Channel Myanmar

Anne Paulicevich

The Girl with a Bracelet (2019) 6.6
The Girl with a Bracelet (2019)  ဒီတစ်ခါမှာတော့ The Girl With A Bracelet ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့လစ်ဆီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ သူမမိသားစုနဲ့အတူ ကမ်းခြေမှာဆော့ကစားပျော်ပါးနေတုန်း ရဲတွေရောက်လာပြီး သူမကိုဖမ်းခေါ်သွားပါတယ် ဖမ်းခေါ်သွားရတဲ့အကြောင်းကတော့ သူမရဲ့သူငယ်ချင်း ဖလော်ရာတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရတဲ့ကိစ္စမှာ သူမကိုသံသရှိသူအဖြစ်ဖမ်းဆီးသွားကြတာပါ ဒီလိုနဲ့သူမဟာတရားရင်ဆိုင်ရပါတယ် ဒီအမှုကိုစစ်ဆေးလာတာ နှစ်နှစ်ကျော်လောက်အထိ ပြစ်ဒဏ်မချရသေးသလို သက်သေတွေလည်းအတိအကျဘာမှမရှိသေးပါဘူးအဲဒါကြောင့် တရားခွင်မှာ သူမရဲ့သူငယ်ချင်းတွေ မိသားစုတွေ အားလုံးကို မျက်မြင်သက်သေအဖြစ်ရုံးခေါ်စစ်ဆေးမေးမြန်းပါတော့တယ် အဆုံးသတ်မှာ ဖလော်ရာကို သတ်တဲ့တရားခံကဘယ်သူလဲ တကယ်ပဲလစ်ဆီကသတ်ခဲ့တာလား........သတ်ရတဲ့အကြောင်းရင်းကရော...... ဒါမှမဟုတ် အခြားတစ်ယောက်ကပဲသတ်ခဲ့တာလား......ဒီဇာတ်ကားလေးထဲမှာ တရားခွင်ကိုပဲ အဓိကထားရိုက်ကူးသွားပြီး ဖလော်ရာနဲ့လစ်ဆီတို့​သူငယ်ချင်းနှစ်ယောက်မှာ ဘာပြဿနာတွေရှိခဲ့ကြလဲ ရဲတွေကရော ဘာကြောင့် သူမကိုပဲသံသယဝင်နေတာလဲဆိုတာ ကြည့်ရှူရမှာပါ File size…(1.45 GB)/(738 Mb) Quality….BluRay 1080p / 720p Format…mp4 Duration….01:35:00 Genre...Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

The Girl with a Bracelet (2019)

JCVD(2008) 7.0
JCVD(2008) JCVD(2008)***********jcvd ဆိုတာက ဗန်ဒိန်းလို့ကျွန်တော်တို့သိကြတဲ့ အက်ရှင်မင်းသားကြီးJean-Claude Van Dammeရဲ့အတိုကောက်ပါ။ ဒီကားဟာဆိုရင်သူ့ရဲ့အခြားအက်ရှင်ကားတွေလိုမဟုတ်ဘဲ မင်းသားကြီးရဲ့လက်တွေ့ဘဝတွေ၊ခံစားချက်တွေ၊ သူဖော်ပြချင်တဲ့ သူ့ရဲ့ကိုယ်ပိုင်ဒုက္ခတွေကိုတင်ဆက်ထားတာပါ။ ဇာတ်လမ်းအစမှာဆိုရင် မင်းသားကြီးဗန်ဒိန်းရဲ့ ကလေးအုပ်ထိန်းခွင့်တရားရင်ဆိုင်ပြီးရှုံးနိမ့်တာတွေမြင်ရမှာပါ၊ သူ့ရဲ့ရုပ်ရှင်တွေက အက်ရှင်ကားတွေဖြစ်တာကြောင့် သမီးဖြစ်သူက ကျောင်းမှာ လှောင်ခံပြောင်ခံရလို့ ဖေဖေနဲ့အတူနေဖို့မ‌ရွေးချယ်ပါဘူးလို့ တရားရုံးမှာထွက်ဆိုခဲ့တာပါတဲ့။ ဒီလိုနဲ့တရားခွင်မှာရှုံးနိမ့်ပြီး ဘယ်လ်ဂျီယံကိုပြန်လာခဲ့တော့လည်း ပြည်ပမှာအနေကြာသွားတဲ့အတွက်ATMကငွေထုတ်မရ၊ ငွေလည်းအဆင်မပြေဖြစ်ရပြန်ပါတယ်၊ ငွေလွှဲယူဖို့အတွက် ဘဏ်ကိုအသွားမှာပဲ ဓားပြတိုက်မှုတစ်ခုထဲပါသွားပါတော့တယ်၊ ဒါပေမယ့် အက်ရှင်ကားတွေထဲကလိုတိုက်ခိုက်ဖြေရှင်းမှာမျိုးမဟုတ်ဘဲမင်းသားကြီးရဲ့လက်တွေ့ဘဝထဲကပုံစံအတိုင်းပဲဖြေရှင်းသွားမှာဖြစ်ပါတယ်။ တကယ့်ကိုလက်တွေ့ဆန်တဲ့ရုပ်ရှင်ပါပဲ။ အက်ရှင်မင်းသားလည်း သာမန်လူတစ်ယောက်ပါပဲ၊သူလည်း ကမ္ဘာကြီးအတွက်ပြန်အကျိုးပြုချင်တယ်ဆိုတာမျိုးကိုမြင်တွေ့ရမယ့် ကားကောင်းလေးပါပဲ။File Size :(2.1GB)(904 MB) and (313MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:37:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

JCVD(2008)