Channel Myanmar

Anne Müller

Baghead (2024) 5.5
Baghead (2024)  ဇာတ်လမ်းကို စဖွင့်ထားတာကတော့ နေစရာမရှိလို့သူငယ်ချင်းနဲ့အကူအညီကို ရယူနေရတဲ့ အိုင်းရစ်စ် ဆိုတဲ့အိမ်ခြေရာမဲ့ကောင်မလေးနဲ့ပါ...တစ်နေ့မှာတော့ သူ့အဖေ ဆုံးသွားလို့ အလောင်းကိုအတည်ပြုပေးဖို့ဆိုပြီး အဆက်အသွယ်ရလာပါတယ်...နေစရာမရှိတဲ့အချိန်မှာ သူ့အဖေရဲ့ ပိုင်ဆိုင်မှုဆိုတာကိုကြည့်လိုက်တော့ အရက်ဆိုင်ဖွင့်ခဲ့တဲ့ ရှေးဟောင်းအဆောက်အဦကြီး ဖြစ်နေပါတော့တယ်...အဲဒါကြောင့် ဝမ်းသာအားရနဲ့ မကြာခင်မှာတင် သူ့အဖေရဲ့အရက်ဆိုင်ဟောင်းမှာ စနေဖြစ်ခဲ့ပါတယ်။သူမသိခဲ့တာက အမွေလွှဲပြောင်းစာချုပ်မှာဒီအဆောက်အအုံကို လက်လွှဲယူပါတယ်ဆိုပြီးလက်မှတ်ထိုးမိလိုက်တာနဲ့ ပြန်လှည့်လို့မရတဲ့လမ်းကိုလျှောက်ပြီးသား ဖြစ်သွားပြီဆိုတာပါပဲ...အဲဒါရဲ့ အကြောင်းရင်းကတော့ အဆောက်အအုံကြီးအပြင်မြေအောက်ခန်းမှာ ရှိနေတဲ့ ကျိန်စာသင့် စုန်းမတစ်ကောင်ကိုပါလက်လွှဲယူပြီးသား ဖြစ်နေလို့ပါပဲ...ဒီစုန်းမမှာ သေပြီးသားလူတွေကို ခဏတာ ပြန်ခေါ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်...အဲဒါကို တလွဲဆံပင်ကောင်း အသုံးချခဲ့တဲ့လူတွေကတော့ဇာတ်သိမ်းမလှခဲ့ကြပါဘူး..ဒါတွေကို တစ်ခုမှ မသိသေးတဲ့ အိုင်းရစ်စ်က ညဘက်ကြီးဆိုင်ကို အသံမပေးဘာမပေး ဝင်လာပြီး ဒေါ်လာ ၄၀၀၀ အထိကမ်းလှမ်းကာ မြေအောက်ခန်းကမိန်းမနဲ့ တွေ့ချင်လို့ပါလို့ပြောလာတဲ့ နေးလ် ဆိုတဲ့ ယောကျ်ားတစ်ယောက်နဲ့တွေ့အပြီးမှာတော့ သူ့ဘဝကြီးက သိသိသာသာစတင်ပြောင်းလဲဖို့ဖြစ်ပါတယ်...ချစ်ရတဲ့ ဆုံးပါးသွားသူတွေနဲ့ ပြန်တွေ့ဆုံပြီးစကားလက်ဆုံပြောဖို့ဆိုတာ လူတိုင်းအတွက်အင်မတန်ရခဲတဲ့ အခွင့်အရေးကောင်းတစ်ခုပေမဲ့အဲဒီနောက်ကွယ်မှာ ဘာတွေကို ပေးဆပ်လိုက်ရမလဲဆိုတာတော့... File size…963MB / 442MB Quality…WEB-DL 1080p ...
movie

Baghead (2024)

The Perfumier (2022) 4.0
The Perfumier (2022) The Perfumier (2022) ==================အကြည်ဓာတ်ရဖို့ လရောင်ခံတာတို့ spell jar ဆောင်တာတို့ဆိုတာ ဒီဇာတ် ကားထဲက ရေမွှေးနဲ့ ယှဉ်ရင်တော့ ပါမွှားလေးပါပဲ။ ဆန်နီ ဆိုတဲ့ မှုခင်းဌာနက ရဲမေတစ်ဦးဟာ ငယ်စဉ်ကတည်းက ဘယ်အနံ့ကိုမှ မခံစားရတဲ့ အနံ့ပျောက် နေတဲ့သူတစ်ဦးပါ။ သူမမှာ ယူရို ဆိုတဲ့ ကလေးနှစ်ယောက်အဖေ အိမ်ထောင်သည် ချစ်သူစုံထောက်တစ်ယောက်လည်း ရှိပါသေးတယ်။ဒိုရီယန်ကတော့ ဘယ်အနံ့မဆို ခွဲခြားသိနိုင်ပြီး ထူးခြားတဲ့ အနံ့ခံစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ရေမွှေးတီထွင်သူ တစ်ဦးပါ။ အချစ်ရေမွှေး လို့ခေါ်တဲ့ စွတ်လိုက် တာနဲ့ အားလုံးက တန်းတန်းစွဲဝိုင်းချစ်ကြမယ့် ရေမွှေးကို တီထွင်ဖို့အတွက် မိန်းမငယ်လေးတွေကို သတ်ဖြတ်ပြီး အနံ့ဂလင်းန်တွေကို ဖြတ်ထုတ်ယူတာ သူ့ရဲ့အလုပ်ပါပဲ။ဆန်နီတစ်ယောက် ဒိုရီယန်ရဲ့ ပြစ်မှုတွေကို ဖော်ထုတ်ဖို့ လိုက်လံကြိုးစားရင်း Sex perfume ဆိုတဲ့ ရမ္မက်ရေမွှေးကို အမှတ်မထင်ရရှိသွားပြီးနောက် သူမ ဘာဆက်လုပ်မလဲဆိုတာကတော့ ဇာတ်သိမ်းထိ စောင့်ကြည့်ရမှ သိရပါလိမ့်မယ်။ 21st September, 2022 မှာ Netflix ကနေ ထွက်ရှိလာတဲ့ psychological drama, crime ...
movie

The Perfumier (2022)

2022