Channel Myanmar

Anthony Del Negro

Women (2021)
Women (2021) ဒီတစ်ခေါက်တော့ မိန်းကလေးတွေကိုအဓ္ဓမဖမ်းဆီးချုပ်နှောင်တဲ့အကြောင်းရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးမယ်ဗျာ။ ဇာတ်ကားနာမည်ကတော့ Womenလို့ခေါ်ပြီး သူက 2021မှာထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်လမ်းကတော့ သတ်ဖြတ်ခံထားရတဲ့ မိန်းကလေးတစ်ဦးရဲ့ရုပ်အလောင်းကိုရှာတွေ့မိရာကနေ စပါတယ်။ဒီလိုနဲ့ အမှုကိုစုံစမ်းစစ်ဆေးသူဖြစ်တဲ့ စုံထောက်ဟော့ခ်ဟာဒီနားပတ်ဝန်းကျင်မှာ ဒီလိုမိန်းကလေးပျောက်ဆုံးတဲ့အမှုတွေဖြစ်ခဲ့ဖူးတာကို သတိထားမိပြီး သဲလွန်စရှာပါတော့တယ်။တိုက်ဆိုင်စွာနဲ့ပဲ ပျောက်ဆုံးသွားတဲ့မိန်းကလေးတွေဟာစာသင်တဲ့ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ ဘရက်ဒ်လီဂီလ်မိုးရဲ့ကျောင်းသူတွေဖြစ်ခဲ့ဖူးကြတာကိုဟော့ခ်သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ အဓိကသံသယရှိသူဖြစ်လာတဲ့ ဘရက်ဒ်လီကိုချည်းကပ်ဖို့ကြံရပါတော့တယ်။ဒီမိန်းကလေးတွေကိုရော ဘာရည်ရွယ်ချက်နဲ့ ဖမ်းနေတာလဲ၊ တရားခံကရောဘရက်ဒ်လီဟုတ်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။မှုခင်းစုံထောက်ကားကြိုက်သူတွေနဲ့လျှို့ဝှက်သည်းဖိုကြိုက်တတ်သူတွေအတွက်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဗျာ။ File size…    1.6 GB /  566 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato
movie

Women (2021)

The Wrong Son (2018) 5.6
The Wrong Son (2018) The Wrong Son (2018) =================ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Nick Everhart ရိုက်ကူး ထားတဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျိတ် နဲ့ ဆာရာ တို့မိသားစုဟာ တစ်ခု ကမ်းခြေမှာပျော်ပွဲစားထွက်လာခဲ့ပါတယ်။ သူတို့ရဲ့သားနှစ်ယောက် ဖြစ်တဲ့ အီအာ နဲ့ မတ် တို့ညီအစ်ကိုဟာ ရေထဲမှာကစားနေရင်း ရုတ်တရက် မတ် ကပျောက်သွားပါတော့တယ်။ နောက်ဆယ်နှစ် အကြာမှာတော့ ယာဉ်မတော်တဆမှုကြောင့် ဂျိတ် ဆုံးသွားပြီး အမွေခွဲနေတဲ့အချိန်မှာ မတ် ကတိုက်တိုက်ဆိုင်ဆိုင်ပြန်ပေါ်လာ ပါတယ်။ အဲဒီလိုနဲ့ မိသားစုကြားမှာ သဘောထားကွဲလွဲမှုတွေရှိ လာပြီး မတ်ကိုသံသယတွေစ၀င်လာပါတော့တယ်။အဲဒီနောက် ဆယ်နှစ်အကြာမှပြန်ပေါ်လာတဲ့ မတ် က ဆာရာ တို့ရဲ့သားအစစ်လား၊ ဂျိတ် ရဲ့ယာဉ်တိုက်မှုကရော တကယ်ပဲမတော် တဆမှုဟုတ်ရဲ့လားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Thriller ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(1.9 GB) / (616 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Theo Kat Encoder..........SWM
movie

The Wrong Son (2018)

2018