Channel Myanmar

Anuradha Patel

Satyaprem Ki Katha (2023) 7.0
Satyaprem Ki Katha (2023) Satyaprem Ki Katha (2023) IMDb-7/10Freddy(2022)ထဲမှာ သွားဆရာဝန်အဖြစ်နာမည်ကြီးခဲ့တဲ့မင်းသား ကာတစ်အာရန်းရယ် ဖြူဖွေးဝင်းဥနုဖတ်နေတဲ့အလှတရားတို့ရဲ့ပိုင်ရှင် မင်းသမီးချောလေးကီရာရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းဂူဂျာရတ်ကမြို့ငယ်လေးတမြို့မှာ မိဘတွေနဲ့အတူနေပြီး ဘာအလုပ်အကိုင်မှမရှိတဲ့ ဆပ်တူ။ အလုပ်အကိုင်မရှိပေမဲ့ မိန်းမလိုချင်နေလို့ မိဘတွေကို နားဂျီပူဆာလုပ်နေတဲ့ သဘောကောင်းမနောကောင်း မေမေ့သားလေး ဆပ်တူ။သူတမ်းတမ်းစွဲချစ်မိနေတာက ချမ်းသာတဲ့အသိုင်းအဝိုင်းက အကမယ်လေး ကာသာ။ကာသာမှာ ရည်းစားရှိမှန်းသိသွားပေမယ့် ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း မလွန်ဆန်နိုင်တဲ့နှလုံးသားနဲ့ ရစ်နှောင်တွယ်နှင့်ခဲ့ပြီလေ။တစ်ရက် အက်စီးဒန့်တခုမှာ ကာသာရဲ့အသက်ကို ကယ်တယ်ခဲ့ရပြီးတဲ့နောက်မှာတော့ အရာရာပြောင်းလဲသွားခဲ့ပေမယ့် အလုပ်အကိုင်မရှိတာကို မနှစ်မြို့တဲ့ယောက္ခမလောင်းကြီး သဘောကျဖြစ်ဖို့ အလုပ်တွေကြိုးစားနေပြီဗျို့ဆိုပြီး ကြိုးစားလိုက်တာ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကနေ မန်နေဂျာဘ၀ရောက်သွားပါလေရော။သို့ပေမယ့်လည်း ကံတရားရဲ့စီမံမှုတွေက ဘယ်လိုတွေလွဲချော်ပြီး ဘယ်အချိန်မှာသူတို့တွေကို ဆုံစည်းစေမလဲဆိုတာတော့ မိတ်ဆွေတို့စိတ်ကြိုက်ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလိုက်ကြပါဦး။ ကြည်နူးဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားရှာနေတယ်ဆို Satyaprem Ki Kathaက မိတ်ဆွေအတွက်ဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Saii~Yunniတို့ဖြစ်ပါတယ်) File size…7GB /2.29GB / 1.15GB Quality…4k AMZ WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~Zwe~Saii~Yunni
movie

Satyaprem Ki Katha (2023)

2023
4K HEVC
Tuesdays And Fridays (2021) 4.5
Tuesdays And Fridays (2021) Netflix ကတင်ဆက်ထားတဲ့ Bollywood ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ချောမောလှပပြီး စည်းကမ်းကြီးတဲ့ ဆီရာဟာ မွန်ဘိုင်းကရုပ်ရှင်လုပ်ငန်းမှာ ဥပဒေကိစ္စတွေ စီမံဆောင်ရွက်ပေးနေတဲ့ ရှေ့နေမလေးပါ ဗာရွန်ကတော့ လန်ဒန်မှာနေထိုင်တဲ့ နာမည်ကြီးလူငယ်စာရေးဆရာတစ်ဦးပါ။ တစ်နေ့ ဗာရွန်ဟာ သူ့ဝတ္တုကို ရုပ်ရှင်ရိုက်မယ့်ကိစ္စအတွက် အိန္ဒိယကိုလာရင်း မူပိုင်ခွင့်ကိစ္စတွေညှိနှိုင်းဖို့ ဆီရာနဲ့ စတင်ဆုံစည်းမိပါတယ်။ ဗာရွန်ရဲ့ ဝတ္တုအကြောင်း အပြန်အလှန်ဆွေးနွေးကြရင်း သူတို့နှစ်ဦးဟာ ရင်းနှီးသွားပါတယ်။ ထို့နောက် ဗာရွန်လည်း လန်ဒန်ကိုပြန်သွားပြီး ဆီရာက သူ့အလုပ်သူဆက်လုပ်နေခဲ့ပါတယ်။ အလုပ်မှာထူးချွန်တဲ့အတွက် ကုမ္ပဏီက လစာပြည့်ခွင့် ၂ လပေးတဲ့အတွက် ဆီရာဟာ သူ့မိခင် နေထိုင်ရာ လန်ဒန်မြို့ကို အလည်လာခဲ့ပါတယ်။ လန်ဒန်မှာ မမျှော်လင့်ဘဲ ဗာရွန်နဲ့ ဆီရာတို့ ပြန်လည်ဆုံစည်းမိပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦးရဲ့ ရင်ထဲမှာ တစ်ယောက်ကိုယ်တစ်ယောက် စိတ်ဝင်စားမှုလေးတွေရှိလာပါတယ်။ ဒါပေမဲ့ ဗာရွန်မှာ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဗာရွန်ဟာ ကောင်မလေးတစ်ယောက်ကို ခုနစ်ပတ်ထက်ပိုပြီးတွဲလေ့မရှိပါဘူး။ ဗာရွန်ရဲ့ခံယူချက်က တွဲလာတာကြာလာတာနဲ့အမျှ စကားများရန်ဖြစ်ပြီး လမ်းခွဲတာထက်စာရင် စောစောစီးစီး နှစ်ဦးသဘောတူ ကြိုတင်လမ်းခွဲတာပိုကောင်းတယ်လို့ ခံယူထားသူပါ။ ဆီရာကတော့ တစ်ယောက်ဆိုတစ်ယောက် အချိန်အကြာကြီး အတည်တကျ လက်တွဲချင်သူပါ။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေကြပေမဲ့ ဗာရွန်ရဲ့ ခုနစ်ပတ်ပဲတွဲမယ်ဆိုတဲ့ ခံယူချက်ကြောင့် ရှေ့ဆက်မတိုးဖြစ်ကြပဲ ...
movie

Tuesdays And Fridays (2021)