Channel Myanmar

Anyun Cadel

Mukidi (2024)
Mukidi (2024) Mukidi (2024) ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ အင်ဒိုနီးရှားဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်မူကီဒီကအရမ်းရိုးသားတဲ့ဖိုးသခွားလေးပါ။တစ်နေ့သူဟာ သတင်းစာအဟောင်းကြီးဖတ်ပြီး အလုပ်ရှာဖို့မြို့တက်လာခဲ့ပါတယ်။ အူတူတူမူကီဒီဟာ ဂျာကာတာမှာအောင်မြင်ရမယ်လို့ ကြုံးဝါးပြီးကာမှ အလုပ်လျှောက်တဲ့နေရာက ပိတ်ထားတာကြာတဲ့နေရာကြီးဖြစ်နေပါတယ်။အားမလျော့တဲ့မူကီဒီဟာ ဂျာကာတာထဲ လျှောက်ပတ်သွားရင်းကြိုးစားလိုက်တာ အသုပ်သည်မာကို့နာနဲ့ မြင်မြင်ချင်းချစ်မိပြီး အိမ်ထောင်ကျသွားပါတယ်။ဒီလိုနဲ့ ရှုပ်ထွေးတဲ့ဂျာကာတာမှာ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကလေးနှစ်ယောက်အဖေမူကီဒီဟာ ကပ်ဘေးကြောင့်အလုပ်ပြုတ်ရာကနေ အလုပ်သစ်ထပ်ရှာရဖို့ဖြစ်လာခဲ့ပါတယ်။ ဘဏ်တစ်ခုကနေ သူ့ကိုအကြွေးဝယ်ကတ်စစ်ဆေးရေးအနေနဲ့ မှားပြီး အလုပ်ခန့်လိုက်မိတဲ့အခါ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ ပညာသိပ်မတတ်တဲ့အောက်ခြေမိသားစုတွေရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကို Mukidiမှာ ဟာသနှောပြီးကြည့်ရမှာဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ် File size…1.3GB / 600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 31mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mukidi (2024)

2024
I Need You Baby (2022) 5
I Need You Baby (2022) I Need You Baby [2022] ( IMDb 5/10 )ဘီနိုနဲ့ ကတ်သီတို့ လက်ထပ်ပေါင်းသင်းခဲ့ကြတာဟာ ၅နှစ်တာသက်တမ်းထဲ ဝင်ရောက်လာခဲ့ပါပြီ... သူတို့ချင်းနားလည်မှုတွေနဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားကြပေမယ့် ကတ်သရဲ့မိဘတွေကတော့ တောင်းဆိုမှုတစ်ခုကို သူတို့လင်မယား ညားကတည်းက ပြင်းပြင်းထန်ထန် တောင်းဆိုလာခဲ့ကြတာပါ... အဲ့ဒါကတော့ သူတို့ မြေးချီရရေးပဲဖြစ်ပါတယ်...၅နှစ်အတွင်း ဗိုက်ကြီးသံလုံးဝမကြားမိသေးတာကြောင့် ကတ်သီ့မိဘတွေက ဩစတြေးလျကနေ အင်ဒိုနီးရှားထိ ပြန်လာပြီး ကတ်သီကလေးမမွေးမချင်း တစ်အိမ်ထဲအတူ နေကြမယ်လို့ ရာဇသံပေးလာပါတော့တယ်... ဒီလိုနဲ့ မိဘစကားကို မကျော်လွှားနိုင်တဲ့ ကတ်သီဟာ နှစ်ပေါင်းများစွာ ကြာရှည်လာပြီဖြစ်တဲ့ ပြဿနာကို ဖြေရှင်းမှကို ရတော့မယ့်အရေး စိုက်လာပါတော့တယ်... ကတ်သီတို့ လင်မယား ဟန်ဆောင်ဗိုက်ကြီးဖို့ ဆုံးဖြတ်လိုက်ကြပြီး ကလေးတစ်ယောက်မွေးစားဖို့လည်း စီစဉ်ထားပါတယ်... အရာရာဟာ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာပေမယ့် ရပ်ကွက်ထဲမှာ သူတို့လင်မယားနဲ့ ရုပ်ချင်းဆင်တဲ့ လသားအရွယ်ကလေးတစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ကြရာကနေ ဒီကလေးကို မဖို့ ကတ်သီတို့ လင်မယားတိုင်ပင်ကြပါတော့တယ်... တရားဥပဒေနဲ့ မလျော်ညီသော်ငြား ကတ်သီတို့ဟာ ကလေးထိန်းဂျူဝီကို အကြပ်ကိုင်ပြီး ကလေးကို ငှားရမ်းပါတော့တယ်... ဒီအဖြစ်ကို ကလေးမိဘတွေ သိသွားမှာလား... ကတ်သီ့မိဘတွေကရော ကတ်သီတို့ဖုံးကွယ်ထားတာကို မသိရှိဘဲ ...
movie

I Need You Baby (2022)

2022
Spirit Doll(2023) 5.7
Spirit Doll(2023) Spirit Doll (2023)CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော theme(အာဘော်) ပါ ကွဲပြားတာများပါတယ် ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေက အယူအဆတွေက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ်ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ ဇာတ်လမ်းအကျဥ်းကတော့ ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ် သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ် သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ် "မိခင်သောက" အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါအညွှန်းရေးသားသူက KKKZ ဖြစ်ပြီး ဘာသာပြန်ကတော့ Zwe Yan ...
movie

Spirit Doll(2023)

2023
Till Death Do Us Part(2021) 7.2
Till Death Do Us Part(2021) စိုက်ပျိုး​ရေး မဂ္ဂဇင်းတစ်ခုရဲ့ ဂျာနယ်လစ်တစ်​ယောက်ဖြစ်တဲ့ အာယာကို တစ်ရက်မှာ နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်​ယောက်က လာရှာခဲ့တယ် အာယာလို မထင်မရှား ဆင်းရဲသား​လေးတစ်​​ယောက်ဆီ ဗနီဆာလို နာမည်ကြီး မင်းသမီးတစ်​ယောက်က ဘာ​ကြောင့်လာရှာရတာလဲ ဆိုတာကို လုပ်​ဖော်ကိုင်ဖက်​တွေသာမက ရုံးလုံခြုံ​ရေးက ​မေးခွန်းထုတ်စရာဖြစ်လာပါတယ် ဗနီဆာဟာ အာယာကို မြင်မြင်ချင်း ​​သေနတ်နဲ့ ချိန်လိုက်ပါ​တော့တယ် အာယာအ​နေနဲ့ ဗနီဆာကို ရုပ်ရှင်ထဲမှာက လွဲပြီး မမြင်ဖူးပါဘူး ဒါ​ပေမယ့် ဗနီဆာက အာယာကို ​ကောင်း​ကောင်းသိ​နေတဲ့ပြင် ချစ်သူ​တွေပါလို့ ​ပြောလာပါ​တော့တယ် ဒါ့အပြင် သူ့လုပ်​ဖော်ကိုင်ဖက်​တွေကိုလည်း သိ​နေပြန်တယ်ဗနီဆာက ဘယ်​ကြောင့် အခုလိုလာလုပ်​နေတာလဲ ?သူ အာယာ့အ​ကြောင်း​တွေကို စုံစမ်းထားတာလား ?အာယာကပဲ အတိတ်​မေ့​နေတာလား CCTV ကကြည့်​နေတဲ့ လုံခြုံ​ရေး​တွေထင်သလို ​နောက်ပြောင်တဲ့ အစီအစဥ်ရိုက်​နေတာလား?"?​"တွေအများကြီးနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပါ  File size…(1.2 GB)/ (600 MB)/ (295 MB) Quality…WEB-DL 1080p /720p / 480p Format…mp4 Duration….01:21:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by  ...
movie

Till Death Do Us Part(2021)

2021
Ghibah (2021) 5.3
Ghibah (2021)  ဒီတစ်ခါတော့ CMကနေ အင်ဒိုးနီးရှားသရဲကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နတ်ဆိုးဆိုတာ ဘယ်အချိန်မှာပေါ်လာတာလဲ ညအချိန်လား နေဝင်ရီတရော အချိန်လား နှစ်ခုလုံးမဟုတ်ပါဘူးတကယ်က ကိုယ်သူများရဲ့ နောက်ကွယ်မှာ မှန်လားမသိမမှန်လားမသိနဲ့ အတင်းပြောတဲ့အချိန် ကိုယ့်ဆီမှာ မကောင်းတဲ့အတွေးတွေများနေတဲ့အချိန်မှာ ပေါ်လာတတ်တာပါတဲ့ အဲ့လိုမျိုးအတင်းပြောတာကို အစ္စလန်ဘာသာမှာ ဂီဘာလို့ခေါ်ဝေါ်ကြပါတယ် ဒီဇာတ်ကားလေးကတော့... ဖီလီတို့ တက္ကသိုလ်ကျောင်းသူကျောင်းသားတသိုက်ဟာ ကျောင်းမဂ္ဂဇင်းအတွက် ကျောင်းသူနဲ့ ပါမောက္ခဖောက်ပြန်တဲ့အကြောင်းကို သတင်းယူရင်း ဂီဘာဆိုတဲ့ မဟုတ်မမှန်အတင်းပြောတဲ့ အပြစ်ကို မတော်တဆ ကျူးလွန်မိခဲ့ကြပါတယ်အဲ့ဒီအချိန်မှာ လူတွေဂီဘာအပြစ်ကို ကျူးလွန်ဖို့ အမြဲစောင့်မျှော်နေတဲ့ အီဖရစ်နတ်ဆိုးက ကြားသိသွားပြီး သူတို့ရဲ့နောက်ကို တစ်ကောက်ကောက် ကပ်ပါလာပါတော့တယ် ကပ်ပါလာပြီးနောက်ပိုင်း အီဖရစ်နတ်ဆိုးဟာ ဖီလီတို့ သူငယ်ချင်းတစ်စုကို တစ်ယောက်ချင်းစီ ဘယ်လိုမျိုးပြင်းပြင်းထန်ထန် နှောင့်ယှက်အပြစ်ပေးမလဲဆိုတာကို ထိတ်လန့်ခြောက်ခြားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်...။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )Quality__720p IMDb Rating__5.3/10 Format__mp4 Duration__01:33:00 Type__Horror , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung ...
movie

Ghibah (2021)

Si Manis Jembatan Ancol 5.8
Si Manis Jembatan Ancol Bloodlust Beauty (2019) အင်ဒိုနီးရှားသရဲကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးက သရဲကားဆိုပေမယ့် တစ်ချို့နေရာလေးတွေမှာ ဟာသလေးတွေကိုလည်း ထည့်ရိုက်ပေးထားပါတယ် ဒါပေမယ့် လည်း Horror ဇာတ်လမ်းတစ်ပုဒ်ရဲ့ ရသကတော့ပျောက်မသွားပါဘူး ဇာတ်ကြောင်းလေးကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သူ့လုပ်ငန်းမှာရင်းနှီးမြုပ်နှံဖို့အတွက် အကြွေးရှင်တွေဆီက ငွေတွေကိုချေး ခဲ့ပါတယ် ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့လုပ်ငန်းဟာ မအောင်မြင်ဘဲဖျက်သိမ်းခံလိုက်ရပါတယ် အကြွေးရှင်တွေကသူတို့ရဲ့ ပိုက်ဆံပြန်ရဖို့ အတွက် သူ့ရဲ့မိန်းမနဲ့တခြားလူတစ်ယောက်ကိုပါ ဓားစာခံအဖြစ်ခေါ်သွားပါတယ် သို့ပေမယ့် နောက်တော့ လူယုတ်မှာတွေရဲ့ထုံးစံအတိုင်း ကောင်မလေးကို အဓမ္မကျင့်ပြီး မြစ်ထဲကိုပစ်ချလိုက်ပါတော့တယ်…….. အဲ့ဒီလိုတွေဖြစ်ပျက်ခဲ့ပြီးနောက် လူတွေက အငြိုးကြီးနေတဲ့ကောင်မလေးရဲ့ဝိညာဉ်ကို မကြာခဏတွေ့လာရတဲ့အခါမှာတော့…… တကယ်ကိုကြည့်ရတာ အဆင်ပြေတဲ့ သရဲကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့ထပ်ပြီးတိုက်တွန်းလိုက်ရပါတယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ Translator : Thet Hnin Hsu Encoder : Thit San Khant Quality :720p Size : 846MB
movie

Si Manis Jembatan Ancol

2019