Channel Myanmar

Anthony Jensen

Planetquake (2024)
Planetquake (2024) 2024 ခုနှစ်ထွက် Disaster, sci-fi ကားလေးတစ်ကား လာပါပြီ။ထုံးစံအတိုင်း ကမ္ဘာကြီးကို ဘေးအမျိုးမျိုးနဲ့ ဒါရိုက်တာတွေက လက်စွမ်းပြဖျက်ဆီးကြမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဦးသန်မာကမ္ဘာကြီးပဲ ယက်ကန်ယက်ကန်နဲ့ ဆက်လက်တည်ရှိသွားမယ့် ဇာတ်လမ်းကျောရိုးပါ။ ကဲ အခုတစ်ခါလည်း ကမ္ဘာကြီးကို ဘယ်လိုဇာတ်လမ်းဆင်ပြီး ဖျက်ပြကြဦးမလဲ ကြည့်ကြရအောင်ပါ။ဒေါက်တာ မီလီ၊ ဒေါက်တာ ဒရက်စ်ဒန်မောင်နှမဟာ ငလျင်ဗေဒပညာရှင် ဉာဏ်ကြီးရှင်ငတော်ကြီးနှစ်ယောက်ပါ။ ပြောရရင် အစ်ကိုဖြစ်သူဒရက်စ်ဒန်က ပိုတော်ပါတယ်။ တော်လွန်းလို့ အမေရိကန်စစ်တပ်က အာကာသနျူကလီးယားလက်နက်အခြေစိုက်စခန်းစီမံကိန်းမှာ ခေါ်ခန့်ပါတယ်။ ကောင်းစေချင်လို့ နတ်ပြည်တင်ပေးတာကို မြင့်တယ်ထင်တဲ့သကောင့်သားက ဒီလိုလက်နက်တွေမရှိသင့်ဘူးဘာညာစသဖြင့် စာရိတ္တတရားတွေ စွတ်ရှိပြပြီး လျို့ဝှက်ဖိုင်တွေခိုးပြေးကာ တစ်လောကလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်းနေပါတယ်။ဇာတ်လမ်းက အခုမှစမှာပါ။နျူကလီးယားအကြွင်းအကျန်တွေရှင်းတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဘယ်ကဘယ်လိုကလိလိုက်တယ်မသိ၊ ကမ္ဘာ့မြေအောက်ကျောက်ချပ်လွှာတွေ ဆက်စပ်နေတဲ့ ငလျင်ပြတ်ရွှေ့ကြောတွေကို လှုပ်နိုးလိုက်သလို ဖြစ်ပြီး ငလျင်တွေထလှုပ်ပါတယ်။ ရစ်ချ်တာ ၈ လောက်အထိတက်တဲ့ငလျင်တွေဆိုတော့ ပြင်းအားကတော့ ခန့်မှန်းသာကြည့်ကြပါတော့ခင်ဗျာ။ အဲ့အချိန်မှာ ဒေါက်တာ ...
movie

Planetquake (2024)

Transmorphers: Mech Beasts (2023)
Transmorphers: Mech Beasts (2023)  နာမည်ကြည့်လိုက်တာနဲ့ စက်ရုပ်ကားဆိုတာ အထူးတလည်ညွှန်းနေစရာမလိုပါဘူး....။ဇာတ်လမ်းအကျဥ်းကတော့ 2024ခုနှစ်အရောက်မှာ ကမ္ဘာပေါ်ကသက်ရှိတိုင်းကိုသုတ်သင်ပစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပရိုဂရမ်ဆွဲထားတဲ့ Z-botsစက်ရုပ်တွေနဲ့လူသားတွေဟာ စစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှတဲ့လူသားတွေဘက်က အရေးနှိမ့်ခဲ့ပါတယ်...။လူသားတွေဟာ ဒီစက်ရုပ်တွေကိုပြန်တိုက်ခိုက်နိုင်ဖို့၊ဗျူဟာချပြင်ဆင်ဖို့အတွက်ကမ္ဘာ့မျက်နှာပြင်အောက်သို့ ‌‌ရွေ့ပြောင်းနေထိုင်ရင်း ခုခံစစ်သာဆင်နွှဲနေခဲ့ရပါတယ်...။နှစ်၃၀၀ကြာသွားပြီးနောက်မှာတော့ လူသားတွေဟာ ဇီဘော့တွေကို အနိုင်တိုက်နိုင်ပြီးကမ္ဘာ့မြေမျက်နှာပြင်ကို ပြန်တက်လာနိုင်ခဲ့ပါပြီ....။ဇာတ်လမ်းက အခုမှစမှာပါ....။ကံဆိုးချင်တော့ လူသားတွေရဲ့အနိုင်ဟာ တကယ့်အောင်ပွဲအစစ်မဟုတ်ခဲ့ဘဲစက်ရုပ်တွေရဲ့လှည့်ကွက်ဖြစ်နေခဲ့ပါတယ်....။ဒီလိုနဲ့ လူသားတွေနဲ့ စက်ရုပ်တွေရဲ့စစ်ပွဲကြီးဟာ နောက်တစ်ကျော့ပြန်လာခဲ့တဲ့အခါ.....။  File size…1.47GB / 743MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 25m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Transmorphers: Mech Beasts (2023)

Who Killed Cooper Dunn? (2022) 5.8
Who Killed Cooper Dunn? (2022) Who Killed Cooper Dunn? (2022)တောကြီးမျက်မည်းထဲကို ခရီးထွက်လာကြတဲ့ သူငယ်ချင်း ၆ယောက်၊ သူတို့ဘဝရဲ့စိတ်ညစ်စရာတွေကနေ ကင်းဝေးအောင် အပန်းလာဖြေကြတဲ့ သူငယ်ချင်း ၆ယောက်၊ တစ်ယောက် ပြဿနာတစ်မျိုးစီနဲ့ သူငယ်ချင်း ၆ယောက်ပေါ့။ ခရီးပထမဆုံးနေ့မှာပဲ သူတို့အဖွဲ့ထဲကတစ်ယောက် ဖိတ်ခေါ်လာတဲ့ လူစိမ်း ၃ယောက်ရောက်ရှိလာပါတော့တယ်။ အဲဒီလူစိမ်းဆီကပါလာတဲ့ မူးယစ်ဆေးတွေကို သုံးစွဲပျော်ပါးမိကြပြီးတဲ့နောက်...နောက်တစ်ရက်မနက်မှာတော့ သူတို့အဖွဲ့ထဲက ကူးပါးဒွန်းဆိုတဲ့ သူငယ်ချင်းတစ်ယောက် နဖူးကိုရိုက်နှက်ခံထားတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ တောကြီးမျက်မည်းထဲမှာမလို့ လူသတ်တရားခံဟာ အသက်ရှင်ကျန်ရစ်တဲ့လူ ၈ယောက်ထဲက ၁ ယောက်ဖြစ်ကိုဖြစ်ရမှာပါ။ လူသတ်သမားကလူထပ်သတ်ဦးမလားလည်း မသိနိုင်ပါဘူး။အဲဒီလူသတ်သမားကို သူတို့ရှာနိုင်ပါ့မလား... လူသတ်သမားကိုရှာဖွေရင်း သူတို့ရဲ့အန္တရာယ်ကိုရှောင်ရှားနိုင်မှာလား...အဲဒီမေးခွန်းရဲ့ အဖြေကိုတော့ ခု ၂၀၂၂ ထွက် IMDb 5.8/10 ရ Mystery, Thriller ကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျား။(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.4GB, 580MB Quality ...
movie

Who Killed Cooper Dunn? (2022)

2022
Loco (2020) 6.7
Loco (2020) Loco (2020)==========IMDb Rating - 6.7/10#Unicodeဇာတ်လမ်းတည်ဆောက်ပုံက Breaking Bad Series နဲ့ နည်းနည်းဆင်တယ်....BrBa မှာ Meth ချက်ပေမယ့် ဒီကားမှာတော့ လိုကို(Loco) ချက်တာပေါ့။ လိုကိုဆိုတာမူးယစ်ဆေးတစ်မျိုးရဲ့နာမည်ပါ။ မက္ကဆီကို နယ်မြို့လေးတစ်ခုမှာ အကောင်းဆုံး Drugတစ်မျိုးလို့လည်းပြောလို့ရတယ်။ ဒီ မူးယစ်ဆေးလောကထဲကို အဲလက်စ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို လက်စတာဆိုတဲ့ လိုကိုချက်တဲ့ မူးယစ်ရာဇာတစ်ယောက်ကခေါ်သွင်းခဲ့တယ်( မသိရင် ဝေါ်တာ ဝှိုက်နဲ့ ဂျက်ဆီပင့်မန်းအတိုင်းပဲ)။ အဲလက်စ်တို့အဖွဲ့ဟာ တစ်ဖက်မှာလည်းမူးယစ်လောကမှာ ဘုရင်လို့ပြောလို့ရတဲ့ တလာမိုကိုရှောင်ရပါတယ်။ တလာမိုဆိုတာ နာမည်သာကြားဖူးပြီး ဘယ်သူမှမမြင်ဖူးတဲ့ ဆရာကြီးပေါ့။ အဲလက်စ်ဟာ တလာမိုနဲ့သွားရှုပ်မိပြီးလက်စတာ, တလာမို မူးယစ်ရာဇာ ၂ ယောက်ရဲ့ အားပြိုင်မှုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။တလာမိုဆိုတာ ဘယ်သူဖြစ်မလဲ .....အဲလက်စ်တို့အဖွဲ့ရော တလာမိုလက်အောက်က လွတ်နိုင်မှာလား .....ဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ ဇာတ်လမ်း Climax လို့ပြောလို့ရတဲ့ Ending ပိုင်းမှာwtf လို့ထယောင်မိအောင် plot ...
movie

Loco (2020)

2020