Channel Myanmar

Anugrah Pratama

Kapan Hamil? (2023)
Kapan Hamil? (2023) Kapan Hamil [2023]အယ်လန်နဲ့ နာဒရာတို့ လက်ထပ်ထားတာ ၃နှစ်ရှိပြီဖြစ်သည့်တိုင် ကလေးမထွန်းကားသေးတာက သူတို့အတွက် ပြဿနာတစ်ခုဖြစ်လို့နေပါတယ်... ပြဿနာဖြစ်ရခြင်းရဲ့ အဓိကလက်သည်ကတော့ အယ်လန့်အမေပါ .. အယ်လန့်အမေက တချိန်လုံး နာဒရာ့ကို ကိုယ်ဝန်ရှိမရှိနဲ့ ပက်သက်ပြီးတော့ စစ်လားဆေးလားမေးလားမြန်းလား လုပ်လွန်းတဲ့အတွက် သူတို့လင်မယားအဖို့ စိတ်ဖိစီးစရာ ဖြစ်နေပါတော့တယ်... ဒီလိုနဲ့ တနေ့မှာ သူတို့နှစ်ဦး ဆေးခန်းပြဖို့ သဘောတူလိုက်ကြပါတော့တယ်... အယ်လန်ရဲ့မိခင်က သူ့သားဟာ သားသမီးအရမ်းထွန်းကားတဲ့ မျိုးရိုးကဆင်းသက်လာသူမို့ ကိုယ်ဝန်မရရခြင်းဟာ နာဒရာ ချို့ယွင်းနေတာကြောင့်လို့သာ တစ်ထစ်ချ ယုံကြည်ထားပါတယ်... တကယ်တော့ ချို့ယွင်းနေတာဟာ အယ်လန်သာ ဖြစ်ပါတယ်... အယ်လန်ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင် Social influencer တစ်ယောက်ဖြစ်နေတာမို့ သူ့ရဲ့ မြုံနေတဲ့ အားနည်းချက်ကို ဖုံးဖိဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်... ဒါပေမယ့်လည်း အဆုံးမှာ ဇနီးသည်က ဖန်ပြွန်သန္ဓေသားကုထုံးကို လက်ခံလိုက်တာမို့... ကိုယ့်သွေးရင်းသားရင်းကသာ လိုချင်တဲ့ အယ်လန်တစ်ယောက် အခက်ကြီးကြုံရပါတော့တယ်... ဒီလိုနဲ့ အယ်လန့်အနေနဲ့ ဒီအခက်အခဲတွေကြားက ဘယ်လိုကျော်လွှားသွားမလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Kapan Hamil? (2023)

2023
5 cm (2012) 7.2
5 cm (2012)  ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဘဝမှာ လက်လျှော့အရှုံးပေးချင်တဲ့ အချိန်တွေကို ကြုံဖူးကြတယ်ဟုတ်။ဒါဆိုရင်တော့ ဒီဇာတ်ကားလေးက ပရိသတ်ကြီးတို့ရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးမှာ အသေအချာပါပဲ။ဇာတ်ကားနာမည်ကတော့ 5CM လို့ခေါ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သူငယ်ချင်း ၅ ယောက်ကခင်လာတာကြာပြီးတော့ အမြဲလိုလို အတူအချိန်ဖြုန်းဖြစ်ကြတယ်။အတူတူစားကြသောက်ကြ လည်ကြပတ်ကြနဲ့ပေါ့။ တစ်နေ့မှာတော့အဲဒီ ၅ ယောက်ထဲက ဂျန်တာ့ဆိုတဲ့တစ်ယောက်က သူတို့တွေcomfort zone က ရုန်းထွက်ဖို့လိုတယ်၊ နေ့တိုင်းတွေ့နေရင် ရိုးအီသွားမယ်၊ဒါကြောင့် သူတို့တွေ ခဏလောက် ခွဲနေရအောင်ဆိုပြီး အကြံပြုလာခဲ့တယ်။ကျန်တဲ့ ၄ ယောက်ကလည်း သူပြောတာကို ထောက်ခံကြပြီး ၃ လအဆက်အသွယ်မလုပ်ကြဖို့ သဘောတူလိုက်ကြတယ်။ ၃ လအတွင်းမှာကိုယ့်ဘဝကိုယ် တိုးတက်ပြောင်းလဲစေမယ့်အရာတွေကို လုပ်ကြတော့တာပေါ့။၃ လပြည့်လို့ ပြန်တွေ့ကြတဲ့အခါ သူတို့ ၅ ယောက်က ခရီးတစ်ခုထွက်ကြပါတယ်။ ဂျာဗားရဲ့ အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ မဟာမယ်ရူတောင်ကို တက်ကြတာပေါ့။ ဒီတောင်တက်ခရီးက ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းပြီးတော့ သူငယ်ချင်း ...
movie

5 cm (2012)