Channel Myanmar

Antonio Garrido

Rescue Under Fire (2017) 6.2
Rescue Under Fire (2017)  Original Title: Zona Hotsilအာဖဂန်နစ္စတန် စစ်မြေပြင်ထဲက စပိန်တပ်မတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ MEDEVAC လို့ခေါ်တဲ့ ဆေးဖက်ဆိုင်ရာ ဟယ်လီကော်ပတာတပ်ဖွဲ့အကြောင်းကိုအဓိက အခြေပြုထားတာပါ။MEDEVAC ၂ ဖွဲ့ထဲက တစ်ဖွဲ့ကို ရန်သူ့နယ်မြေထဲ ဒဏ်ရာရသူတွေကိုကယ်ထုတ်ဖို့ဆိုပြီး စေလွှတ်ရာမှာ ဟယ်လီကော်ပတာဆင်းသက်ချိန်မြေမညီတဲ့အတွက် ဘီးချော်ပြီး ယာဉ်တိမ်းမှောက်ခဲ့ရပါတယ်။အဲဒီမှာ အထဲကလူတွေ ထိခိုက်မှုမရှိပေမဲ့လည်း အသံတွေကကျယ်လောင်ပြီး ရန်သူ့နယ်မြေထဲ ဖြစ်တဲ့အတွက် နောက်ထပ်ကယ်ဆယ်ရေးမလာခင် အသက်ရှင်ဖို့ လုံးပမ်းရမှာပါ။တစ်ဖက်မှာလည်း စခန်းမှာက MEDEVAC ယာဉ် ၂ စီးပဲ ရှိတဲ့အတွက်ဒီပျက်ကျတဲ့တစ်စီးကို မရရအောင် သယ်ထုတ်မယ်ဆိုပြီးမဟာဗျူဟာနဲ့ နောက်နေ့ အရုဏ်တက်မှာ အရကယ်ဆယ်ဖို့ကြံစည်ကြပါတယ်။ ဒီလိုနဲ့ ပျက်ကျတဲ့ MEDEVAC တပ်ဖွဲ့ရယ်စခန်းစောင့်တပ်ဖွဲ့တွေရယ် ကယ်ဆယ်ရေးမလာခင် တစ်ညတာကိုရန်သူတာဘီဘန် နယ်မြေထဲမှာ ဘယ်လိုမျိုး စွန့်စွန့်စားစားနဲ့ဖြတ်သန်းရမလဲ ကယ်ဆယ်ရေးအချိန်မှီလာမလားဟယ်လီကော်ပတာကိုလည်း သယ်သွားနိုင်ပါ့မလား စသဖြင့်ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် စပိန်ဖြစ်ရပ်မှန် စစ်ကားလေးပဲဖြစ်ပါတယ်။IMDB မှာလည်း 6.2 ရရှိထားပါတယ်။ File ...
movie

Rescue Under Fire (2017)

The Beach of the Drowned (2015) 6.1
The Beach of the Drowned (2015) The Beach of the Drowned (2015) ======================== IMDb Rating - 6.1/10မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ အင်မတန်သေးငယ်တဲ့ အပြစ်ပဲဖြစ်ဖြစ်၊ အကြီးဆုံးအပြစ်ပဲဖြစ်ဖြစ် မကောင်းမှုပါပဲ။ ဘယ် လောက်ပဲဖုံးဖိထားထား အချိန်တန်ရင် ဘူးပေါ်သလိုပေါ်ရတာချည်း ပါပဲ။ အခုမိတ်ဆက်ချင်တဲ့ဇာတ်ကားလေးဟာလည်း သင်္ဘောသား တစ်ယောက် အသတ်ခံရပြီး ကမ်းခြေမှာပေါ်လာတာကစပြီး တရားခံ တွေ ဖုံးကွယ်ထားတဲ့အမှုတွေ တစ်ခုပြီးတစ်ခုပေါ်လာတဲ့ စပိန်မှုခင်း ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ပန်ဂျွန်ဆိုတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာ ကာစတယ်လိုဆိုတဲ့ သင်္ဘော သားရဲ့အလောင်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ စုံထောက် လီယိုကယ်လ် ဒက်စ် နဲ့ အရာရှိ ရာဖာအက်စ်တီဗက်စ် တို့ဟာ ဒီအမှုကိုဖော်ထုတ်ဖို့ ရောက်ရှိလာကြပါတယ်။ သူတို့စုံစမ်းရင်း သိလာရတာက ဒီအမှုဟာ သာမာန်လူသတ်မှုတင်မဟုတ်ပဲ လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ ရေဘက်ကာနီရာ ဆိုတဲ့အမျိုးသမီးရဲ့ အမှုနဲ့ပါဆက်စပ်နေတာကို တွေ့လာ ရပါတယ်။သူတို့တွေဟာ ကာစတယ်လိုကိုသတ်ခဲ့တာ ဘယ်သူဖြစ်မလဲ၊ ပျောက် ဆုံးနေတဲ့ အမျိုးသမီး ရေဘက်ကာကရော ဘယ်ရောက်နေမလဲ၊ တရားခံ ဘယ်နှယောက်လောက်ရှိနေမလဲ၊ အမှုနှစ်ခုဟာ ဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို စုံစမ်းဖော်ထုတ်တာဟာ စိတ်၀င်စားဖို့ကောင်းလွန်းတာကြောင့် မှုခင်းဇာတ်လမ်းကြိုက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jaka ဖြစ်ပါတယ်)File ...
movie

The Beach of the Drowned (2015)

2015