Channel Myanmar

Annisa Hertami

Andragogy (2023) 8.2
Andragogy (2023) Andragogy (2023)မျက်မှောက်ခေတ်မှာ မြင်ရတွေ့ရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်တွေထဲတစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ဒုက္ခပေးပုံအဖုံဖုံကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မီဒီယာတွေကြောင့် လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ရိုက်ခတ်မှုကြီးမားသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရစေပြီး အင်ဒိုနီးရှားဇာတ်ကားဆိုပေမယ့် ဇာတ်အိမ်ခိုင်ခန့်မှုက တော်တော်ကို ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်။ ပညာရေးစနစ်၊ မိသားရေးရာ ပြဿနာ စတဲ့ အရာတွေကို ဇာတ်အိမ်လုံးတစ်ခုတည်းမှာ အကုန်လုံးကို စုပြုံထည့်ပြီး ပြသထားတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ အစပ်အဟပ်တည့်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သာမန်ပြဿနာလေးတစ်ခုကို လိုင်းပေါ်တင်လိုက်ရာကနေ ပြဿနာက တဖြည်းဖြည်းနဲ့ ကြီးလာခဲ့ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ လိုင်းပေါ်က နာမည်တအားကြီးနေတဲ့ အုန်းသီးကိတ်ဆိုင်မှာ ဆရာမ ပရာနီက ဝယ်ယူရင်း ကြားဖြတ်ဝင်တဲ့သူနဲ့ ရန်ဖြစ်မိခဲ့တာပါ။ ဒါပေမဲ့ အော်ကြီးဟစ်ကျယ်ဖြစ်နေတာက ဆရာမ ပရာနီဖြစ်တဲ့အတွက် လိုင်းပေါ်က လူတွေဟာ ဆရာမ ပရာနီကိုပဲ အပြစ်တင်ကြပါတယ်။ ဒါကြောင့် ဆရာမ ပရာနီရဲ့ ပတ်ဝန်းကျင်မှာ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်လာရပါတယ်။ အဲဒီအတွက် ဖြေရှင်းချက် ဗီဒီယိုတစ်ခုကို ပရာနီက ပြန်တင်ပြီး ဖြေရှင်းခဲ့ပေမယ့် တစ်ဖက်လူကလည်း ပြန်လည်ဖြေရှင်းခဲ့တာကြောင့် သံသရာက မဆုံးနိုင်ဘဲ တိုင်ပတ်နေပါတယ်။ အဲဒီလိုကနေ ...
movie

Andragogy (2023)

2023
Anak Titipan Setan (2023) 5.0
Anak Titipan Setan (2023) Anak Titipan Setan (2022) ==========================ဒီတစ်ခါမိတ်ဆက်​ပေးမှာက​တော့ ၂၀၂၂ မှာထွက်ရှိထားပြီး ဂျာရန်ပီနိုရန်နတ်ဆိုး (ခ) မြင်း​ခေါင်းနတ်ဆိုးအ​ကြောင်းကိုရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖို အင်ဒိုနီးရှားကား​ခေး Anak Titipan Setan ဆိုတဲ့ကား​လေးနဲ့ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းမိခင်ဆာရီတစ်​ယောက် ဘာ​အ​ကြောင်းပြချက်မှမရှိပဲ သားဖြစ်သူ ဇီကာကို ဆုံးရှုံးသွားတဲ့အပြင် ​ယောကျာ်းဖြစ်သူကပါ သတ်​သေသွားတာ​ကြောင့် သူ့ဘဝကို စိတ်ကုန်​နေတုန်း ​ယောက္ခမဖြစ်သူ နတ်ဆိုးဂျာရန်ပီနိုရန်နဲ့ အ​ပေးအယူလုပ်ထားတာကို သိရှိသွားပါတယ်​​မိမိဥစ္စာချမ်းသာဖို့အတွက် နတ်ဆိုးဆီ ၁၀နှစ်တစ်ခါ မိမိ​သွေးသားကို ယဇ်ပူ​ဇော်ဆက်သမယ်ဆိုတဲ့ ကတိနဲ့ သ​ဘောတူခဲ့တဲ့ ​ယောက္ခမအ​ကြောင်းကိုသိသွားပြီး​နောက် ဆာရီတစ်​ယောက် ​​ယဇ်ပူ​ဇော်ပသလို့မရ​အောင်​နှောင့်ယှက်ပါ​တော့တယ်​ပေးခဲ့တဲ့ ကတိကိုမတည်တဲ့ ​ဆာ့ရီယောက္ခမ နတ်ဆိုးရဲ့ အသက်နှုတ်ခြင်းကိုခံရပြီး​နောက် အငယ်ဆုံးသမီးဖြစ်သူ ပူထရီ အိမ်ကိုပြန်​ရောက်လာပါ​တော့တယ် ပူထရီတစ်​ယောက် အိမ်ပြန်​ရောက်ပြီး​နောက် ဘယ်လိုဖ့စ်ရပ်​တွေဆက်ဖြစ်လဲ ဘယ်လိုသည်းထိတ်ရင်ဖို​ကြောက်မက်ဖွယ်ရာ​တွေကိုရင်ဆိုင်ရမလဲဆိုတာ​တွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုမယ့်​ကား​​ကောင်း​လေးတစ်ကားဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထာသူကတော့ DB ပါ )File size_(600MB) Quality_ 720p Format_mp4 Duration_01:48:00 Genre_ Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB
movie

Anak Titipan Setan (2023)

Check the Store Next Door 2 (2022) 7.6
Check the Store Next Door 2 (2022) Check the Store Next Door 2 (2022)Comedy, Drama, Romance ရုပ်ရှင်ကောင်းကောင်းလေးနဲ့ chill ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်လိုက်ပါ။ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှား ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နာတာလီဆိုတဲ့ ကောင်မလေးဟာ ဘာလီမှာ ကားဘီးပေါက်နေရင်း အာဝင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ အာဝင်လည်း ဘီးပေါက်နေတဲ့ နာတာလီ့ကို ကူညီပေးရင်း သူတို့ နှစ်ယောက် ရင်းနှီးသွားခဲ့ပါတယ်။ ဒီလိုကနေ သူတို့ ချစ်သူတွေဖြစ်သွားကြပြီး ၂ နှစ်လောက် လက်တွဲလာခဲ့ကြပါတယ်။ အဲဒီနောက် သူတို့လည်း လက်ထပ်ပြီးကြတော့ ဘဝတစ်ခုကို ထူထောင်ဖို့ လုပ်ကြပါတယ်။ သို့သော် သာမန်လူတန်းစား အာဝင်တို့မိသားစုနဲ့ လူချမ်းသာ နာတာလီတို့ မိသားစုကြား မတူညီတာတွေ များကြသလို၊ စိတ်ဒဏ်ရာကိုယ်စီတွေနဲ့မို့ အချစ်တစ်ခု ဆက်ပြီး ရှင်သန်ဖို့ရာ ရုန်းကန်ကြရပါတော့တယ်။ Drama အမျိုးအစားဖြစ်တာမို့ အများကြီး ညွှန်းမနေတော့ပါဘူး။ ဇာတ်လမ်းအချိုးအကွေ့တွေကို ဝမ်းသာတစ်လှည့် ဝမ်းနည်း တစ်လှည့်နဲ့ ကြည့်ရှုလိုက်ပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ...
movie

Check the Store Next Door 2 (2022)

2023
Ghost Writer 2 (2022) 7.4
Ghost Writer 2 (2022) Ghost Writer 2 (2022)(၂၀၁၉)ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost Writer ကားလေးရဲ့ နောက်ဆက်တွဲဇာတ်လမ်း ဖြစ်ပါတယ်။ ပထမကားနဲ့ ဆက်စပ်မှုရှိပေမယ့် သပ်သပ်စီကြည့်ရင်လည်း အင်မတန်ကြည့်ကောင်းပါတယ်။ဇာတ်လမ်း ကတော့ ကိုယ်တွေ့သရဲအကြောင်းအရာကို ရေးသားလိုက်ရာမှာ စာရေးဆရာမ နာရာရဲ့စာအုပ်ဟာ တော်တော် လေးပေါက်သွားပြီး နှစ်အတော်ကြာ ရောင်းအားအကောင်းဆုံး (best seller) ဖြစ်သွားပါတယ်။နာရာကိုယ်တိုင် ကတော့ လေးနက်တဲ့စာပေကိုရေးသားချင်ပေမယ့် ထုတ်ဝေသူကတော့ သရဲနဲ့ပက်သက်တဲ့အကြာင်းကိုသာ ရေး ခိုင်းနေတဲ့အတွက် နာရာအတွက် သရဲတစ္စေတွေကို စိတ်ကုန်နေချိန်ပါ။ အဲ့အချိန်မှာပဲ နာရာနဲ့ ပက်သက်သူ တစ်ယောက်ဟာ မမျှော်လင့်ဘဲ သေဆုံးသွားတဲ့အတွက် သရဲတွေကို စိတ်ပျက်နေတဲ့နာရာဟာ သရဲတွေနဲ့ မဖြစ် မနေ ဆက်ဆံဖို့ဖြစ်လာပါတယ်။မဖြစ်မနေဆက်ဆံတာဖြစ်တဲ့အတွက် ဖြစ်ရပ်တွေဟာလည်း သူမဖြစ်ချင်တာတွေ ထပ်မံကြုံတွေ့လာတဲ့အချိန်မှာတော့ ...Ghost Writer(၂၀၁၉)လိုပဲ ခြောက်ခြားစရာတွေ၊ ဆွတ်ပျံ့ကြည်နူး စရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့်နှက်နေတဲ့ အင်ဒိုနီးရှား ...
movie

Ghost Writer 2 (2022)

2022