့ အမျိုးသမီးတွေက အိမ်ထောင်ရေးအတွက် အသုံးချခံအနေနဲ့ သက်မဲ့အရာလိုသတ်မှတ်ခံထားရမှုတွေကို မီးမောင်းထိုးပြရင်း ခပ်မြူးမြူးလေးကြည့်ရမယ့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~BpL~Zwe~Moon~Vတို့ပဲဖြစ်ပါတယ်) File size…1.6GB/ 685MB Quality…1080p WEB DL /720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Zwe~Moon~V
movie

Aachar & Co (2023)

2023
Hondisi Bareyiri (2023) 7.5
Hondisi Bareyiri (2023) Hondisi Bareyiri 2023 IMDb 7.5/10ဇာတ်လမ်းအကျဉ်းခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတစ်သိုက်ဟာ နှစ်တွေအကြာကြီးဝေးကွာသွားကြလို့ တစ်နေ့မှာပြန်လည်ဆုံတွေ့ချိန်မှာ သူတို့အရင်ကျောင်းသားဘ၀ကို စမြုံပြန်ကြပါတော့တယ်။ စကားစပ်မိကြရင်း တစ်ယောက်အကြောင်းတစ်ယောက်ပြောကြရာမှ သူတို့တွေရဲ့ဘ၀က ကျောင်းသားဘ၀လိုမပျော်တော့ပဲ အိမ်ထောင်ရေးတွေ အချစ်ရေးတွေ အလုပ်အကိုင်တွေ အဆင်မပြေမှုများစွာ ကိုယ်စီကြုံတွေ့ခဲ့ကြပါတယ်။တစ်ယောက်ချင်းစီမှာ အဆင်မပြေမှုတွေရှိလာကြတဲ့အခါ သူတို့တွေအရင်လို ခင်မင်ကြဦးမှာလား၊ ပြဿနာတွေကို ကျောင်းသားဘ၀လိုမဟုတ်ဘဲ ရင့်ကျက်တဲ့လူကြီးတစ်ယောက်အနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို သူ့တို့ရဲ့ ကျောင်းတုန်းက‌ပျော်စရာတွေကို နောက်ကြောင်းပြန်ရင်း လက်ရှိအနေအထားနဲ့ယှဉ်ပြရင်း ဇာတ်လမ်းကိုတင်ဆက်ထားပါတယ်။Rating ကောင်းပြီးမြင်နေကျဇာတ်လမ်း ဇာတ်အိမ်ဆိုပေမယ့် ရိုးအီမသွားဘဲ နာမည်ကြီးကန်နဒါသရုပ်‌ဆောင်အချောအလှတွေနဲ့အတူ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားရင်း ပင်ပန်းပြီး ရင့်ကျက်တဲ့လူကြီးဆိုတာကိုခဏ‌မေ့ပြီး ကျောင်းသားဘ၀ကိုခဏပြန်သွားကြရအောင်လား... File size…2.01GB /1GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Khin Khin~Nyein Aye ~BpL~Yunni
movie

Hondisi Bareyiri (2023)

2023