Channel Myanmar

Annabel Marshall-Roth

Wog Boys Forever (2022) 5.6
Wog Boys Forever (2022) ဒီတစ်ခါတော့ အော်ဇီ ဟာသကားလေးတစ်ကားလောက် ကြည့်လိုက်ရအောင်ပါ။ အဓိကဇာတ်ကောင်ကတော့ တက်စီဒရိုင်ဘာအဖြစ် အသက်မွေးနေတဲ့ စတိဗ် ဆိုတဲ့သူပါ။ ရိုးရှင်းတဲ့ဘဝနဲ့ တလွဲတချော်ဟာသတွေနဲ့ နေထိုင်သူဖြစ်ပေမဲ့ သူ့ကို လက်စားချေဖို့ အကြီးအကျယ် ကြံစည်နေတဲ့သူကတော့ လဝက ဝန်ကြီး ဖြစ်နေပါတယ်။ လက်စားချေရတဲ့အကြောင်းရင်းကလည်း စတိဗ်ရဲ့ တလွဲတချော်အလုပ်တွေကနေ ဝန်ကြီးရဲ့အမေ နိုင်ငံရေးလောကမှာ လုံးဝရပ်တည်မရလောက်အောင်ဖြစ်သွားတဲ့ ဟာသတစ်ခုကြောင့်ပါပဲ။ ဒီလို ဘဝဆန်ဆန်ဟာသကိုမှ သီချင်းလေး အကလေးတွေနဲ့ အချစ်ရေးလေးပါထည့်ထားတဲ့အခါ ဘယ်လိုဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်...File size…(2.63GB)  / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:49:00 Genre...   Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Phonn Pyae
movie

Wog Boys Forever (2022)

Nitram (2021) 7.2
Nitram (2021) Nitram (2021) =========== IMDb Rating - 7.2/10 , Rotten Tomatoes - 90%1996မှာ ဩစတေးလျက ပေါ့အာသာ သမိုင်း၀င်ဆိုက်မှာ လူ၃၅သေဆုံးပြီး ၂၃ယောက် ဒဏ်ရာရခဲ့တဲ့ အစုအပြုံလိုက် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ လူတစ်ယောက်တည်းကသတ်တဲ့ လူသတ်မှုတွေထဲ ဩစတေးလျသမိုင်းရဲ့ အဆိုး ရွားဆုံးလူသတ်မှုဖြစ်ခဲ့ပြီး ကမ္ဘာ့အဆိုးဆုံးလူသတ်မှုတွေထဲကလည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဩစတေးလျရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကိုလည်း တင်းကြပ်လိုက်ရပါတယ်။ ဒီဥပဒေကို ပြည်သူတွေကလည်း လိုလိုလားလား လက်ခံ လိုက်ကြပါတယ်။ လက်နက်လက်၀ယ်ကိုင်ဆောင်ထားသူ ၆သိန်းလေးသောင်းဆီက ဩစတေးလျအစိုးရဟာ လက်နက်တွေ ပြန်လည်သိမ်းယူ ဖျက်ဆီးခဲ့ပါတယ်။ အဆိုးရွားဆုံး လူသတ်မှုကြီးကို ကြုံထားရတာမို့ ဘယ်ပြည်နယ် ဘယ်နယ်မြေကမှ ဒါကို စောဒက မတက်ခဲ့ကြပါဘူး။ဒီလူသတ်မှုကို ကျူးလွန်ခဲ့တဲ့သူကတော့ Martin John Bryant ဆိုတဲ့ ဩစတေးလျသားပါ။ ဒီပြစ်မှုအတွက် Martinဟာ ၃၅သက်၃၅ကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ထပ်တိုး ၁၆၅၂နှစ်ပါ ချမှတ်ခံခဲ့ရပါတယ်။ဒီရုပ်ရှင်ရဲ့နာမည် "Nitram"ဟာ သူ့နာမည် Martinကို နောက်ပြန်ရေးထားတာပါပဲ။Martinဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ရှိနေသူဖြစ်ပြီး ငယ်စဉ်ကတည်းက ကျောင်းမှာ ကလေးတွေ ...
movie

Nitram (2021)

2021