Channel Myanmar

Anis Cheurfa

Justin Bieber: Never Say Never(2011)
Justin Bieber: Never Say Never(2011)     Belieber တို့ရဲ့ အသည်းကျော် Justin Drew Bieber ဟာဆိုရင် March လ ၁ ရက်နေ့မှာ အသက် ၂၉ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ အစက မွေးရက်မှာဒီ film ကို တင်ပေးဖို့ စီစဉ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်ခဲ့ပါဘူး။ မနှစ်ကလည်း ဒီလိုအချိန်မှာBirthday အမှတ်တရအဖြစ် Believe Documentary ကို တင်ဆက်ပေးခဲ့သလို ဒီနှစ်မှာတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က ထွက်ရှိခဲ့တဲ့ Never Say Never Documentary လေးကို တင်ဆက်ပေးချင်ပါတယ်။ Believe က အောင်မြင်မှုရဲ့ အစကို ရိုက်ကူးတင်ဆက်ခဲ့တာဆိုရင် Never Say Never ဟာ အရာအားလုံးရဲ့စတင်ရာပါပဲ။ Justin Bieber ဆိုပြီး ဖြစ်တည်လာဖို့ ဘယ်လိုအကြောင်းဖန်ခဲ့လဲဆိုတာတွေ၊ ငယ်ဘဝ ပါရမီပါလာခဲ့ပုံတွေကို အသေးစိတ်ချပြထားမဲ့အပြင် My World Tour ဖျော်ဖြေမှုတွေကိုပါ မပျင်းမရိ ကြည့်ရှုရမှာပါ။အိမ်ထောင်ကျပြီး မိန်းမနားပဲကပ်နေတဲ့ Justin ရဲ့ လူပျိုပေါက်စဘဝက ကလေးဆန်ဆန် အမူအရာလေးတွေနဲ့ အသံချိုချိုလေးကို သတိရလွမ်းဆွတ်နေတယ်ဆိုရင်တော့ဒီ Documentary ကို ကြည့်ပြီးမျက်ရည်လည်ရဦးမှာ သေချာပါတယ်။ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့သီချင်းလေးတွေကို ပြန်လည်နားဆင်ရင်း နောက်နှစ် ထိပ်စီးပြောင်းတော့မဲ့ Justin Bieber အတွက် ဒီ documentary နဲ့အတူ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။Clarification - Artist အတွက် အမှတ်တရလက်ဆောင် ပေးချင်သည့် ဆန္ဒကလွဲ၍ တခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ (အညွှန်းနဲ့ ဇာတ်လမ်းကို Thet Hnin Hsu က ဘာသာပြန်ဆိုရေးသားထားပါတယ်) File size… 1.2 GB Quality…Blu-Ray 720p Format…mp4 Duration….1h 45m Genre .....  Documentary / Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu 
movie

Justin Bieber: Never Say Never(2011)

Close Range(2015) 5.7
Close Range(2015) Close Range (2015)=================အတိုက်အခိုက် အသတ်အပုတ်မှာ လှပကျွမ်းကျင်လှတဲ့ မင်းသားScott Adkins ရဲ့ ၂၀၁၅ ခုနှစ်တုန်းက အက်ရှင်ကားကောင်း တစ်ကားပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့အမေရိကန်-မက်ဆီကိုနယ်စပ် မက်ဆီကိုဂိုဏ်းတစ်ခုရဲ့စခန်းမှာမင်းသားတစ်ယောက် သူ့တူမကို တစ်ကိုယ်တော်စွန့်စားတိုက်ခိုက်ပြီးဝင်ကယ်ရာကနေ စတင်ထားပါတယ်။ သူ့တူမ အဖမ်းခံရတယ်ဆိုတာလည်းသူ့အစ်မရဲ့နောက်ယောက်ျားဖြစ်သူက မူးယစ်ဆေးတွေနဲ့ ပတ်သက်နေသူဖြစ်ပြီး သူတစ်ခုကိုရှုပ်ထားလို့ ဟိုဖက်က ပြန်ပေးဆွဲသွားရတာဖြစ်ပါတယ်။ဒါပေမဲ့ ဇာတ်လမ်းက မရိုးရှင်းပြန်ပါဘူး၊ သူတို့အမေရိကန်ဖက်ခြမ်းကရဲတွေကိုလည်း ဟိုဖက်က ဂိုဏ်းခေါင်းဆောင်ဆိုတာက ခါးပိုက်ထဲထည့်ထားနိုင်တဲ့အနေအထားပါ။ အဲဒါနဲ့ ဒီဂိုဏ်းခေါင်းဆောင်ကြီးကအမေရိကန်ဖက်က အကျင့်ပျက်ရဲတွေကို မင်းသားတို့ဆီ တစ်မိသားစုလုံးအရင်သွားဖမ်းခိုင်းထားပါတယ် ပြီးမှ သူတို့လိုက်လာပြီး တရားမျှတအောင်ကိုယ့်ဘာသာစီရင်ချက်ချမယ်ဆိုပြီး ကြိမ်းဝါးခဲ့ပါတယ်။ ထိုအခါမှာတော့မင်းသားတစ်ယောက် သူ့အစ်မနဲ့ တူမဖြစ်သူကို ရန်သူတွေ (မူးယစ်ဂိုဏ်းရောအကျင့်ပျက်ရဲတွေရော) လက်ကနေ ကယ်တင်ရဖို့ ဖြစ်လာပါတော့တယ်.....။ဂိုဏ်းခေါင်းဆောင်ကြီးက အတင်းလိုက်ဖမ်းချင်တာ ဘာလျှို့ဝှက်ချက်ရှိလို့လဲ.....မင်းသားရဲ့ နောက်ကြောင်းကရော ဘယ်လိုတွေရှိခဲ့တာလဲ...အများနဲ့တစ်ယောက် တိုက်ခိုက်လွတ်မြောက်နိုင်မလားဆိုတာကို Scott Adkins ရဲ့အက်ရှင်လှလှတွေနဲ့အတူ ကင်မရာရိုက်ချက် မိုက်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.25GB / 883MB Quality…BluRay ...
movie

Close Range(2015)