Channel Myanmar

Antonio Resines

Summer Vacation [ Vacaciones de verano ] (2023)
Summer Vacation [ Vacaciones de verano ] (2023)   "နွေရာသီအားလပ်ရက်"လို့အမည်ရတဲ့ ဟာသရုပ်ရှင်ကားသစ်လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အော်စကာနဲ့ ဖီးလစ်တို့ဟာ သူငယ်ချင်းနှစ်ယောက်ပါ။ အော်စကာမှာတော့ ခရစ်စတိုဘော နဲ့ လော်ရာဆိုပြီး သားတယောက် သမီးတယောက်ရှိပြီး ဖီးလစ်မှာတော့ ကာမင်ဆိုတဲ့ သမီးတယောက်ရှိပါတယ်။ဖီးလစ်ဟာ ရိုးသားကြိုးစား အရှက်အကြောက်ကြီးပြီး ပိန်ပါးသလောက် အော်စကာကတော့ အပျင်းကြီးပြီး အကျင့်ပုပ်တဲ့ လူ၀၀ကြီးပါ။တနေ့မှာတော့ သူတို့နှစ်ယောက်ဟာ ရုတ်တရက်ဆိုသလို ကုမ္ပဏီကနေအလုပ်ပြုတ်သွားပြီး ဟိုတယ်တခုမှာ အလုပ်သွားလုပ်ဖို့အကြောင်းဖန်လာပါတယ်။ဒါပေမဲ့ အလုပ်သွားလုပ်တဲ့အခါမှာ ‌ဖီးလစ်နဲ့ အော်စကာနှစ်ယောက်တည်းမဟုတ်ဘဲ သူတို့ရဲ့ သားသမီးသုံး‌ယောက်ပါ လိုက်ပါလာဖို့အကြောင်းဖန်လာတဲ့အချိန်မှာတော့ ဟိုတယ်ကိုရောက်သွားတဲ့အချိန်မှာ ဖီးလစ်တို့သူငယ်ချင်းနှစ်ယောက် ကလေးတသိုက်နဲ့ ဘယ်လိုတိုင်ပတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအစပိုင်းက အကြောင်းအရာတွေကို စပွိုင်လာဖြစ်မှာစိုးတာကြောင့် ရီဗျူးကိုတိုတိုပဲရေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ချင်မောချင်ရင်တော့ ကြည့်ဖို့ရွေးချယ်သင့်ကြောင်း အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုရပ်လိုက်ပါတော့မယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant
movie

Summer Vacation [ Vacaciones de verano ] (2023)

Cell 211 (2009) 7.6
Cell 211 (2009) Cell 211 ဇာတ်လမ်းအညွှန်း********************၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းဖြစ်ပြီး IMDB 7.6 တောင်ရရှိထားတာမို့ အချဉ်တော့မဟုတ်ဘူးပေါ့နော်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဟူအန်းအိုလီဗာအကြောင်းကနေ စပြောရမှာပဲ။ ဟူအန်းက အသက် ၃၀၊ မိန်းမရှိတယ်။ သူ့မိန်းမက မွေးခါနီးဖွားခါနီး ကိုယ်ဝန်ကြီးနဲ့ မပေါ့မပါးပေါ့… ဟူအန်း အရင်က သားသတ်ရုံမှာအလုပ်လုပ်ရတာ၊ အခုတော့ ထောင်စောင့်အနေနဲ့ အလုပ်သစ်ရထားပြီ။ မနက်ဖြန်စဆင်းရမယ်ဆို ဒီနေ့လိုနေ့မှာ သူ ထောင်အခြေအနေကို လေ့လာဖို့ ထွက်လာခဲ့တယ်။ သားသမီးရလာတော့မယ်ဆိုတော့ အလုပ်ကြိုးစားချင်စိတ်ကြောင့်ပဲဆိုပါတော့လေ။ သူအလုပ်လုပ်ရမယ့်ထောင်မှာကလည်း တကယ့်ကိုဆိုးပေ့မိုက်ပေ့ လူဆိုးကြီးတွေချည်းပဲ။ ထောင်ကြီးကလည်း တကယ့်ကိုအိုဟောင်းစုတ်ပြတ်နေပြီ။ ကံဆိုးချင်တဲ့ ဟူအန်းတစ်ယောက် ထောင်ကိုရောက်ပြီး လှည့်ပတ်ကြည့်ရှုလို့ သိပ်မကြာခင်မှာပဲ ခေါင်မိုးပြိုကျလို့ ထိပ်ပေါက်ပါလေရောလား…တစ်ပူပေါ်တစ်ပူဆင့်ချင်တော့ အဲဒီချိန်မှာပဲ ထောင်ထဲက ခေါင်းဆောင်လို့ဆိုရမဲ့ မာလာမာဒရစ်က အစောင့်လက်ကနေ လွတ်လာပြီး ထောင်ဆူတော့တာပါပဲ။ ဒီလိုနဲ့ ဟူအန်းတစ်ယောက် အကျဉ်းခန်း ၂၁၁ ထဲမှာ ပိတ်မိနေရာက သူ့ကိုယ်သူ အသစ်ရောက်လာတဲ့ထောင်သားပါလို့ အားလုံးယုံအောင်ဖြီးဖြန်းခဲ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ...
movie

Cell 211 (2009)

2009