Channel Myanmar
Anthony Hopkins
Zero Contact (2022)
Zero Contact (2022) Zero Contact (2022)ဒီတစ်ခါတင်ဆက်​ပေးမှာ​တော့ အ​မေရိကန် Mystery Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ရောဂါကပ်​ဘေး​ကြောင့် အိမ်က​နေပဲ Zoom နဲ့ဆက်သွယ်ကြတဲ့ ပုံစံနဲ့ ဇာတ်လမ်းကို ပုံ​ဖော်ထားပါတယ် လူတကာက ရူး​ကြောင်​ကြောင်လို့ သတ်မှတ်ကြတဲ့ ပါရမီရှင်ဖင်န်န​လေဟာ့ဒ်ဟာ ပ​ရောဂျက်စလုပ်မယ့်အချိန်မှာပဲ အလုပ်ကထုတ်ခံလိုက်ရပါတယ် အဲလိုနဲ့ သူ မ​သေခင်မှာ လက်စမသတ်နိုင်​သေးတဲ့ ပ​ရောဂျက်ကို သူ အယုံကြည်ရဆုံးလူ ၅​ယောက်ကို အကြံ​ပေးရာက​နေတစ်ဆင့် စုစည်းပြီး ပြန်အသက်သွင်းဖို့မှာထားခဲ့ပါတယ် ပ​ရောဂျက်ကလျှို့ဝှက်ပ​ရောဂျက်ဖြစ်တဲ့အပြင် ကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆို​တော့ အ​ရေး​ပေါ်ဖွဲ့လိုက်တဲ့အဖွဲ့ဟာ ဆက်လုပ်ဖို့ဖြစ်လာပါ​တော့တယ် သူတို့တစ်ခုသတိလွတ်သွားတာက သူတို့ကို​စောင့်ကြည့်​နေတဲ့သူရှိ​နေတယ်ဆိုတာပါပဲ မသိလိုက်ခင်မှာပဲ အိမ်ထဲကိုဝင်သလို အ​ရေး​ပေါ်အဖွဲ့ဝင်​တွေရဲ့ မိသားစုကိုလည်း ရန်ရှာလာခဲ့ပါတယ် လျှို့ဝှက်ချက်​တွေအပြည့်နဲ့ ဖင်န်န​လေထားခဲ့တဲ့ ပုစ္ဆာကို အ​ရေး​ပေါ်အဖွဲ့က အ​​ဖြေရှာနိုင်မလား ​ သူတို့က​ရော နောက်​ဆုံးထိ အသက်မ​သေဘဲ ပ​ရောဂျက်ကိုဆက်လုပ်နိုင်မလားဆိုတာ လှည့်ကွက်​တွေအများကြီးနဲ့ Zero Contact ကိုကြည့်ရှု​ပေးကြပါဦး​နော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Joyz  နဲ့  Hmwe ပဲ ဖြစ်ပါတယ်။Genre.....Thriller Quality….1080p | 720p| 480p File size…1.9GB | 734MB | ...
movie
Zero Contact (2022)
2022
How the Grinch Stole Christmas (2000) 6.2
How the Grinch Stole Christmas (2000) How the Grinch Stole Christmas (2000) ငယ်ငယ်ကတော့ ခရစ္စမတ်နားနီးတဲ့ အပတ်မှာ ပုတက်တို့ Kidzone တို့လို ကာတွန်းစာစောင်တွေမှာ ခရစ္စမတ်ဇာတ်လမ်းလေးတွေ ထည့်တာကို ဖတ်ရင်း၊ Casper, Mickey Mouse, Winnie the Pooh တို့ရဲ့ ခရစ္စမတ်ကာလကားလေးတွေ၊ A Christmas Carol တို့ Home Alone တို့ Grinch တို့လို ခရစ္စမတ်ကားလေးတွေကြည့်ရင်း ဖြတ်သန်းဖူးခဲ့ကြတယ်မို့လား။ ခရစ္စမတ်ဟာ ကျွန်တော်တို့နဲ့ မဆိုင်ပေမဲ့ မစိမ်းလှပါဘူး။ဒီဇာတ်လမ်းကတော့ ငယ်ဘ၀ကခရစ္စမတ်ကိုရော ငယ်ဘ၀ကိုရော Nostalgia ဖြစ်စေမယ့် ဇာတ်လမ်းပါ။၂၀၀၀ခုနှစ်မှာထွက်ခဲ့တာဆိုတော့ ကျွန်တော်တို့ငယ်ငယ်က ခရစ္စမတ်ကားတွေရဲ့ အရသာအတိုင်းပါပဲ။ ခရစ္စမတ်ကားလေးပေမဲ့ မင်းသားက ဂျင်ကာရေး ဖြစ်တဲ့အပြင် ဆာအန်သိုနီဟော့ကင်းကလည်း Narrator အဖြစ် နောက်ခံစကား‌ပြောပေးထားတယ်။ ဒါရိုက်တာကတော့ ၂၀၀၂မှာ A Beautiful Mind ရုပ်ရှင်နဲ့ ...
movie
How the Grinch Stole Christmas (2000)
2000
Hannibal (2001) 6.8
Hannibal (2001) Hannibal (2001)Cannibal ဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့အဓိပ္ပာယ်က လူသားစားတဲ့သူပေါ့။ ဒီလူသားစားတဲ့အရာကဘယ်လောက်ထိခရီးပေါက်နေလဲဆိုရင် cannibal တို့ cannibalism တို့ဆိုတဲ့စကားလုံးတွေကိုပါသုံးနေရတဲ့အထိပေါ့။ ဒီထဲကလူသတ်သမားက လူသားလည်းစားတဲ့ဇာတ်ကောင်မျိုး။ လူသတ်သမားဖြစ်တဲ့အတွက် သွေးအေးအေးနဲ့သတ်ပြီးတော့ကို ပယ်ပယ်နှယ်နှယ်စားတာမျိုးပေါ့။၊ ဇာတ်ကားတစ်လျှောက်လုံး စားပြမနေ၊သတ်ပြမနေပေမဲ့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်ကောင်ကောင်းကောင်းတွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှူသူပရိသတ်ကို မျောနေအောင်ဆွဲခေါ်သွားတာမျိုး။Triller/Crime လို့ genre သတ်မှတ်ထားပေမဲ့ Horror/Action ဆိုလည်းမမှားဘူးဗျ။ Triller/Crime ဆိုတဲ့အတိုင်း ရဲမှုခင်းဇာတ်ကားမျိုးပေါ့၊ လူသတ်သမားနဲ့စုံထောက်ကြားဇာတ်အိမ်ကောင်းကောင်းကိုဘယ်လိုတည်ဆောက်ထားလဲ တစိမ့်စိမ့် အရသာခံရင်းကြည့်ရမယ့်ကားမျိုး။ 1991 ကထွက်ခဲ့တဲ့ The Silence of the Lambs ဆိုတဲ့ IMDb 8.6/10 ရသွားပြီး 1991 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရဲ့ငါးကားမြောက်စာရင်းဝင်သွားတဲ့ Triller/Horror ကားတစ်ကားကိုတော့မှတ်မိကြမယ်ထင်ပါတယ်။ Triller/Horror ကြည့်သူတိုင်း ကြည့်ကိုကြည့်ထားသင့်တဲ့ကားကောင်းတစ်ကားပေါ့။ ဒီကားက အဲကားရဲ့ Sequel လို့ပြောလည်းရမယ့် ကားတစ်ကားပါပဲ။သုံးထားတဲ့ဘက်ဂျက်နဲ့ရုံတင်‌ဝင်ငွေပြန်ရခဲ့တဲ့ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ‌ အတော်လေး ကြည့်လို့ကောင်းတာမျိုးကိုသွားတွေ့ရပါတယ်။ ဒီ Hannibal ...
movie
Hannibal (2001)
2001
Meet Joe Black (1998) 7.2
Meet Joe Black (1998)   ဒီတစ်လော မင်းသားကြီး Brad Pitt ရဲ့ ရုပ်ရှင်ကားတွေပြန်ကြည့်ဖြစ်ရင်း Meet Joe Black ဆိုတဲ့ ကားကိုCM မှာ တင်ပေးဖို့ သတိထားမိသွားပါတယ်ဒီကားကို တိပ်ခွေခေတ်က ခဏ ခဏ ကြည့်ဖူးပါတယ်DVD ခွေတွေ ထွက်တဲ့အခါလဲ BluRay အခွေဝယ်သိမ်းတဲ့ အထိ ကြိုက်ခဲ့မိပါတယ်...ဒီရုပ်ရှင်ကားမှာ မင်းသားကြီး Brad Pitt သရုပ်ဆောင်တဲ့အချိန်က ၁၉၉၈ ခုနှစ်ဖြစ်ပြီး Brad Pitt ရဲ့ အသက်က၂၁ နှစ်ပဲ ရှိပါသေးတယ်...နာမည်ကျော်မင်းသားကြီး ရဲ့ ငယ်ရွယ်နုပျိုချောမောနေမှုကပျိုတိုင်း ယိုင်လဲလောက်ပါတယ်...အပြုံး အကြည့် ခပ်ပေပေ ပုံစံလေးတွေက အစဆွဲဆောင်မှု ရှိနေတာမျိုးပေါ့...ဒီရုပ်ရှင်ကားကလဲ မိသားစုလိုက်ကိုကြည့်သင့်တဲ့ ကားမျိုးဗျ မိသားစု မေတ္တာကိုပိုအသားပေး ထားတာမျိုးပဲဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်နော်စပွိုင်လာ ဖြစ်ချင်လဲ ဖြစ်နိုင်တာမို့ ကြည့်ဖို့ ရည်ရွယ်ထားရင်ဆက်မဖတ်နဲ့တော့....ဆက်သွယ်ရေးလုပ်ငန်းကြီး တစ်ခု ရဲ့ ဥက္ကဌ ဖြစ်သူ ဘေးလ် ဟာတစ်ညသော ...
movie
Meet Joe Black (1998)
1998
The Father(2020) 8.3
The Father(2020) The Father(2020)အညွှန်း*************************IMDb Rating - 8.3/10Rotten Tomatoes - 98%လောကမှာ "အို/နာ/သေ" ဘေး တွေဆိုတာ လူတိုင်းလူတိုင်း ရှောင်လွှဲလို့မရတဲ့ နိယာမတရားတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ မသေခင်စပ်ကြား အိုမင်းမစွမ်းကာလကိုတော့ အဆိုးရွားဆုံးအချိန် လို့တောင် သတ်မှတ်လို့ရမယ်ထင်ပါတယ်။ ဒီဇာတ်ကားမှာလည်း အန်တိုနီယို ဟာ အသက်အရွယ် အိုမင်းလာတဲ့အခါ ကြုံတွေ့ရတဲ့ အလားတူ လောကဒဏ်တွေကိုအလူးအလဲခံနေရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။မှတ်ဉာဏ်တွေ လျော့နည်းလာတဲ့ ဖခင်ဖြစ်သူကို တစ်ယောက်ထဲထားဖို့ စိတ်မချတဲ့အခါ သမီးဖြစ်သူ "အန်" ဟာဖခင်အတွက် ကိုယ်စားစောင့်ရှောက်ပေးမဲ့ သူတွေကို ငှားရမ်းဖို့ကြိုးပမ်းပါတော့တယ်။ဒီဇာတ်လမ်းဟာ "ငါမအိုသေး" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ ဖခင်ဖြစ်သူ နဲ့ အစိုးရိမ်လွန်တတ်တဲ့ သမီးဖြစ်သူတို့ကြားက အားပြိုင်မှုတွေကို… လူ့သဘာဝ စရိုက်တွေ မပျောက်စေဘဲ ဂရုတစိုက် ဖန်တီးထားတဲ့ လက်ရာတစ်ခုဖြစ်တဲ့အပြင် ... ကြည့်ရှုသူ ပရိတ်သတ်ကို အတွေးပေါင်းများစွာပေးနိုင်မဲ့ နာမည်ကျော်ဒါရိုက်တာ Florian ...
movie
The Father(2020)
HEVC 1080p 5.1
Red Dragon (2002) 7.2
Red Dragon (2002) Red Dragon (2002)================IMDb Rating - 7.2/10#Unicodeခေါင်းစားပြီး စိတ်ပညာမှုခင်းဇာတ်ကားတွေကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့်ဇာတ်ကားတစ်ခုပါ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Anthony Hopkin & Edward Nortonတို့နှစ်ယောက်ရဲ့ Chemistry မိမိနဲ့ သရုပ်ဆောင်မှုတွေကို တဝကြီးကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်း ******** ဝယ် ဂရေဟမ်ဟာ FBI Agent တစ်ယောက်ဖြစ်ပြီး မှုခင်းတွေစုံစမ်းတဲ့နေရာမှာ သူမတူတဲ့ ဖြတ်ထိုးဉာဏ်တွေးခေါ်မှုတွေအမှုပေါင်းများစွာကို ဖော်ထုတ်ခဲဲ့တဲ့လူတစ်ယောက်ပါ။ မှုခင်းစုံစမ်းရေးတွေမှာသူ့ကိုကူညီနေတဲ့ စိတ်ပညာရှင် ဟန်နဘယ် လက်တာဆိုတာ FBI ကိုအိပ်ကပ်ထဲထည့်ထားပြီး တစ်ဖက်မှာလူပေါင်းများစွာကို သွေးအေးအေးနဲ့သတ်ပြီး ခန္တာဗေဒကိုလေ့လာနေတဲ့ ကြောင်သူတော်တစ်ယောက်လို့ပြောရမယ် ။ အကြောင်းစုံကိုသိသွားတဲ့ ဂရေဟမ်က ဟန်နဘယ်လက်တာကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီးသူ့ရဲ့ FBI Agent ဘဝကိုလည်း ပြည်ဖုံးကားချလိုက်ပါတော့တယ် ။ နှစ်ပေါင်းများစွာကြာတဲ့အခါ ကိစ္စတွေကမပြီးသွားပဲ လက်တာလိုမျိုး အရမ်းထူးခြားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပေါ်လာခဲ့တာကြောင့်ဂရေဟမ် , လက်တာ နှစ်ယောက်ပေါင်းကာ အဲ့ဒီလူသတ်ကောင်ကို ထပ်မံဖမ်းဆီးရပါတော့တယ်။ အခန်းတိုင်းမှာ လျှိ့ကွက်လေးတွေရှိနေပြီး Genius ...
movie
Red Dragon (2002)
2002
The Two Popes (2019) 7.7
The Two Popes (2019) ၂၀၁၇ ခုနှစ် The Pope အမည်ရပြဇာတ်ကိုမှီငြမ်းရိုက်ကူးထားတဲ့၂၀၁၉ ခုနစ်ထွက် Biological Drama အမျိုးအစားပဲဖြစ်ပါတယ်....The Best Director Award ရရှိထားတဲ့ Fernando Meirelles ရိုက်ကူးထားတဲ့အပြင်IMDB ကလည်း 7.7/10 ရရှိထားတာဖြစ်ပါတယ်ဇာတ်လမ်းအမျိုးအစားကတော့ သူ့ဇာတ်ကားနာမည်အတိုင်းပုပ်ရဟန်းမင်းကြီးနှစ်ပါးအကြောင်းပဲဖြစ်ပါတယ်ပုပ်ရဟန်းမင်းကြီ ဘန်နဒစ်နံပါတ်ခြောက်ကရှေးရိုးဆန်ပြီး ခေတ်နောက်ပြန်ဆွဲတဲ့ Conservative တစ်ယောက်ပြီးတော့သူက ဂျာမန်လူမျိုးလည်းဖြစ်နေပါသေးတယ်..ဘုန်းတော်ကြီး ဘာဂိုလီယိုကတော့ ပြုပြင်ပြောင်းလဲရေးသမားအာဂျင်တီးနားလူမျိုးတစ်ယောက်...ကြမ္မာလှည့်ကွက်တွေကြောင့် သူတို့နှစ်ယောက် တွေ့ဆုံကြတဲ့အခါသူတို့နှစ်ယောက်ကြားက မတူညီတဲ့အတွေးအခေါ်တွေ...အပြုအမူတွေနဲ့... လုပ်ရပ်တွေကြားမှာဘယ်သူက တကယ့်ပြောင်းလဲမှုတွေဖန်တီးပေးနိုင်မလဲဆိုတာကိုစောင့်ကြည့်ရမယ့်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်...ဘာသာရေးဆက်နွယ်တဲ့ဇာတ်ကားဖြစ်ပေမယ့်လုံးဝမပျင်းမရိရပဲ ပညာသားပါတဲ့ဒိုင်ယာလော့ဒ်တွေအောက်မှာစီးမျောစေရမယ်လို့အာမခံပါတယ် File Size : ( 1 GB , 363  MB )Quality : ...
movie
The Two Popes (2019)
2019
Beowulf (2007) 6.2
Beowulf (2007) သူရဲကောင်းတို့ ခေတ်ကောင်းချိန်...Beowulf လို့ ခေါ်တဲ့ သူရဲကောင်းရဲ့ နာမည် ထွန်းထွန်းတောက်နေချိန်...တစ်ချိန်တည်းမှာပဲ ဘုရင် Hrothgar ရဲ့ တိုင်းပြည်မှာမိစ္ဆာဆိုး တစ်ကောင်မွှေလို့ တစ်တိုင်းပြည်လုံး အစည်းပြေ မီးသေနေတဲ့ အချိန်...ကြံရာမရတဲ့ အဆုံး ဘုရင်ခမျာ Beowulf ကို ရှေ့တော်တင်သွင်းပြီး မိစ္ဆာကို တိုက်ထုတ်ခိုင်းရတော့တယ်...အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်ပြီးနောက် ဒီအောင်မြင်မှုဟာဒီ့ထက်ပိုကြီးမားတဲ့ အမျက်ဒေါသနဲ့ လက်စားချေမှုကြီးတစ်ခုဆီကို ဦးတည်သွားတော့တယ်...မိစ္ဆာရဲ့ မိခင်ပါပဲ... ဆွဲဆောင်မှုရှိလွန်းခြင်းရဲ့ နောက်ကွယ်မှတစ်ဆက်တည်းဆိုသလို ပျက်ဆီးခြင်းတရားတွေပါ ပါလာတဲ့ မကောင်းဆိုးဝါးမပေါ့...သူမဟာ Beowulf အတွက် အနိစ္စတရားလေလား...IMDB - 6.2/10, RT - 71% Back to the Future နဲ့ Forrest Gumps တို့ရဲ့ ဒါရိုက်တာဖြစ်ပြီးVisual ရိုက်ချက်တွေကို ကျွမ်းကျင်လွန်းတဲ့ Robert Zemeckis ရဲ့ လက်ရာဖြစ်ပါတယ်။ဒါရိုက်တာတင် နာမည်ကျော်မဟုတ်ပဲ ပါဝင်တဲ့ Cast ...
movie
Beowulf (2007)
2007
King Lear (2018) 6.1
King Lear (2018) အင်္ဂလန်ပြည့်ရှင်မင်းကြီး King Lear ဟာ တိုင်းပြည်ကိုသုံးပိုင်းခွဲပြီး သမီးတော်သုံးဦးဆီမျှဝေပေးရာကနေ ဇာတ်လမ်းစပါတယ်... ကောက်ကျစ်တဲ့သမီးနှစ်ဦးရဲ့မြှောက်ပင့် စကားတွေကြား ဘ၀င်ခွေ့ခဲ့တဲ့ King Lear... မိမိအပေါ်စိတ်ရင်းနဲ့မေတ္တာထားတဲ့သမီးငယ်ကိုမှ ရက်စက်မိလေခဲ့တဲ့ King Lear... ယုတ်ညံ့သူတွေရဲ့မျက်နှာဖုံးကွာကျလာချိန်မှာ... အမှားအမှန်ကို ကွဲကွဲပြားပြားသိလာချိန်မှာ... အရာအားလုံးက ပြန်ပြင်ဆင်ဖို့အချိန်မှီပါဦးမလား... (ဒီရုပ်ရှင်ထဲမှာ ဘုရင်ကြီးလီယာဘေးက မိတ်ဆွေစစ်တွေရဲ့ တန်ဖိုးကိုလည်းဖော်ကျူးထားပါတယ်)။ Shakespear ရဲ့နာမည်ကျော် King Lear ၀တ္ထုကို ယနေ့ခေတ်အသွင်အပြင်နဲ့ ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။   Archi Than Gyi ဘာသာပြန်ပြီး အညွှန်းကိုယ်လဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
King Lear (2018)
2018
The Wolfman (2010) 5.8
The Wolfman (2010)  The Wolfman ဇာတ်ကားကို Director:Joe Johnston က ၂၀၁၀ခုနှစ်မှာရိုက်ကူးပြသခဲ့တာဖြစ်ပါတယ်။ ရုံတင်ပြီးနောက် American Box Office 139.8 millionထိ ရရှိထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ IMDb Rating -5.8/10  မင်းသား Benicio Del Toro ၊ မင်းသမီး Emily Blunt နဲ့ မင်းသားကြီး Anthony Hopkins တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဖြူစင်တဲ့နှလုံးသားပိုင်ရှင်တောင် လပြည့်ည ၀ုဘိန်းပန်းတွေပွင့်တဲ့အချိန် ဆုတောင်းမှားခဲ့မယ်ဆိုရင် သမန်းဝံပုလွေတစ်ကောင်အဖြစ်ကျိန်စာသင့်သွားစေနိုင်ပါတယ်။ ဇာတ်လမ်းကတော့ ၁၈၉၁ ခုနှစ်လောက်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင်တော့ Gwen ဆိုတဲ့အမျိုးသမီးတစ်ယောက်က သူနှင့်စေ့စပ်ထားသောBenဆိုသောသူ ရုတ်တရက် ပျောက်သွားတာကြောင့် သူ့ညီဖြစ်သူ လောရန့်ဆီသို့ အကူအညီတောင်းရန်သွားခဲ့ပါတယ်။ လော့ရန့် က သူ့နေရပ်ဖြစ်တဲ့ Blackmoorမြို့ကို ရောက်တဲ့အချိန်မှာဆိုရင်တော့ သူ့အကိုရဲ့ ရုပ်ပျက်ဆင်းပျက်အလောင်းကိုသာတွေ့ရပါတော့တယ်။ လောရန့်ဟာ သူ့အကို သေရတဲ့အမှု့နဲ့ပတ်သက်ပြီး စုံစမ်းရန် Blackmoorမြို့မှာပဲနေမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ Blackmoorမြို့သူမြို့သားတွေကတော့ လပြည့်ညလိုနေ့မျိုးဆို အပြင်မထွက်ကြတော့ပါဘူး။ ဒါပေမယ့် တစ်ခြားမြို့ကပြန်လာသော လောရန့်တစ်ယောက်ကတော့ Blackmoorမြို့သူမြို့သားတွေပြောနေကြတဲ့ သတ္တ၀ါဆိုးကြီးဆိုတဲ့ ကောလဟာလကို သေချာသိချင်တာကြောင့် သတ္တ၀ါဆိုးကြီးကို ဖမ်းရန်လုပ်နေသော အဖွဲ့များနှင့်လိုက်သွားခဲ့ပါတယ်။ ထိုလပြည်နေ့ညမှာဆိုရင်တော့ အေးဆက်နေသော လမင်းထံမှ ကြမ်းတမ်းလှစွာသော သေခြင်းတရားများကို ပေးသွားခဲ့ပါတယ်။ ဒါပေမယ့် လောရန့်တစ်ယောက် ထိုသတ္တ၀ါဆိုးကြီးအကိုက်ခံရပြီးနောက် အသက်ရှင်နေသေးတာကြောင့် Blackmoorမြို့သို့ပြန်ခေါ်ပြီး ကုသခဲ့ပါတယ်။ လူတိုင်းကသေလောက်ပြီဟုထင်မှတ်နေပေမယ့်လည်း သူရဲ့ဒဏ်ရာတွေက မထင်မှတ်စွာပဲ အလိုလိုပြန်ကောင်းလာခဲ့ပါတယ်။ ထို့နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ရှု့စားကြပါတော့...။ ဒီဇာတ်ကားဟာဆိုရင် Best ...
movie
The Wolfman (2010)
2010
Legends of the Fall(1994) 7.5
Legends of the Fall(1994) Legends of the Fall(1994) IMDb....7.5 ကျွန်တော်ငယ်ငယ်တုန်းက ၀တ္ထုတို တစ်ပုဒ်ဖတ်ဖူးတယ်... ခေါင်းစဉ် စာရေးသူကိုမမှတ်မိပေမယ့် သင့်အနားမှာ ကြိုးတစ်ချောင်းကို မထားပါနဲ့ဆိုတဲ့အကြောင်းအရာကို ရေးဖွဲ့ထားတာတော့ မှတ်မိတယ်... နှောင်ဖွဲ့မှုတွေများလာတဲ့အခါ လောကကြီးမှာ မလူးသာမလွန့်သာတဲ့အဖြစ် အကြောင်းလေးကိုရေးဖွဲ့ထားတာပါ..သို့ပေမယ့်လည်း အရွယ်ရောက်လာတော့ လောကကြီးနဲ့ မိမိဆက်သွယ်ထားဖို့ ကြိုးလေးတွေလိုအပ်ကြောင်းသိလာတယ်... ဒီကြိုးတွေဟာ တစ်ခါတစ်ရံအင်အားသိပ်ကောင်းတယ် ...ငါသူ့အတွက်အသက်ရှင်မှဖြစ်မယ်ဆိုတဲ့ အကြီးမားဆုံး စွမ်းအင်ရင်းမြစ်တစ်ခုလည်းဖြစ်နိုင်တာကိုးးး... Legends of the Fall ဆိုတဲ့ကားမှာတော့ ဖခင်နှင့် သားသမီးတွေကြားက ဆက်သွယ်ထားတဲ့ မေတ္တာနှောင်ဖွဲ့ကြိုးအကြောင်းကိုရိုက်ပြထားပါတယ်. ဖခင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Anthony Hopkins ကိုတော့ Silence of the Lambs မှာအော်စကာရခဲ့ သဘာဝမင်းသားကြီးကိုတော့ အားလုံးသိကြမှာပါ Brad Pitt ကတော့ ဒီကားဟာသူရဲ့ပထမဆုံးမင်းသား သရုပ်ဆောင်ဖြစ်ခဲ့တယ်လို့ဆိုကြတယ်. ..Anthony Hopkins ကိုတော့ ထူးပြီးချီးကျူးစရာမလိုပေမယ့် တက်သစ်စမင်းသား Brad Pittကတော့ ဒီကားမှာပဲ နာမည်ကြီးသွားတယ်... ဗိုလ်မှူးကြီးဟောင်းဖြစ်တဲ့ William မှာ သား(၃)ယောက်ရှိတယ်. ..သူ့သား(၃)ယောက်ကို အစိုးရ၀န်ထမ်း မဖြစ်စေချင်ဘဲ ငြိမ်းချမ်းစွာ အသက်မွေးနေထိုင်စေချင်တယ်. ..သားအလတ်ဖြစ်သူ Brad Pitt ကတော့ ညီအကိုထဲမှာ တမူကွဲထွက်နေတယ်. ..ဖခင်ရဲ့လူယုံတော် အင်ဒီးယန်းလူမျိုးမိသားစုထဲမှာကြီးပျင်းပြီး အမဲလိုက်သည်ကိုနှစ်ခြိုက်သည်. ..ခပ်ကြမ်းလူငယ်ငယ်တစ်ယောက်ဟုဆိုရမည်ဖြစ်သည်... ပထမ ကမ္ဘာစစ်ဖြစ်တော့ ဖခင်ရဲ့ ဆန္ဒကိုငြင်းပယ်ပြီး သား(၃)ယောက်လုံးစစ်ထဲဝင်သွားခဲ့သည်.... ဒီကားဟာ သိပ်ကိုကောင်းလွန်းတဲ့ Drama, Romance, War ဇာတ်ကားအမျိုးအစားပါ... ...Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲညွှန်းဆိုပါရစေ ခံစားကြည့်လိုက်ပါဦး.... File Size ...
movie
Legends of the Fall(1994)
1994
Bram Stoker’s Dracula (1992) 7.4
movie
Bram Stoker’s Dracula (1992)
1992
Meet Joe Black (1998) 7.2
Meet Joe Black (1998) Meet Joe Black (1998)______IMDb - 7.2/10ဒီကားလေးကတော့ ၁၉၉၈ခုနှစ်ထွက် Drama, Fantasy, Romance  ကားလေးတစ်ကားဖြစ်ပါတယ်။ မင်းသားကြီး BradPitt ရဲ့ငယ်စဉ်တုန်းကကားကောင်းလေးပါ။ IMDb rating 7.1 ထိရထားတဲ့ကားလေးလဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ BradPitt ဟာ သေမင်းတမန်တစ်ဦးဖြစ်ပြီး အသက်၇၀ပြည့်မွေးနေ့ပွဲကို သွားရောက်နေတဲ့စီးပွားရေးသမား တစ်ဦးကို သွားရောက်ခေါ်ဖို့ပါပဲ။ အဲဒီအဘိုးကြီးတစ်ယောက် မွေးနေ့နီးမှ နားထဲမှာ ထူးဆန်းတဲ့အသံတွေဆက်တိုက်ကြားနေပေမယ့် လျစ်လျူရှုပြီးလုပ်စရာတွေဆက်လုပ်နေခဲ့တာပါ။ ဒါပေမယ့် သေမင်းတမန်ကတော့ အိမ်ထိပေါက်ချလာတော့တာပဲ။ BradPitt တစ်ယောက်မကြာသေးခင်ကမှ ပူပူနွေးနွေးသေထားတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ထဲကိုဝင်ပူးပြီးအိမ်ထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတာပါ။ သို့သော် စူးစူးစမ်းစမ်းလုပ်ခဲ့တဲ့ သေမင်းတမန်ဖြစ်လေတာကြောင့် စီးပွားရေးသမား အဘိုးကြီးနဲ့ အပေးအယူလုပ်ကြတော့တာပါပဲ။ အဲဒါကတော့ BradPitt စိတ်ရှိသရွေ့ လူ့လောကကို သေချာလေ့လာကျင်လည်နေသမျှကာလပတ်လုံး အဲဒီအဘိုးကြီးက Guide အနေနဲ့လုပ်ပေးရမှာဖြစ်ပြီး သူပြန်မသွားသရွေ့ အဘိုးကြီးလည်းသေမှာမဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် Joe Black လို့နာမည်ပေးထားတဲ့ သေမင်းတမန်တစ်ယောက်နဲ့ စီးပွားရေးသမားအဘိုးကြီးတို့ ဘယ်လိုကမောက်ကတွေဖြစ်မလဲ။ လူ့လောကကိုထဲထဲဝင်ဝင် ကျင်လည်လိုက်ရတဲ့အခါ သေမင်းတမန်ကြီးဘယ်လို တွေခွကျကျလုပ်မလဲဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ အဲဒီနောက် သေမင်းတမန်ကြီးရော လူ့လောကကနေပြန်ထွက်သွားနိုင်ပါ့မလား။ ဘယ်လိုနောက်ဆံတင်းစရာတွေ ဘယ်လိုသံယောဇဉ်ကြိုးလေးတွေကျန်ခဲ့မှာလဲ။ အဘိုးကြီးလည်း ဘယ်လိုတွေ တိုင်ပတ်မလဲ…. မသေချင်လို့ခေါ်ထားကာမှ ဘယ်လိုသေချင်စိတ်ပေါက်အောင် ...
movie
Meet Joe Black (1998)
1998
RED 2 (2013) 6.6
RED 2 (2013) RED 2 (2013) IMDb - 6.6/10_____Rotten - 44%    ဒီတစ်ခါတော့ RED 1 ရဲ့အဆက် RED 2 ဆိုတဲ့အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပထမဇာတ်ကားထဲမှာလိုပဲ အချစ်နဲ့ အက်ရှင်ကိုခပ်မြူးမြူးလေး ပေါင်းစပ်ရိုက်ကူးထားတာပါ ပထမကားကိုကြည့်ထားပြီးတဲ့ပရိသတ်တွေကိုအေးဂျင့်ဟောင်းကြီးဖရန့်ခ်နဲ့ ဆာရာတို့ရဲ့ အချစ်ဇာတ်လမ်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးဖို့မလိုတော့ဘူးထင်ပါတယ် ဖရန့်ခ်ကသူ့ကောင်မလေးကို အရမ်းချစ်ပြီး ဘာမှမဖြစ်စေရအောင်သူပဲ ကာကွယ်ပေးချင်နေပါတယ် ဆာရာကလဲ အဲလိုကာကွယ်ခံရတဲ့ဘဝကိုငြီးငွေ့နေပြီး သူ့ချစ်သူအရိပ်အောက်ကလွတ်ဖိ မာဗင်ရဲ့အကူအညီယူပြီး ကြိုးစားပါတော့တယ် အေးဂျင့်တွေရဲ့ အလုပ်ကိုဘာမှသေချာနားမလည်တဲ့ ဆာရာတစ်ယောက် ဘယ်လိုအလွဲတွေလုပ်မလဲဆိုတာ ဟာသရှုထောင့်ကနေ ထင်သာမြင်သာရိုက်ပြထားပါတယ် ဒါ့အပြင် ဒီကားထဲမှာ ထပ်ထူးခြားတာကတော့နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသား လီဗြောင်ဟွန်း ပါဝင်သရုပ်ဆောင်ထားပါတယ် ထုံးစံအတိုင်း သူ့ရဲ့ အလန်းစားတိုက်ကွက်တွေကိုဖရန့်ခ်တို့ RED အုပ်စုရဲ့ ပစ်ခန်းခတ်ခန်းအက်ရှင်ပြကွက်တွေနဲ့အတူပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတစ်ခုဖြစ်လာတာပါ ဖရန့်ခ်တို့ ဘာပြသနာတွေရင်ဆိုင်ရမလဲ ဘယ်လိုတွေဖြေရှင်းကြလဲ အောင်မြင်ပါ့မလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဇိမ်ပြေနပြေနဲ့ ကြည့်ရှုခံစားကြပါဦးလို. ဇာတ်လမ်းဇာတ်အိမ်ရော ရိုက်ကွက်တွေရောရိုးမသွားစေရဘဲ ပထမဇာတ်ကားနဲ့ အပြတ်အသတ်ယှဉ်နိုင်တဲ့ဇာတ်ကားဆိုတာ ကြည့်လိုက်တာနဲ့ ပြောစရာမလိုအောင်သိနိုင်တယ်ဆိုတာ အာမခံပါတယ်ဗျာ အက်ရှင်ကြိုက်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ တကယ့်ကို ပြောင်မြောက်တဲ့အက်ရှင်ကားတစ်ကားဆိုတာလဲ ညွှန်းပေးပါရစေနော်   (ဘာသာပြန်သူ ကတော့ မေသရဖီလွင် ပါ )    File Size : (850 MB) Quality : ...
movie
RED 2 (2013)
2013
The Mask of Zorro (1998) 6.7
The Mask of Zorro (1998) The Mask of Zorro (1998) IMDb - 6.7/10_____Rotten - 82%  ဇာတ်လမ်းအကြောင်းလေး နည်းနည်းရှင်းပြမှ ဇာတ်ရည်လည်နိုင်မှာဖြစ်တဲ့အတွက် နည်းနည်းရှင်းပြပါရစေ။ဇာတ်လမ်းစတဲ့ ၁၈၂၁ ခုနှစ်မှာ အခုအမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ဟာ စပိန်လက်အောက်ခံပြည်နယ်လေးတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေကို မက္ကဆီကိုနဲ့စပိန်တို့က တလှည့်စီအုပ်စိုးနေကြတာဖြစ်ပါတယ်။ ဇာတ်လမ်းအဖွင့်မှာတော့ ကာလီဖိုးနီးယားကို စပိန်တွေလက်ထဲက မက္ကဆီကိုဗိုလ်ချုပ်ကြီး ဆန်တာအန်နာက ပြန်သိမ်းတော့မှာကြောင့် စပိန်မြို့တော်ဝန် ဒွန် ရာဖေယဲလ် မွန်တယ်ရို ထွက်ပြေးတော့မယ့်အခန်းနဲ့စပါတယ်။အဲဒီ ဒေသကို စပိန်တွေအုပ်စိုးခဲ့စဉ်တစ်လျှောက် ပြည်သူတွေကိုနိုင်ထက်စီးနင်းလုပ်ခဲ့တာကြောင့် ဇောရိုးဆိုတဲ့မျက်နှာဖုံးရှင်လူစွမ်းကောင်းက စပိန်အစိုးရကို တော်လှန်ပြီး ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့ပါတယ်။  ဒါကြောင့် ဒွန် ရာဖေယဲလ်ဟာ ထွက်ပြေးခါနီးဆဲဆဲမှာ ဇောရိုးကို သုတ်သင်နိုင်ဖို့ အစီအစဉ် တစ်ခုဆွဲခဲ့ပါတယ်။ ဒါပေမယ့် မင်းသားတို့ ညီအကိုက ကူညီပေးခဲ့လို့ အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပါတယ်။ဒွန် ရာဖေယဲလ်ဟာ ဇောရိုးဘယ်သူလည်းလို့ ရိပ်မိသွားလို့ သွာဖမ်းတဲ့အခါ ဇောရိုးတစ်ဖြစ်လည်း စပိန်လူကြီးလူကောင်းဖြစ်တဲ့ ဒွန် ...
movie
The Mask of Zorro (1998)
1998