Channel Myanmar

Annapoorna

Extra Ordinary Man (2023) 7.3
Extra Ordinary Man (2023) Extra Ordinary Man (2023) "တမူထူးတဲ့ ဘူလူ" =====================================အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် IMDb 7.3 ရရှိထားတဲ့ တေလဂူးစကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေး တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ Vikram Vedha ထဲက ရီသိက်လိုလို ပွတ်ရှ်ပါထဲက အာလူးအာဂျွန်လိုလိုဒီဇိုင်းကာလာနဲ့မင်းသားက ဇာတ်လိုက်ဇာတ်ကောင် အာဘီနေးအဖြစ် သရုပ်ဆောင်ထားတာပါ။အာဘီနေးဆိုတဲ့ တက်သစ်စအနုပညာသမားလေးဟာ ငယ်ငယ်ကတည်းက ဇာတ်လိုက်မင်းသားဖြစ်ချင်ခဲ့ပေမဲ့ တချို့ရုပ်ရှင်ကားကြီးတွေရဲ့ ဘက်ဂရောင်းတွေမှာသာ မထင်မရှားပါဝင်ရင်း မင်းသားဖြစ်ဖို့ အခွင့်အရေးကို စောင့်စားနေသူပါ။သူဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကြိုးစားနေရင်း တစ်နေ့မှာ သူဌေးမတစ်ယောက်က သူ့ကိုသဘောကျသွားပြီး ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေးရခါမှ မမျှော်လင့်တာတွေဖြစ်ပျက်ရင်း ဘဝတဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…4.03GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Extra Ordinary Man (2023)

2023
Sarrainodu (2016) 6.6
Sarrainodu (2016) Sarrainodu (2016) IMDb-6.6/10ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် ကားဟောင်းထဲက ကားကောင်းလေးတကားဖြစ်တဲ့ အာလူးအာဂျွန်နဲ့ မင်းသမီးချော မဟာလက်ရှ်မီးတို့ရဲ့ အမှန်တရားဘက်တော်သား အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဘတ်ဂျတ် ရူပီးသန်းငါးရာ အသုံးပြုထားပြီး ရူပီးသန်းထောင့်နှစ်ရာခုနစ်ဆယ်ပြန်ရခဲ့တဲ့ကားတကားလဲဖြစ်ပါတယ်။အိမ်ရဲ့သဲသဲလှုပ်အချစ်ခံရတဲ့ တဦးတည်းသောသားလေးဖြစ်ပြီး အိန္ဒိယစစ်ပြန်ကြီးလည်းဖြစ်တဲ့ ဂါနာက မတရားတာတွေ့ရင် လက်ပါခြေပါနဲ့ဖြေရှင်းတတ်သူတစ်ယောက်။သိပ်ချစ်မိသွားတဲ့ ချစ်သူလေးက ရန်ဖြစ်တာမျိုးမလုပ်ရင် လက်ထပ်ပါမယ်လို့ကတိပေးပြီးတဲ့နောက်မှာတော့။အိန္ဒိယနိုင်ငံတောင်ပိုင်းဝန်ကြီးဖြစ်သူရဲ့သားဟာ သူ့အကျိုးစီးပွားအတွက် အဖေ့အရှိန်အဝါကို အလွဲသုံးစားလူပ်ပြီး မြေတွေယာတွေကိုသိမ်း မကျေနပ်တဲ့လူကို လက်စဖျောက် ပြန်လှန်ဝံ့သူမရှိလောက်တဲ့ထိ ထင်ရာစိုင်းမိုက်မဲနေခဲ့ပါတယ် အနိုင်ကျင့်ခံရတဲ့ လယ်သမားတွေဘက်ကနေပြီး ရပ်တည်ပေးနေတဲ့ သားဖနှစ်ယောက်နဲ့ချစ်သူကိုရန်မဖြစ်တော့ပါဘူးဆိုပြီး ကတိပေးထားတဲ့ဂါယာတယောက် ဝန်ကြီးသားရဲ့မတရားမှုမှာ ပါဝင်လာတဲ့အခါမှာတော့။ အရင်က ဘောလိ၀ုဒ်ကားတွေရဲ့ အရသာကိုတဖန်ပြန်လည်ခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ V~Zwe~Moon~Cherry~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…4.4GB / 2.1GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~Cherry~BpL~Yunn
movie

Sarrainodu (2016)

2016
Custody (2023) 8.1
Custody (2023) Custody(2023) IMDb 8.1/10 Forrest Gump ကို Remake ပြန်ရိုက်ထားတဲ့ Laal Singh Chaddha ထဲမှာ လေတအားပေါတဲ့ စွပ်ကျယ်ချုပ်တဲ့ဆရာကြီး ဘာလာရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ ရဲမှူခင်းဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်း လူနာတင်ကားအတွက် ဝန်ကြီးချုပ်ကားကိုတောင် တားပြီး လူနာတင်ကားကို လမ်းပေးရဲတဲ့ ရဲတပ်သားလေးရှီဗာတယောက် အချစ်ရေးနဲ့ အမှန်တရားကြားမှာ ဗျာများရတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်ထုံးစံအတိုင်းပဲ အမှန်တရားဘက်ရပ်တည်တဲ့အခါ တလောကလုံးနဲ့ကိုယ်တစ်ယောက်တည်း ရင်ဆိုင်တိုက်ပွဲဝင်ရယုံသာမကရာဇဝတ်မှုကျူးလွန်တဲ့သူတွေကလည်း ဟိုလူနဲ့အပိုင် ဒီလူ့တပည့်ပါဆိုပြီး အကာအကွယ်တွေယူ လက်တစ်လုံးခြားတွေလုပ် ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို အမျိုးမျိုးဖိနှိပ်ကြနဲ့ အက်ရှင်ဒရာမာ တရားခွင်စုံနေအောင် ရသစုံခံစားရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် အိန္ဒိယရဲကားကောင်းလေးတွေ ကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကလည်း သရုပ်ဆောင်ကောင်းကောင်း rating ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ ရသစုံခံစားရမှာဖြစ်လို့ ကြည့်ရှုအားပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Sai,chiclon3,Thaik San,Bpl,Yunni,Zwe တို့ပဲ ဖြစ်ပါတယ်) File size…10.5GB / 3.45GB / 1.4GB Quality…4k HEVC / 1080p WEBDL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~chiclon3~Thaik San~Bpl~ Yunni~ Zwe ...
movie

Custody (2023)

2023
4K HEVC
Krishna Vrinda Vihari (2022) 8.0
Krishna Vrinda Vihari (2022) Krishna Vrinda Vihari (2022)အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ Chalo (2018) ကားမှာ ရက်ရှမီးကားမန်ဒါနားနဲ့အတူတွဲရိုက်ခဲ့တဲ့ တေလဂူမင်းသားချောလေး နာဂရှော်ရီယားရဲ့ရိုမန့် ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးက အချစ် အိမ်ထောင်ရေးနဲ့ မိသားစုအကြောင်း ဇာတ်အိမ်တည်ထားတယ်ဆိုရင် မမှားနိုင်လောက်ပါဘူး..ခုခေတ်လူငယ်တော်တော်များများကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ...ခရစ်ရှနားဟာ ရှေးရိုးစွဲမိသားစုက ဆင်းသက်လာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အမဆို ယင်မတောင် မသမ်းဖူးတဲ့ ကောင်လေးတစ်ယောက်ပေါ့..ရွာမှာ အမေဖြစ်သူက ဩဇာညောင်းတော့ သားဖြစ်သူကို မိန်းကလေးတွေကတောင် စေ့စေ့မကြည့်ရဲကြဘူး..ဗရင်ဒါးကတော့ မြို့သူတစ်ယောက်ဖြစ်ပြီး ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တဲ့သူ...သူ့မိသားစုကလည်း မော်ဒန်ဘဝကို ဖြတ်သန်းနေတဲ့မိသားစုခရစ်ရှနားဟာ ဗရင်ဒါးကို ချစ်ကြိုက်သွားတဲ့အခါ...။သူတို့နှစ်ယောက် အဆင်ပြေလာပါ့မလား...ဖြတ်သန်းလာတဲ့ ဘဝချင်းကလည်းမတူ မိသားစုအခြေအနေကလည်းမတူတဲ့အတွက် သူတို့မိသားစုတွေကရော အဆင်ပြေပါ့မလား...သူတို့ဘဝရဲ့ခရီးကြမ်းတွေနဲ့အတူ ပွင့်ချပ်နှစ်ရွက်ပေါင်းမှ တစ်ရွက်ဖြစ်လာနိုင်တဲ့ စွယ်တော်ရွက်လေးလိုပဲ နှစ်ကိုယ့်စိတ်တူဖြစ်လာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။ File size…2.16GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Jerrica ~ OeliuJ
movie

Krishna Vrinda Vihari (2022)

2022
F3: Fun and Frustration (2022) 5.1
F3: Fun and Frustration (2022) ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။  File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni
movie

F3: Fun and Frustration (2022)

2022
Gaddalakonda Ganesh (2019) 5.9
Gaddalakonda Ganesh (2019) Gaddalakonda Ganesh 2019ဒီတစ်ခေါက်မှာတော့ ၂၀၁၉ မှာ ထွက်ရှိထားတဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်အဟောင်းဒါပေမဲ့ရွှေဆိုသလိုပဲ ရုံဝင်ငွေ ၄၂.၅ ကုဋေထိရရှိထားတာမလို့အားလုံးကြည့်ရကျိုးနပ်စေမဲ့ကားလေးဖြစ်မှာ အသေအချာပါပဲဒါဆိုရင် အညွှန်းလေးကို ဖတ်ကြည့်လိုက်ရအောင်ရုပ်ရှင်ကို ဝါသနာကြီးတဲ့ကောင်လေးတစ်ယောက် သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်အတွက်လူဆိုးဂန်စတားတစ်​ယောက်ရဲ့ ဘဝအ​ကြောင်းကို ရိုက်ကူးဖို့ ကြံစည်ရာကနေရက်စက်ကြမ်းတမ်းလှတဲ့ ဂန္ဒလကွန်ဒါဂန္နီချ်အကြောင်း ရိုက်ကူးဖို့အကြောင်းဖန်လာပါတော့တယ်သူငယ်ချင်းနှစ်ယောက် အသက်ကိုဖက်နဲ့ထုတ်ပြီး ကျားခံတွင်းထဲဝင်သလိုမျိုး ဂန္နီချ်ဘဝဇာတ်​ကြောင်းကိုသိရှိဖို့ကြိုးစားရာကနေပြီးတော့ ဘာတွေဆက်ဖြစ်ကြမလဲ....လူဆိုးဂန်းစတား ဂန္နီချ်ကရော ရုပ်ရှင်ရိုက်ကူးဖို့ သဘောတူမှာလား....ဂန္နီချ်ရဲ့ ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မှာလဲ ဘယ်လိုမျိုးတွေကြုံတွေ့ခဲ့ရလဲ...တက်သစ်စဒါရိုက်တာလေးကရော အချစ်ကိုဘေးဖယ်ထားပြီးအာရုံစိုက်ထားတဲ့ ပွဲဦးထွက်ရုပ်ရှင်ကရောအောင်မြင်မှာလား....ဆိုတာအားလုံး စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်  File size…2.7GB / 1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Shwe Pwint ~ Shwe Pyae ~ Haruko
movie

Gaddalakonda Ganesh (2019)

2019
Zombie Reddy (2021) 6.9
Zombie Reddy (2021) Zoombie Reddy (2021)အိန္ဒိယ ဇွန်ဘီကားတဲ့ဗျ။ သည်းထိတ်ရင်ဖို Thriller တွေလူကြိုက်များလာတဲ့နောက်ပိုင်းမှာ အိန္ဒိယကလည်း လူကြိုက်များတဲ့genre တစ်ခုကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ပုံပဲဗျ။ ဒါပေမယ့် ဒီရုပ်ရှင်ကတော့ဟာသဘက်ကို နှောပြီး ရီရီမောမောကြည့်ရမယ့် ပုံစံမျိုးပါ။မာရီယိုဆိုတဲ့ ဂိမ်းတွေရေးတဲ့ programmer တစ်ယောက်က သူထွင်ထားတဲ့ဂိမ်းပေါက်ခါနီးမှ error တက်တယ်ပေါ့ဗျာ။ ဒီတော့ ကုဒ်ရေးတဲ့ ဘော်ဒါကြီးကလည်းနှစ်ချို့ တစ်ကိုယ်တည်းသမားကြီး။ ကံကောင်းချင်တော့ ရည်းစားရပြီးချက်ချင်းမင်္ဂလာဆောင်ဖို့ ရာရ်လာဆီမာဆိုတဲ့မြို့ကို ရောက်နေတာပေါ့။ရာရ်လာဆီမာဆိုတဲ့မြို့က ဂိုဏ်းကြီးတွေ ကြီးစိုးပြီးမင်းမူနေတဲ့မြို့ဗျ။ဒီတော့ မာရီယိုတို့အုပ်စု မင်္ဂလာဆောင်သွားရင်း ဂိုဏ်းနှစ်ဂိုဏ်းရန်ပွဲကြားကမြေစာပင်ဖြစ်တော့တာပေါ့။ အဲဒီအပြင် အိန္ဒိယမှာ ကိုရိုနာကပ်ဘေးလည်းဖြစ်နေတဲ့ကာလ။ စိတ်ရူးပေါက်နေတဲ့ ဆရာဝန်အဖိုးတစ်ယောက်ကကိုဗစ်ကာကွယ်ဆေး ဖော်ရင်း ကျရှုံးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ဇွန်ဘီတွေကို မွေးထုတ်မိကုန်တော့ပေါ့။အဲဒီနောက်မှာတော့ ရာရ်လာဆီမာဆိုတဲ့မြို့မှာ ဖရိုဖရဲတွေဖြစ်၊ ဇွန်ဘီတွေကတစ်မျိုး၊လူမိုက်တွေတစ်မျိုး ယောက်ယက်ကိုခတ်ပြီး အကုန်အလွဲလွဲအချော်ချော်တွေပေါ့။ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ပုံစံမျိုးမို့ ခဏတာအပန်းဖြေဖို့ မဆိုးလှတဲ့ဇာတ်ကားလို့ညွှန်းရင်းChannel Myanmar မှာ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။  File size…4GB / 1.4Gb ...
movie

Zombie Reddy (2021)

2021
Seetimaarr(2021) 6.8
Seetimaarr(2021) ကာသီ (Gopichand) ဟာရာဂျာမွန်ဒရီအနီး ကာဒီယမ်ရွာကဘဏ်မှာအလုပ်လုပ်ပြီး တစ်ဖက် အမျိုးသမီးကာဘာဒီအဖွဲ့တစ်ဖွဲ့ကို နည်းပြလုပ်ပေးနေပါတယ်။သူ့ကျေးရွာကာဘာဒီဖွဲ့ကနေ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ကိုယ်စားပြုပြီးနိုင်ငံတော်ကာဘာဒီချန်ပီယံဆုကိုရရှိဖို့က သူ့အိမ်မက်ပဲဖြစ်ပါတယ်။သူနဲ့ သူ့အဖွဲ့ဟာ ဆီမီးဖိုင်နယ်ပွဲအတွက်မြို့တက်လာချိန်မှာ တစ်ချိန်က ကျောင်းတော်ကရန်စဟောင်းဂျဝါလာရက်ဒီ (Tamannaah) ကလဲ တယ်လန်ဂနာပြည်နယ်ကကာဘာဒီအဖွဲ့နည်းပြအဖြစ်ပြန်တွေ့ရပါတော့တယ်။အဲ့ဒီအချိန်မှာမှ ကိုယ်ရေးကိုယ်တာအငြိုးအတေးတစ်ခုအတွက်သူ့အဖွဲ့ကို လူဆိုးဂိုဏ်းက ပြန်ပေးဆွဲသွားတဲ့အချိန်မှာတော့ကာသီတစ်ယောက် အစွမ်းကုန်ကြိုးစားကယ်တင်ဖို့ဖြစ်လာခဲ့ပါတယ်။Seetimaarr ဟာပေါ့ပေါ့ပါးပါးနဲ့ ဖျော်ဖြေရေးအသားပေးပွဲတော်ချိန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဖျော်ဖြေရေးကားထုံးစံအတိုင်း သီချင်းကောင်းကောင်းတွေ၊မင်းသမီးအမိုက်စားတွေ၊ အက်ရှင်ခန်းအလန်းကြီးတွေနဲ့တင်ဆက်ထားတာဖြစ်ပြီးဇာတ်လမ်းဇာတ်အိမ်ဘက်မှာလဲ မလျော့တဲ့ဇာတ်ကားတစ်ကားဖြစ်သလိုမြန်မာပရိသတ်နဲ့ရင်းနှီးတဲ့ ဘာဟူဘာလီ မင်းသမီး Tamannaah,Jalebi မင်းသမီး Digangana နဲ့ Bhumika Chawla တို့လိုအလှပဂေးမင်းသမီးသုံးယောက်တောင်ပါဝင်ထားပါတယ်။File size…2.14GB / 1.31GB Quality…1080p WEB DL DDP5.1 / 720p Format…Mp4 Duration….2h 19mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alias & Sai ThuRein Lynn
movie

Seetimaarr(2021)

2021
Maharshi (2019) 8.0
Maharshi (2019) IMDb Rating - 7.9/102018မှာ ဝန်ကြီးချုပ်ဇာတ်ရုပ်နဲ့ မြင်တွေ့ခဲ့ရတဲ့မာဟေ့ရှ်ဘာဘူကို Maharahi-2019မှာတော့ ဇာတ်ရုပ်အမျိုးမျိုးနဲ့ တွေ့မြင်ရမှာပါ။မင်းသမီးချောကတော့ တေလဂူးအချစ်ဇာတ်လမ်းကြိုက်သူတွေ သိပြီးသားဖြစ်မှာပါ။ဇာတ်ရုပ်အမျိုးမျိုးနဲ့ အတူ ခွန်အားတွေ၊ရသတွေကိုလည်းပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး။ဇာတ်လမ်းက ရှည်လျားပေမဲ့ဘယ်နေရာမှာမှ ပိုနေတဲ့ ဇာတ်ဝင်ခန်း မတွေ့မိပါဘူး။ကဲ အဆင်ပြေရင် အညွန်းလေး တစ်ချက် လာမယ်။ ---------------------------------------------------မာဟေ့ရှ်ကို ဇာတ်လမ်းရဲ့ စစချင်းမှာနာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့စီအီးအိုအဖြစ်ရွေးချယ်ခံရတယ်ဆိုတာတွေကို ရှေးဦးစွာမြင်ရမှာပါ။သူဟာ ဒီလို ဘဝရောက်ခဲ့ဖို့ ကြိုးစားခဲ့ရတဲ့အခြေခံဘဝကလည်း ဆိုးရွားခဲ့ပါတယ်။ဒါကြောင့်လည်း သူ ဖြစ်ချင်ခဲ့တာကို ကြိုးစားပြီးဖြစ်ခွင့်ရခဲ့တာပါ။ကျောင်းသားဘဝမှာ လွမ်းဆွေးစရာတွေ၊ပြန်မရနိုင်တဲ့ သူငယ်ချင်းကောင်းတွေ၊အချစ်ရေးတွေနဲ့။ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့။မိသားစုဖက်မှာဆိုရင် ပြန်တောင်းလို့မရနိုင်တော့တဲ့ နောင်တတွေနဲ့။ဒါပေမဲ့ သူ.. အောင်မြင်မှုတစ်ခုတည်း အတွက်ဘဝကို ရုန်းကန်လာတဲ့အခါလက်လွှတ်ခဲ့ရတာတွေလည်း အများသား။အောင်မြင်တယ်ဆိုတာကို ငွေတစ်ခုနဲ့ပဲ ဆုံးဖြတ်ကြတာလား ... ။အဖက်ဖက်မှာ အောင်မြင်ဖို့ဆိုတာလည်းသူ့အတွက် မလွယ်လှ။မိဘ...၊ ချစ်သူ...၊ သူငယ်ချင်း..၊ အောင်မြင်မှုဘာတွေဟာ အရေးပါခဲ့လဲ သူမသိခဲ့။အတိတ်ကို ပြန်တွေးရင် တွေးလေ ဆွေးစရာတွေနဲ့ပဲပြည့်နေတဲ့ သူ့ရဲ့ အောင်မြင်မှု၊ဖြစ်သင့်တာကို ဦးစားပေးရင်ဖြစ်ချင်တာကိုလည်း ...
movie

Maharshi (2019)

2019
Geetha Govindam (2018) 8.0
Geetha Govindam (2018) အိန္ဒိယကားကောင်းကောင်းလေးတွေ တောင်းတနေတဲ့ ပရိသတ်တွေအတွက်အလန်းစား တောင်ပိုင်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်Hello (2017), Hello Guru Prema Kosame (2018) တို့လို Drama, Romance ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူးမင်းသားကလည်း လောလောလတ်လတ် CM ကတင်ပေးထားတဲ့ Taxiwaala ထဲကမင်းသားချော Vijay Deverakona ပဲဖြစ်ပါတယ်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလိုမဟုတ်ဘဲ အိုဗာအက်တင်တွေ လုံးဝကင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါဇာတ်လမ်းလေးကတော့ ငယ်ငယ်ကတည်းက မိခင်ဆုံးပါးသွားလို့ အဖေတစ်ယောက်တည်းရဲ့ အုပ်ထိန်းမှုဖြင့်ကြီးပင်းခဲ့တဲ့ ဗီဂျေး အသက်ရွယ် ၂၅ နှစ်အရွယ်လူပျိုတစ်ယောက်မိန်းကလေးတွေနဲ့ပတ်သတ်ရင် ဘာအတွေ့အကြုံမှမရှိဘဲ ရည်းစားရဖို့နေနေသာသာမိန်းကလေးတစ်ယောက်ကိုတောင် မပိုးမပမ်းတတ်သူတခြားသူတွေနဲ့မတူဘဲ အိမ်ထောင်ရေးနဲ့ပတ်သတ်လို့အချစ်ရေးနဲ့ပတ်သတ်လို့ဇနီးမယားဆိုတဲ့အရာနဲ့ပတ်သတ်လို့ စိတ်ကူးယာဉ်ဆန်လွန်းသူငါသာ ရည်းစားထားရင် ဘယ်မိန်းကလေးမျိုးနဲ့မှအိမ်ထောင်ပြုရင် ဘယ်လိုမိန်းကလေးကိုပဲ အိမ်ထောင်ပြုမှာ စဖြင့်ရှေးဆန်တဲ့အတွေးအခေါ်တွေ တပြုံတပိုက်နဲ့ဘယ်လောက်ထိ မိန်းကလေးတွေနဲ့ပတ်သတ်ပြီး အတွေ့ကြုံနည်းလဲဆိုရင်စိတ်ဝင်စားလို့ ၆ လလောက်ပတ်လိုက်ခဲ့တဲ့ မိန်းကလေးက အိမ်ထောင်သည်ဖြစ်နေမှန်း မသိရှာဘူးအဲ့လောက်ထိအဲ့ဒိလို ဗီဂျေးတစ်ယောက် တနေ့မှာ အင်မတန်ချစ်ရမယ့် ဂီသားဆုတဲ့မိန်းကလေးနဲ့ဆုံစည်းခဲ့ပါတယ်သူ့ရဲ့အလွဲလွဲအချော်ချော်တွေနဲ့ အယူအဆတွေနဲ့ ဂီသားနဲ့ ...
movie

Geetha Govindam (2018)

2018
F2: Fun and Frustration(2019) 7.1
F2: Fun and Frustration(2019) F2: Fun and Frustration(2019) IMDb...7.1 ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က စာအုပ်တစ်အုပ်မှာ ယောကျာ်းကောင်းတွေက မိန်းမကြောက်ကြတယ်လို့ရေးဖူးတယ်..... မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ ယောက်ျားအားလုံးနီးပါး မိန်းမကြောက်ကြပါတယ်... ဒီကုလားကားကတော့ မိန်းမစိတ်ကိုနားလည်ဖို့ကြိုးစားကြတဲ့ မယားညီအစ်ကိုနှစ်ကောင်နဲ့ သူ့တို့မိန်းမတွေ အကြောင်းပေါ့။ ယေဘုယျဆန်ဆန်ပြောရမယ်ဆိုရင် ဒီကားထဲက ညီအကို(၂)ယောက်ဟာ ယောင်္ကျားထုအားလုံးကို ကိုယ်စားပြုပြီး မိန်းကလေး(၂)ယောက်ကတော့ မိန်းမထုအားလုံးကို ကိုယ်စားပြုနေပါတယ်... အချို့ ကုလားကားတွေလို Over actionတွေမပါတဲ့အပြင် Over actionတွေကို သရော်သွားပြီး သမီးရည်းစားအနေအထား အိမ်ထောင်သည်အနေအထား နှစ်ဘက်မိဘဆွေမျိုးတွေကိုပတ်သက်ရတဲ့အနေအထားအားလုံးကို ပညာသားပါပါလေးနဲ့ ဟာသလေးတွေစွက်ပြီး ပြသွားပါတယ်.... မိန်းမနိုင်ဖို့ကြိုးစားနေတဲ့သူတွေအဖို့ ရှောင်ရန်ပညာလေးတွေရနိုင်သလို မိန်းမကြောက်ရသူတို့အဖို့ ငါတို့သည် ယောင်္ကျားသားများသာလို့ ခပ်တည်တည်တွေးရမယ့် ကားလေးပါ.. အမျိုးသမီးတို့အဖို့တော့ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ နိယာမကို ဘယ်သူကများ တွန်းလှန်နိုင်ပါ့မလဲလို့ ပီတီဟန်တွေအပြည့်နဲ့ ပြုံးနိုင်မယ့်ကားဆိုပါတော့... ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောပျော်ရွှင်ရသလို ပညာလည်းရတဲ့ ကောင်းလည်းကောင်းတဲ့ ကုလားကားတွေမှ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်ကြပါလို့ တိုက်တွန်းအပ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ အိမ်ထောင်မကျသေးတဲ့ WiRa Aung ပဲဖြစ်ပါတယ်... File Size : (1.24GB) and (400 MB) Quality : WEB-DL 720p, Format…mp4 Duration…02:28:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by WiRa Aung Encoded ...
movie


2019