Channel Myanmar

Anthony Chan Yau

Twinkle, Twinkle, Lucky Stars (1985) 6.2
Twinkle, Twinkle, Lucky Stars (1985)    ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie

Twinkle, Twinkle, Lucky Stars (1985)

Behind the Yellow Line (1984) 5.8
Behind the Yellow Line (1984) Behind The Yellow Line (1984)ကြိတ်မှိတ်ပြီး အစောကြီးအိပ်ခဲ့မိတဲ့ မနေ့ညက နာရီပြန်၂ချက်ကြီး အိပ်မက်မပြီးသေးခင် ကိုယ်လန့်နိုးလာခဲ့တယ်။ စီးကရက်ကို မီးညှိရင်း အိပ်မက်ကို ပြန်တွေးကြည့်တော့ နိုးလာမှ ကိုယ့်မှာ ပိုနာကျင်ရပြန်တာပါပဲ။ ဘဝတွေက အိပ်မက်ထဲမှာတောင် ဝေးမြဲဝေးဆဲ။ ဒီလို ဆွေးမြေ့မြေ့ညမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ကိုယ်ဟာ ကြည့်မယ်တွေးထားပြီး မကြည့်ဖြစ်သေးတဲ့ ရုပ်ရှင်တစ်ကားကို ကောက်ဖွင့်မိလိုက်တယ်။ ကြည့်မယ်လုပ်ထားမိတာကလည်း ထွေထွေထူးထူး အကြောင်းကြောင့်မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ လတ်စလီချောင်နဲ့ မက်ဂီချောင်ပါတဲ့ ရုပ်ရှင်မို့ Trailer ကြည့်ကြည့်ရာက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ်ထင်လို့ စိတ်ပြေလက်ပျောက်ရှိချင်တဲ့အခါ ကြည့်ဖို့သိမ်းထားလိုက်တာပါပဲ။ တော်တော်တောင်ကြာပါပြီ။ မနေ့ညကတော့ ကိုယ်ကြည့်ဖြစ်ခဲ့တယ်။ရုပ်ရှင်ဖွင့်လိုက်တယ်ဆိုရင်ပဲ လတ်စလီချောင်သရုပ်ဆောင်တဲ့ အူကြောင်ကြောင်စာကြမ်းပိုးလေး ဇာတ်ရုပ်ကို ကိုယ်မြင်ရတော့တာပါပဲ။ အူကြောင်ကြောင်နဲ့ လမ်းလျှောက်တာတောင် ဗရုတ်သုတ်ခဖြစ်နေတတ်တဲ့ကောင်ပေါ့။ ဒီလိုသာ မင်းဘေးမှာပြောမိခဲ့ရင် "သူများကိုပြောပြန်ပြီ သူကရော ဘာထူးလို့လဲ"လို့ မင်းပြောမှာ ကိုယ်ပြေးမြင်မိသေးတယ်။ ဟောင်ကောင်အချစ်ဟာသကားတွေရဲ့ ...
movie

Behind the Yellow Line (1984)

1984
[18+] 3 Days of a Blind Girl (1993) 5.7
[18+] 3 Days of a Blind Girl (1993) 1993 ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အဓိကဇာတ်ဆောင်ဖြစ်သူက ဒေါက်တာဂျက်အင် လိုခေါ်တဲ့ နှလုံးအထူးကုဆရာဏန်တစ်ယောက်ရဲ့ ဇနီးဖြစ်သူပါအမျိုးသမီးလေးဟာ မျက်လုံးခွဲစိတ်မှုကြောင့် သုံးရက်တာ မျက်စိမမြင်ရ ဖြစ်နေပါတယ်...ဖြစ်ချင်တော့ ယောက်ျားဖြစ်သူကလဲ နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ခရီးထွက်ဖို ဖြစ်လာရပြီးအိမ်ကြီးမှာ အမျိုးသမီးလေးနဲ့ အိမ်ဖော်‌ မေ ဆိုသူပဲရှိနေတဲ့အချိန်ပါ...အဲ့အချိန်မှာ ခင်ပွန်းဖြစ်သူရဲ့မိတ်ဆွေလို့ဆိုတဲ့ လူတစ်ယောက် အိမ်ကိုရောက်လာတဲ့အချိန်မျှော်လင့်မထားတဲ့ ဖြစ်ရပ်ဆိုးကြီးကို ကြုံရပါတော့တယ်...လူချမ်းသာဆရာ၀န်တစ်ယောက်နဲ့လက်ထပ်ပြီး လိုလေသေးမရှိ ဘဝကိုခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဖြတ်သန်းလာရတဲ့ အမျိုးသမီးလေးတစ်ယောက်ယခုလို ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံတွေ့ပြီးနောက်ပိုင်းမှာရဲရင့်တဲ့အမျိုးသမီး‌တစ်ဦးအဖြစ်ပြောင်းလဲသွားပုံကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ...(အမြင်မတော်တဲ့ဇာတ်ဝင်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ အဆင်မပြေပါဘူး။)  File size…(1.3 GB) and (900 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:32:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Chuck Chuck
movie

[18+] 3 Days of a Blind Girl (1993)