Channel Myanmar

Anton von Lucke

All Quiet on the Western Front (2022) 8
All Quiet on the Western Front (2022) Im Westen nichts Neuesဂျာမန်စစ်ကားအသစ်ထွက်လာပါပြီ။ အနောက်ပိုင်းစစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်လို့ ဆိုတဲ့ နာမည်အတိုင်းပဲ အနောက်ပိုင်းစစ်မြေပြင်က တိုက်ပွဲတွေအကြောင်းပါပဲ။ 1930 နဲ့ 1973 မှာလည်း ဒီနာမည်နဲ့ ရုပ်ရှင်တွေ ထွက်ခဲ့ပါသေးတယ်။ အနောက်ပိုင်းစစ်မြေပြင်ဟာ ပထမကမ္ဘာစစ်ရဲ့ ကမ္ဘာကျော်တိုက်ပွဲကြီးတွေ ဖြစ်ခဲ့တဲ့နေရာပါပဲ။ တစ်ဘက်နဲ့တစ်ဘက် မီတာ ၁၀၀ လောက် ရှေ့တိုးနိုင်ဖို့ လူ တစ်သန်းလောက် အသေခံခဲ့ရတဲ့ စစ်မြေပြင်လည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ပထမကမ္ဘာစစ်အစကနေ အဆုံးအထိ စစ်သားတွေရဲ့ တိုက်ပွဲတွေနဲ့ ဖြတ်သန်းမှုတွေကို တွေ့ရမှာပါ။ သဘောကျစရာကောင်းလာတာကတော့ စစ်ကားအများစုဟာ စစ်ပွဲကို သူရဲကောင်းဝါဒထက် စိတ်ကုန်စရာ စိတ်ပျက်စရာဖြစ်အောင် ပုံဖော်ခဲ့ကြတာ အတော်များလာပါပြီ။ Kingsmen နောက်ဆုံးရုပ်ရှင်မှာ ကဗျာရွတ်သွားတဲ့အခန်းလိုပါပဲ။ ဒီရုပ်ရှင်မှာလည်းဒီလိုပါပဲ စစ်ပွဲပြီးဆုံးရေးကို ဦးတည်မျှော်လင့်နေတဲ့ စစ်သားတွေအကြောင်းပါပဲ။ "ငါ့သားလည်း စစ်ပွဲထဲမှာ သေသွားတာပဲကွ၊ သူတော့ ဘာဂုဏ်သိက္ခာမှ ခံစားမိလိုက်တယ် မကြားပါဘူး" ဆိုတဲ့ ...
movie

All Quiet on the Western Front (2022)

Great Freedom(2021)
Great Freedom(2021) ဒါကတော့ ဂျာမာန်စကား‌ပြော Queer movie ခလေးပါ။ဒုတိယကမ္ဘာစစ်အပြီး အနောက်ဂျာမဏီမှာ ပြည်သူတွေကနာဇီခေတ်ကထက်ပိုမို လွတ်လပ်လာပေမယ့် လိင်တူစိတ်၀င်စားသူတွေကို တော့ဖိနှိပ်ထားဆဲပါ။Hans Hoffman ဆိုတဲ့လိင်တူစိတ်၀င်စားသူဟာ လိင်တူဆက်ဆံခြင်းကို အပြစ်ပေးတဲ့ဥပဒေတွေကြောင့် ထောင်မကြာခဏကျခံနေရပါတယ်။ ထောင်ထဲမှာလည်း ဂေးတစ်ယောက်ဖြစ်နေလို့ ထောင်သားအချင်းချင်းခွဲခြားဆက်ဆံခြင်းကိုလည်း ခံရပါတယ်။ဟန်းစ်ရဲ့အခန်းဖော်ကတော့ လူသတ်မှုနဲ့ထောင်ကျနေတဲ့ ဗစ်တာပါ။ဗစ်တာကလည်း လိင်တူဆက်ဆံသူတွေကို မုန်းတီးစိတ်ရှိသူဖြစ်ပေမယ့် အချိန်ကြာလာတော့ ဟန်းစ်နဲ့ခင်မင်ရင်းနှီးသွားပြီး မမျှော်လင့်ပဲသံယောဇဉ် တွယ်လာပါတယ်။ 2021ကထွက်ရှိပြီး Canns ရုပ်ရှင်ပွဲမှာ ဆုရခဲ့ပါတယ်။လိင်တူစိတ်၀င်စားသူတွေကိုဖိနှိပ်မှု၊ အကျဉ်းကျခံရသူအချင်းချင်းကြားက ရဲဘော်ရဲဘက်စိတ်ဓာတ်တို့ကို ပြထားပါတယ်။ ရုပ်ရှင်က ဟန်းစ်ပထမဆုံးထောင်ကျတာနဲ့ နောက်ဆုံးထောင်ကျတာကိုတစ်လှည့်စီပြထားပါတယ်။File size…(3.09gb)/(1.38GB)/(680MB)Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP
movie

Great Freedom(2021)