Channel Myanmar

Anjum Nayar

The Interview: Night of 26/11(2021) 5.1
The Interview: Night of 26/11(2021)  The Interview : Night of 26/11ဝါရင့်ဘောလိဝုဒ်မင်းသားကြီး Jackie Shroff ရဲ့2021ထွက်ဇာတ်ကားသစ်ဖြစ်ပါတယ်2008 ခုနှစ် မွမ်ဘိုင်းမှာ 26/11 တိုက်ခိုက်မှုတွေစဖြစ်ခဲ့တဲ့ညတုန်းကနိုင်ငံကျော်စူပါစတားမင်းသမီးတစ်လက် ဖြစ်တဲ့ တာရာရဲ့အိမ်ကိုနာမည်ကျော်ဆုရစစ်ပွဲသတင်းထောက်တစ်ယောက်ဖြစ်တဲ့ ရိုဟန်တစ်ယောက် အင်တာဗျူးဖို့ရောက်ရှိလို့နေပါတယ်တကယ်တမ်း မြို့ထဲမှာက အုန်းဒိုင်းဂွမ်းတွေဖြစ်နေတဲ့အချိန်မှာ ကိုယ်က အခင်းဖြစ်နေရာမှာ ရှိနေရမယ့်အစား ဒီလိုရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့အတင်းအဖျင်းတွေကို လိုက်အင်တာဗျူးဖို့ဆိုတာစစ်ပွဲသတင်းပဲလိုက်လေ့ရှိသူတစ်ယောက်အတွက် မလွယ်ကူနေခဲ့ပါဘူးလစာ၃လစာရဖို့ကျန်တာကို ဒီအင်တာဗျူးသွားမေးပေးမှ ကျန်တဲ့လစာတွေပေးမယ်ဆိုပြီး ညစ်တဲ့အယ်ဒီတာကြောင့် ရိုဟန်တစ်ယောက် နောက်ဆံတငင်ငင်နဲ့ပဲ သွားရပါတော့တယ်ပုံမှန်ဆို မင်းသမီးရဲ့အိမ်ကိုသွား အင်တာဗျူးပြီးပြန်လာ သမားရိုးကျက အဲ့လိုပေမယ့်စာဖတ်ပရိသတ်တွေ လှုပ်လှုပ်ရွရွဖြစ်စေမယ့် သတင်းရေးပါဆိုပြီး မှာလိုက်တဲ့ အယ်ဒီတာရဲ့တချက်လွှတ်အမိန့်ကြောင့်ရိုဟန်တစ်ယောက် မင်းသမီးတာရာရဲ့ တကယ့်အတွင်းစိတ်ကို ရှာဖွေရပါတော့တယ်တစ်ဖက်ကလည်း ခေသူမဟုတ်တဲ့ သရုပ်ဆောင်ကျွမ်းကျင်မင်းသမီးတစ်လက်ဖြစ်နေပြန်ဒီဘက်ကလူကလည်း စစ်ပွဲမှာလျှို့ဝှက်သတင်းတွေကို ရေလည်ကျွမ်းကျင်အောင်လိုက်တတ်တဲ့ ဆုရသတင်းထောက်ဖြစ်နေ တော့နှစ်ယောက်သားရဲ့ အားပြိုင်မှုလေးတွေကို ကြည့်ရမှာဖြစ်ပါတယ်အဖုအထစ်သေးသေးလေးတွေကနေ အနိုင်ယူမှုအနိုင်ရလိုမှုများခံစားချက်ချင်းနားလည်ပေးရာကနေ နီးကပ်လိုက် ဝေးကွာလိုက် ဖြစ်ပုံများတာရာကပဲ သရုပ်ဆောင်ပိုတော်မလားရိုဟန်ကပဲ ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး လိုချင်တဲ့ သတင်းတွေရသွားမလားထိတွေ့ ပွတ်တိုက် ...
movie

The Interview: Night of 26/11(2021)

2021