Channel Myanmar

Anniek Pheifer

Tailgate (2019) 5.8
Tailgate (2019)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 5.8/10ရရှိထားပြီးနယ်သာလန်ရုပ်ရှင်ပွဲတော်မှာ Best Sound Design ဆုကိုရရှိထားပြီးဒါရိုက်တာLodewijk Crijns ရိုက်ကူးပုံဖော်ထားတဲ့ Tailgate ဆိုတဲ့ဘယ်လ်ဂျီယမ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစောဒီဇာတ်ကားက မိသားစုတစ်စု အဖိုးအဖွားတွေဆီကို အလည်အပတ်သွားတဲ့လမ်းမှာမမျှော်လင့်ဘဲ လမ်းမှာ စတ္တဇဆန်ဆန်လူသတ်သမားတစ်ယောက်နဲ့ ကြုံတွေ့ရပုံကိုဇာတ်အိမ်တည်ထားပြီး မင်းသား Jeroen Spitzen နဲ့ မင်းသမီး Anniek Pheiferတို့က ဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအစမှာ ဟန်စ့်တို့မိသားစု အဖိုးအဖွားတွေရှိတဲ့ ဟန်စ့်ရဲ့ဇာတိမြို့လေးကိုအလောတကြီး သွားကြပုံနဲ့အစပျိုးထားပါတယ် ဒီလိုနဲ့လမ်းတစ်ဝက်လောက်အရောက်မှာအဖိုးဖြစ်သူရဲ့ မွေးနေ့ကို ရောက်ဖို့အလျင်လိုနေတဲ့ ဟန်စ့် တစ်ယောက်ကားကိုအလျင်စလိုမောင်းနှင်ရာမှာ မထင်မှတ်ဘဲ ရှေ့ကားတစ်စီးတိုက်မိမလိုဖြစ်သွားပါတယ်ဟန်စ့် တို့ကားဂတ်စ်ဝင်ဖြည့်ရာမှာ ရှေ့ကကားကိုမောင်းနေတဲ့အဖိုးကြီးတစ်ဦးနဲ့တွေ့မိပြီး တစ်ယောက်တစ်ခွန်းစကားများကြပါတယ် အဖိုးကြီးကတော့ ဟန်စ့်ကိုတောင်းပန်လိုက်ဖို့ပဲ တဖွဖွပြောနေခဲ့ပါတော့တယ် လူငယ်လေးဖြစ်တဲ့ဟန်စ့်ကလည်းမတောင်းပန်ဘဲ ခရီးဆက်ထွက်လာခဲ့ရာမှာ ဂြိုလ်ဆိုးဝင်ပါတော့တယ်ဟန်စ့်တစ်ယောက်ကားမောင်းနေရင်း မတောင်းပန်ခဲ့တဲ့ အဖိုးကြီးကားကနောက်ကနေထက်ကြပ်မကွာကပ်လိုက်နေတာကို သတိထားမိသွားပါတယ်နောက်ဆုံးဟန်စ့်က တောင်းပန်လိုက်တဲ့အခါမှာ အဖိုးကြီးကတောင်းပန်ဖို့အချိန်နှောင်းသွားပြီဖြစ်ကြောင်းပြောကာ သွေးအေးအေးနဲ့ လိုက်လံသတ်ဖြတ်ပါတော့တယ် ဟန်စ့်တို့မိသားစု အဖိုးကြီးလက်ကနေလွတ်အောင် ဘယ်လိုမျိုးထွက်ပြေးကြမလဲ သူတို့တွေ ...
movie

Tailgate (2019)

Pink Moon (2022) 7
Pink Moon (2022) Pink Moon (2022)~ IMDb rating - 7/10 ~2022 မှာထွက်ရှိထားပြီး ဆု​တွေလည်းရ၊ Rating လည်း​ကောင်းတဲ့ Pink Moon ဆိုတဲ့ဒရာမာကား​လေးက​တော့ ဖခင်နဲ့ သားသမီးတို့ကြား​မေတ္တာ​ကို ထိထိမိမိရိုက်ပြထားတာမို့ ဒရာမာကြိုက်သူ​တွေအကြိုက်​​တွေ့​စေမယ့် ကား​လေးတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~သမီးဖြစ်သူ အီရစ်တစ်​​ယောက် ရုတ်တရက် အ​ဖေဖြစ်သူဂျန် ကိုယ့်ကိုယ်ကိုယ်သတ်​သေမယ့်အ​ကြောင်း ဖွင့်​​ပြောတာကို ခံလိုက်ရတဲ့အခါ အ​ဖေဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်ခံနိုင်ခဲ့လား... အ​ဖေဖြစ်သူရဲ့ ဆုံးဖြတ်ပြီးသားစိတ်ကို​ပြောင်း​အောင် ဘယ်လို​တွေလုပ်ခဲ့လဲ... အ​ဖေဖြစ်သူရဲ့ စိတ်ကို​ရော ​ပြောင်းပစ်နိုင်ခဲ့လား... နဲ့ သမီးတစ်​ယောက်အ​နေနဲ့ အ​ဖေကို ဆုံးရှုံးရမှာကို ဘယ်လိုမျိုး ရင်ဆိုင်​ကျော်လွှားခဲ့လဲ... ဆိုတာ​တွေကို ထိထိမိမိရိုက်ပြထားတဲ့ နယ်သာလန် ဒရာမာကား​ကောင်း​လေးတစ်ခုပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 795MB Quality - 1080p, 720p IMDb Rating - 7/10 Format ...
movie

Pink Moon (2022)

2022
Nr. 10 (2021) 6.8
Nr. 10 (2021) Nr. 10 (2021)========== IMDb Rating - 6.8/10အခုကမ္ဘာကြီးမှာ ပူနွေးနေတဲ့ ပြဿနာနဲ့ သက်ဆိုင်တဲ့ကားလေးတစ်ကား ကြည့်ရမယ်ဆိုရင်တော့ ဒက်ခ်ျဘာသာ စကားနဲ့ထွက်ထားတဲ့ Captain Nova ဆိုတဲ့ကား‌လေးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုကားလေးတွေရဲ့အစဟာ ဒီ ၂၀၂၁ က ကားလေးကနေ အစပြုတဲ့ပုံပါပဲ။ဒီကားလေးဟာ ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပြီး IMDb အနေနဲ့ 6.8 ရရှိထားသလို Drama/Thriller အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ ဒက်ခ်ျဘာသာစကားပြောတဲ့ နယ်သာလန်ရုပ်ရှင်လေးဖြစ်ပြီး နောက်ပိုင်း နယ်သာ လန်ရုပ်ရှင်တွေရဲ့ CGI အထူးကောင်းမွန်လာမှုကတော့ တော်တော့်ကို ပြောစရာ မရှိလောက်တဲ့အထိကို ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားလေးဟာ ငြိမ့်ငြိမ့်ညောင်းညောင်း လေးနဲ့ ဇာတ်လမ်းအစကနေ အဆုံးထိခံစားကြည့်ရှုရမယ့်ကားကောင်းလေးပါ။ ဇာတ်ကားလေးရဲ့ ဇာတ်အိမ်ဟာ ကျစ်လျစ်သိပ်သည်းမှုရှိပြီး ရှေ့ဆက်ဘာဖြစ်မလဲကို မျှော်တလင့်လင့်ကြည့်ရမယ့်ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင် အဆုတ်နှစ်ခြမ်းအနက် တစ်ခြမ်းဟာ ပုံမှန် အဆုတ်တွေထက် တော်တော်ကြီးကိုကြီးနေတဲ့ သားအဖနှစ်‌‌ယောက်၊ အလွန်ထူးဆန်းတဲ့ ထိုဖြစ်ရပ်ကြောင့် ဆရာဝန်တွေက စစ်ဆေးချင်လှသော်လည်း နာမကျန်းဖြစ်၊ ချောင်းဆိုးတာ မရှိဖူးတဲ့သားအဖ နှစ်ယောက်ကတော့ ဆေးရုံဆေးခန်းဆို ဝေါင်ဝေါင်ရှေးနေခဲ့တဲ့အခါ၊ ဘာကြောင့် သူတို့အဆုတ်တွေ တစ်ခြမ်းသာပါပြီး ထိုတစ်ခြမ်းက အလွန်ကြီးနေတာလဲ၊ ဘယ်လိုရောဂါဘယမျိုးများ ...
movie

Nr. 10 (2021)

2021
Captain Nova (2021) 7.1
Captain Nova (2021) Captain Nova 2021 IMDb 7.1Netflix မှာ အသစ်ထွက်ရှိလာတဲ့ နယ်သာလန်နိုင်ငံက ဒက်ခ်ျစကားပြော Adventure,Sci-Fi အမျိုးအစား ဒီဇာတ်ကားဟာ ထင်မထားရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပါ။Finch တို့ဘာတို့လို ဇာတ်လမ်းအေးအေးနဲ့ ဇိမ်ခံပြီးကြည့်ရမယ် ဇာတ်ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်က ငြိမ့်ညောင်းညက်ညောပါတယ်။ဇာတ်လမ်းအကျဉ်လေးကို ပြောရမယ်ဆိုရင်ကမ္ဘာကြီးဟာ လူသားတွေရဲ့ လောဘကြောင့် ပူနွေး‌စုတ်ပြတ်ကပ်စိုက်နေတဲ့ ခေတ်ကာလတစ်ခုကနေ စပါတယ်။ ဒီလိုဖြစ်သွားစေရတဲ့အကြောင်းအရင်းကလည်း ကိုယ်နေတဲ့ကမ္ဘာကို ကိုယ်ပြန်ဖျက်‌စီးနေတဲ့ လူသားတွေကြောင့်ပဲဆိုပါတော့။ဒီတော့ ဒီလိုဖြစ်သွားတဲ့ကပ်ဆိုးကြီးကို ပြန်လည်ကယ်တင်ဖို့ နိုဗာဆိုတဲ့ အမျိုးသမီးလေးကို ဒီလိုကပ်ဆိုးကြီးစတင်ခဲ့ရာ အတိတ်တစ်ချိန်စီပြန်ပို့ရင်း၊ ပို့ရမယ့်နေရာနဲ့အချိန် သေးသေး‌လေး လွဲမှားကျရောက်သွားတဲ့အခါ ကမ္ဘာမြေပေါ်မှာ ဘယ်လိုအခက်အခဲတွေ ကြုံရမယ်၊ သူ့ကိုစေခိုင်းလိုက်တဲ့ မစ်ရှင်ကိုရော အောင်မြင်နိုင်ပါ့မလား၊ ဘယ်လိုမျိုး အလှည့်အပြောင်းတွေနဲ့ဆိုတာ......။ File size…(1.3 GB)/(550 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:25:o6 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

Captain Nova (2021)

The East(2021) 7.0
The East(2021) The East(2021) အညွှန်း*******************IMDb...7.0အင်ဒိုနီးရှားလွတ်လပ်ရေးစစ်ပွဲအတွင်းမှာ ဒုတိယကမ္ဘာစစ်လွန်သူပုန်တွေကို ကိုင်တွယ်နှိမ်နင်းဖို့စေလွှတ်လိုက်တဲ့တပ်ဖွဲ့တစ်ဖွဲ့ထဲမှာ ယိုဟန် ဆိုတဲ့လူငယ်စစ်သားလေးတစ်ယောက်ပါဝင်ခဲ့ပါတယ်။ဘာကိုမှအတွေ့အကြုံမရှိ အစိမ်းသက်သက် ဘဝကနေ မဟုတ်မခံမှန်ရာကိုလုပ်တတ်တဲ့ဉာဉ် အရိုးခံစိတ်ထားတွေကြောင့်"The Turk." လို့အများခေါ်ကြတဲ့ ကပ္ပတိန်က မျက်စိကျပြီး သူ့အနီးကပ်လူယုံတစ်ယောက်ဖြစ်လာခဲ့တဲ့အထိ အဆင့်မြင့်လာခဲ့ပါတယ်။အဲ့ဒါနဲ့အတူတူ စစ်ရဲ့ အနိဌာရုံတွေ၊ အထက်အမိန့်ဆိုတဲ့ ပြန်လှန်မေးခွန်းထုတ်ချင်စရာလုပ်ရပ်တွေနဲ့အတူ တာဝန်နဲ့ အသိစိတ်ကြားမှာ သူဟာ တခြားသူတစ်ယောက်လိုဖြစ်သွားတယ်....ဒီလိုနဲ့ တစ်ခုခုဆိုပြတ်သားလွန်းလှတဲ့ ဟင် ဆိုပြန်လှည့်မကြည့်တတ်တဲ့ တစ်ဇွတ်ထိုးတဇောက်ကန်း သူ့ဆရာ တာကီသားနဲ့ သဘောထားကွဲလွဲလာရင်း သူကိုယ်တိုင်သူပုန်အဖြစ် စာရင်းသွင်းခံလိုက်ရတော့တဲ့အခါမှာတော့..။တွေ့ရခဲတဲ့ အင်ဒိုနီးရှားနိုင်ငံနောက်ခံနဲ့ ဖြစ်ရပ်မှန်သမိုင်းတွေအပေါ်အခြေခံထားတဲ့စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။   File Size :(2.6GB)(1.1GB) and (435MB) Quality : Blu-Ray 720p Format…mp4 Duration…02:17:00 Genre : War , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie

The East(2021)