Channel Myanmar

Annica Liljeblad

Feed (2022)
Feed (2022)   အခုတစ်ခေါက်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်က တော့သွေးထွက်သံယို အကြမ်းပတမ်းကြိုက်သူ တွေအတွက်နောက်ဆုံးအချိန်အထိ ရင်တမမကို ကြည့်ရမယ့်ဇာတ်ကားဖြစ်မျိုးပါတယ်ဇာတ်လမ်း အကျဉ်းကတော့ ဆိုရှယ်မီဒီယာဆယ်လီတစ်စုက နယ်ခံသရဲဇာတ်လမ်းဗီဒီယိုတစ်ခုရိုက်ကူးဖို့ကျွန်းတစ်ခုကိုအလည်အပတ်သွားခဲ့ကြတယ်။ ဒေသခံတွေရဲ့စကားအရ ‌ကျွန်းရဲ့ရေထဲမှာအဆုံးစီရင် သွားတဲ့ စုန်းမတစ်ကောင်ရှိတယ်ဆိုကြပါတယ်။အစပိုင်းမှာ မှာအယုံအကြည်မရှိခဲ့ကြပေမဲ့ အထူးအဆန်းတွေဆက် တိုက်ကြုံလာရတဲ့ ဆယ်လီတသိုက် အသက်ရှင်လျက် ကျွန်းကထွက်နိုင်ဖို့အသက်လုကြိုးစားရာမှာတော့ အောင်မြင်နိုင်မလား မအောင်မြင်ဘူးလားဆိုတာ....... File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yanni
movie

Feed (2022)

A Day and a Half (2023) 6.0
A Day and a Half (2023)  ဆွီဒင်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့ရှိ ဆေးရုံတစ်ရုံကို ဒေါသထွက်နေတဲ့လူတစ်ယောက် ရောက်လာပြီး ဆေးရုံဝန်ထမ်းဖြစ်တဲ့ သူ့မိန်းမနဲ့တွေ့ခွင့်တောင်းပါတယ်။ ကောင်တာက အမျိုးသမီးဖြစ်သူစောင့်ခိုင်းတာတောင်စိတ်မရှည်ဖြစ်လာပြီး ထိုသူဟာ သေနတ်နဲ့ ထုတ်ချိန်ပြီး သူ့မိန်းမကိုအတင်းအကြပ်ခေါ်ခိုင်းပါတော့တယ်။ အဲဒီ နောက် ရဲတွေရောက်လာချိန်မှာတော့ သူ့မိန်းမကို ပြန်ပေးဆွဲပြီးဓါးစာခံလုပ်ပါတော့တယ်။ ဒီလူ အခုလိုဆေးရုံမှာ အတင်းပြန်ပေးဆွဲတာကဘာကြောင့်လဲ၊ သူ ဒေါသထွက်စရာအကြောင်းကရော တကယ်ဒေါသထွက်စရာလား၊ သူ့ မိန်းမကိုရော သူဘာလုပ်ပစ်မှာလဲ ဆိုတာကိုစိတ်ဝင်စားစရာရိုက်ကူးထားပါတယ်။ အစပိုင်းမှာ ဒီလိုလုပ်ရပ်ကိုရှုတ် ချစရာဖြစ်ခဲ့ပေမယ့် ပြန်ပေးသမားရဲ့ ဘဝအကြောင်းကို ပြောရင်းပြောပြရင်း သူ့နေရာမှာ ငါသာဆို ဒီလိုပဲဖြစ်သွား နိုင်မလားဆိုတဲ့အတွေးဝင်လာနိုင်အောင် ဖော်ကျူးထားတဲ့ဇာတ်လမ်းလေးပါ။ဒီဇာတ်လမ်းမှာ ပြန်ပေးသမား၊ ပြန်ပေးသမားရဲ့မိန်းမနဲ့ ရဲသားတစ်ယောက်ပဲအဓိကပါဝင်ပါတယ်။ ဒါပေ မယ့် ဒီ ၃ ယောက်တည်းနဲ့ ဇာတ်လမ်းတစ်ခုလုံးဟာပြည့်စုံသွားပါတယ်။ သူတို့ ၃ယောက်ရဲ့ ဘဝအနိမ့်အမြင့်တွေ ကိုကြည့်ရှုခံစားရင်ကိုယ့်ကိုယ်တိုင်လည်း သူတို့နေရာရောက်သွားသလို ခံစားရနိုင်တဲ့ဇာတ်ကားကောင်းလေး ဖြစ် ပါတယ်။ File size…1.69GB / 752MB Quality…WEB-Rip 1080p 5.1 ...
movie

A Day and a Half (2023)

Black Beauty (2020) 6.3
Black Beauty (2020) Black Beauty (2020)================IMDb Rating - 6.3/10ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ Disney+ movie တစ်ခုဖြစ်တဲ့ Black Beauty ဆိုတဲ့ ဇာတ်ကားလေးပါ။ဒီဇာတ်ကားက ၂၀၂၀ နိုဝင်ဘာလမှာ ထွက်ရှိလာခဲ့တာပါ။ ဒီကားလေးမှာတော့ အင်မတန်ရဲရင့်ပြီး သတ္တိကဲလှပါတယ်ဆိုတဲ့ မက်စတန်းမျိုးနွယ်စု မြင်းမလေးနဲ့ ကားအက်စီးဒင့်ဖြစ်ပြီး မိဘ၂ယောက်လုံး ဆုံးရှုံးသွားတဲ့ Jo ဆိုတဲ့ ကောင်မလေးကြားက ကြီးမားတဲ့မေတ္တာကို အခြေခံပြီးရိုက်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ မြင်းမလေးအဖြစ်အသံသရုပ်ဆောင်ထားတဲ့သူကတော့ ကိတ်ဝင်းစလတ်ဖြစ်ပါတယ်။ Black Beauty ဆိုတဲ့ မြင်းမလေးနဲ့ Jo ဆိုတဲ့ကောင်မလေးကြားထဲကို ဘယ်လိုအခက်အခဲတွေရောက်လာမလဲ၊ လူနဲ့ တိရစ္ဆာန်ကြားက သံယောဇဉ်ကို အခြေတည်ပြီးရိုက်ထားတဲ့ ဒီဇာတ်ကားမှာ ဆက်လက်ကြည့်ရှုပေးပါဦး။ နောက်ပြီးတော့ မြင်းတွေရဲ့ ဘာသာစကားလို့ဆိုလို့ရမယ့်အနေအထားတွေ ၊ မြင်းတွေရဲ့သဘာဝတွေကို ဒီကားထဲမှာ ရှင်းပြသွားတာကလည်း သေသပ်လှပလွန်းပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။) Quality – 1080p, 720p ...
movie

Black Beauty (2020)

The Square (2017) 7.2
The Square (2017) The Square (2017) IMDb - 7.2/10_____Rotten - 85% Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ကြိမ်တင်ဆက်ပေးလိုက်တဲ့ The Square ဇာတ်ကားဟာဆိုရင် ပုံမှန်အတွေ့ရများလေ့ရှိတဲ့ဇာတ်ကားတွေလိုမဟုတ်ဘဲ တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့သဘောကိုခံစားမိစေမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။အရှေ့ဥရောပ နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံက “ခရစ်စတီယန်”ဆိုတဲ့ ပြတိုက်မှူးတစ်ယောက်…စတော့ဟုမ်းမြို့လည်မှာ ဖုန်းနဲ့ပစ္စည်းအချို့ခါးပိုက်နှိုက်ခံရတာကနေ ဇာတ်ကားတစ်ခုလုံးရဲ့ အဓိကအကြောင်းအရာကိုစတင်ထားတာပါ။ပျောက်ဆုံးသွားတဲ့ ဖုန်းနဲ့ပစ္စည်းတွေကို ပြန်လည်ရယူဖို့ကြိုးစားရင်းဇာတ်ရှိန်တဖြည်းဖြည်းတက်လာမှာပါ။ဇာတ်ကားတစ်ခုလုံးကို အစကနေအဆုံး ဂရုတစိုက်ကြည့်မှသာ ဇာတ်လမ်းရဲ့အရသာကို ခံစားလို့ရနိုင်မယ်လို့ ပြောချင်ပါတယ်အလွမ်းအဆွေးပိုင်းဆိုင်ရာ သရုပ်ဆောင်ခန်းတွေကို တင်ပြထားရင်းနဲ့ကြိုကြားကြိုကြားဆိုသလို အနုပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေအကြောင်းလည်းဗဟုသုတဖြစ်စရာ တွေ့မြင်ကြရမှာပါ။ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဇာတ်ကားဟာရသခံစားမှုအပိုင်းထက် သုတပိုင်းကိုပိုပြီးအလေးပေးထားတဲ့ ဇာတ်ကားတစ်ကားသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား    File Size : (1.1 GB) Quality : WEB-DL 720p Running Time : 2hr 22min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

The Square (2017)

2017