Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anne Howells
8.3
Amadeus (1984)
Amadeus (1984)[Unicode]အနုပညာတကာတို့ထဲမှာ ဂီတအနုပညာဟာ လူ့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်စွမ်းအရှိဆုံးအရာပါပဲ ။မိုးဇတ်ဆိုတာကတော့ ဂီတသမားတွေထဲ ပါရမီအထူးဆုံး အကျော်ကြားဆုံးတစ်ယောကပါ ၊ ဒီရုပ်ရှင်က မိုးဇတ်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။တစ်ရံတရာအခါတုန်းက ဝို့လ်ဖန် အာမာဒပ်စ် မိုးဇတ်လို့အမည်တွင်တဲ့ လူငယ်ကလေးတစ်ယောက်ရှိခဲ့ပါတယ် ၊ မိုးဇတ်ဟာ ဂီတအနုပညာနဲ့ပက်သက်ရင် အတော် ပါရမီကောင်းတဲ့ သူပါ ၊ အသက်လေးနှစ်မှာ စန္ဒားရားကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တဲ့အပြင် လေးနှစ်အရွယ်မှာ သီချင်းတစ်ပုဒ်စရေးခဲ့ပါတယ် ။သူ့ခေတ်သူ့အခါရဲ့ အနုပညာမြို့တော် ဗီယင်နာရဲ့ ဘုရင်ဟာ နာမည်ကျော် ဝို့လ်ဖန်း အမန်ဒပ်စ် မိုးဇတ်ကို သူ့ရဲ့ နန်းတော်ကို ဖိတ်ခေါ်ခဲ့ပါတယ် ၊ ပညာတော်သလောက် အနေမတော်တဲ့ မိုးဇတ်ဟာ စကားအပြောတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး ။ ဘုရင်နဲ့ သူ့ဂီတမှူးတွေက ဂီတကို ချစ်တတ်ပေမဲ့လည်း မိုးဇတ်ရဲ့ ဂီတတွေရဲ့ ပြည့်စုံမှုကို ခံစားနိုင်စွမ်းမရှိကြတာကလည်း မိုးဇတ်နေရာမရခဲ့တဲ့ အကြောင်းတစ်ကြောင်းဖြစ်ခဲ့ပါတယ်။မိုးဇတ်ရဲ့ ဂီတတွေဟာ ပရိတ်သတ်လက်ခံအားပေးမှုနောက်ကို ဘယ်တော့မှ မလိုက်ခဲ့ပါဘူး ၊ ...
movie
Amadeus (1984)