Channel Myanmar

Ankit Mohan

Crakk: Jeetega… Toh Jiyegaa (2024) 6.1
Crakk: Jeetega… Toh Jiyegaa (2024) Crakk: Jeetega... Toh Jiyegaa (2024) "ယောကျ်ားဘသား" IMDb - 6.2/10Commando 3 (2019)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Aditya Dattနဲ့ အဲဒီရုပ်ရှင်ထဲကပဲ သရုပ်ဆောင်ဖြစ်တဲ့ Vidyut Jammwalတို့ အတူတူတွဲပြီး တစ်ဖက်စွန်းရောက် အားကစားလို့ခေါ်ဝေါ်ကြတဲ့ အားကစားနည်းတစ်မျိုးကိုရိုက်ကူးထားတဲ့ အိန္ဒိယရဲ့ပထမဆုံးလို့တောင်ခေါ်တဲ့ ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အသက်နဲ့လောင်းကြောင်းထပ်ထားရတဲ့ ဒီအားကစားကို ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ကြတာ ကမ္ဘာပေါ်တစ်လွှားမှာ ရေပန်းစားလာခဲ့ပါတယ်။အောင်မြင်ကျော်ကြားလာတဲ့သူတွေအတွက် စပွန်စာနဲ့ ဂုဏ်ဒြပ်ငွေကြေးတွေနောက်ကလိုက်လာတတ်ပေမဲ့ လူမသိသူမသိနဲ့ အသက်ဆုံးရှုံးကြသူတွေလည်း ဒုနဲ့ဒေး။ဒီလိုအားကစားကိုမှ ခုံခုံမင်မင်နဲ့ ရူးသွပ်ပြီး ကြိုးစားနေတဲ့သူတွေထဲမှာ မွမ်ဘိုင်းက ဆစ်ဒူးနဲ့ နီဟာလ်ဆိုတဲ့ ညီကိုနှစ်ယောက်လည်း အပါအဝင်ပေါ့။ညီကိုနှစ်ယောက် အောင်မြင်ဖို့ကြိုးစားရင်းနဲ့ အစ်ကိုဖြစ်သူအသက်ဆုံးရှုံးရချိန်မှာတော့ ပင်စင်စားဖခင်ကြီးက သားငယ်ဖြစ်သူကို ဒီအားကစားကိုစွန့်လွှတ်ဖို့ အကြိမ်ကြိမ်ဖြောင့်ဖြနေခဲ့ပေါ့။ဒါပေမဲ့ ခုံမင်ရူးသွပ်ရတဲ့ ဒီအားကစားကိုမစွန့်လွှတ်နိုင်တဲ့ ဆစ်ဒူးတစ်ယောက် ဘယ်လိုအတားအဆီး အခက်အခဲနဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရမှာလဲ။တစ်ဖက်မှာလည်း ဒီအားကစားကို ဗန်းပြပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေတဲ့ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုကလည်း ရှိနေပြန်ပါရော။ဒီလိုနဲ့ ဆစ်ဒူးတစ်ယောက် ဒီအကြောင်းတရားတွေမှာ ဘယ်လိုပတ်သက်ပါဝင်ရင်ဆိုင်ရမှာလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…3.49GB /1.56GB  Quality…WEB ...
movie

Crakk: Jeetega… Toh Jiyegaa (2024)

2024
Pawankhind (2022) 9.5
Pawankhind (2022) Pawankhind 2022ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ အိန္ဒိယသမိုင်းနောက်ခံစစ်ရာဇဝင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အိန္ဒိယရာဇဝင်မှာနာမည်ကျော်တဲ့ ပါဝမ်ခိုင်စစ်ပွဲအကြောင်းကိုမှတ်တမ်းမှတ်ရာတွေနဲ့ သူတို့ကိုးကွယ်ရာနတ်ဘုရားတွေနဲ့ပတ်သက်တဲ့လူကြီးတွေရဲ့ပါးစပ်ရာဇဝင်တွေ ပေါင်းစပ်ပြီး အချက်အလက်တွေထက်ရသဘက်ကိုဦးစားပေးရိုက်ကူးထားတယ်လို့ဆိုနိုင်ပါတယ်။ဆစ်ဒီဂျိုဟာရဲ့စစ်သည်တော်တွေဟာ ရှီဗာဂျီမာဟာရဂ်ျကို ပန်ဟာလာခံတပ်မှာလပေါင်းများစွာဝန်းရံထားသောကြောင့် အဝိုင်းခံတပ်များကပါးနပ်လှသောညနည်းဗျူဟာများဖြင့် ကြိုးပမ်းရုန်းထွက်ကြပုံကိုပုံဖော်ထားပြီး မာရသာစစ်သည်တော်တွေရဲ့ဘဝကိုအခြေခံရိုက်ကူးထားပါတယ်။Historical/Action/Drama ဖြစ်ပြီးနှစ်နာရီခွဲကြာပေမယ့်ထိုင်ရာမထကြည့်ချင်လောက်အောင် ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားမျိုးဖြစ်လို့လက်မလွှတ်တမ်းကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။  File size…2.9GB / 1.5GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 33min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko
movie

Pawankhind (2022)

2022