Channel Myanmar

Arawinda Kirana

Like & Share (2022) 7.2
Like & Share (2022) Like and Share (2022)"လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ခြိမ်းခြောက်အကျပ်ကိုင်ခံရတဲ့အခါ မိန်းကလေးတွေရဲ့ဘဝပဲ အမြဲပျက်စီးသွားပြီး ယောက်ျားလေးတွေကတော့ ဘာမှမဖြစ်ပါဘူး" တဲ့။ ဒီဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်‌ ပြောတဲ့စကားပါ။အပြင်လောကမှာလည်း ဘယ်လောက်ပဲ ခေတ်မီပြီး အမြင်ကျယ်လာတယ်ပြောပြော မိန်းကလေးတွေကပဲ စိတ်ဒဏ်ရာတွေကို ပိုခံစားရတတ်ပါတယ်။ဒီဇာတ်ကားကတော့ ASMR ဗီဒီယိုတွေ ရိုက်ကူးတင်ဆက်တဲ့ Channel တစ်ခု ထောင်ထားပြီး စိတ်ကူးအိပ်မက်တွေအပြည့်ရှိတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးနှစ်ယောက်၊ သူတိူ့နှစ်ယောက်ထဲနှာ တစ်ယောက်က လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အကျပ်ကိုင်ခံရတော့ သူငယ်ချင်းနှစ်ယောက် အဲဒါကို ဘယ်လိုကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ ရိုက်ကူးထားတာဖြစ်ပါတယ်။IMDb 7.2 ရထားပြီး ဆုသုံးခုရထားတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး ဖြစ်တဲ့အပြင် အာရှနိုင်ငံတွေရဲ့ သိပ်မကွဲပြားတဲ့ အယူအဆတွေကိုလည်း တွေ့ရမှာပါ။အပြင်လောကမှာလည်း ဒီဇာတ်ကားထဲကလို ဖြစ်တတ်တဲ့ကိစ္စတွေရှိတော့ ဒီဇာတ်ကားကိုကြည့်ရင်း တစ်ခုခုကိုခံစားရမှာတော့ သေချာပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.2GB | 606MB | ...
movie

Like & Share (2022)

2022
Yuni (2021) 7.7
Yuni (2021) Yuni (2021)"လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာကို နှစ်ကြိမ်ထက်ပိုပြီးငြင်းပယ်ရင် ကံဆိုးတတ်တယ်။ ဆိုလိုတာက နောက်ပိုင်းမှာ လင်ယောက်ျားရဖို့ ခက်ခဲလိမ့်မယ်" တဲ့။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ကြားရလေ့ရှိတဲ့စကားပါပဲ။ လူကြားထဲသွားရင် ဆံပင်၊ အရေပြား ပေါ်နေလို့မရဘူး။ မိတ်ကပ်၊ ရေမွှေး၊ လက်ဝတ်တန်ဆာတွေ မသုံးရဘူး။ ယောက်ျားတွေထက် အသံပိုမကျယ်ရဘူး။ အိမ်ထောင်သည်မိန်းမက ခြုံထည်မပါဘဲ အပြင်မထွက်ရဘူး... စသဖြင့် ကန့်သတ်ချက်တွေက များလှတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ချုပ်ချယ်ထားတယ်။အင်ဒိုနီးရှားနိုင်ငံမှာ လူအများစုက အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတာမလို့ နိုင်ငံတွင်းမှာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေလည်း များပြားတယ်။ အဲထဲကမှ Rohani Islam (ROHIS) ဆိုတာက တစ်ခုအပါအဝင်ပေါ့။ အဲအဖွဲ့အစည်းက အလယ်တန်း၊ အထက်တန်းကျောင်းတွေကိုသွားပြီး အစ္စလာမ်သွန်သင်ချက်တွေနဲ့အညီဖြစ်ဖို့ အစ္စလာမ်သာ‌သာရေးနဲ့ပက်သက်တဲ့အသိပညာတွေ လူငယ်တွေရရှိစေဖို့ ကျောင်းတွင်းသင်ရိုးနဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တတ်တယ်။ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် မိရိုးဖလာကန့်သက်ချက်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကြားမှာ ခက်ခက်ခဲခဲ အားပြိုင်ရပုံကို တွေ့မြင်ရမှာပါ။ သူ့နာမည်က ယူနီ၊ ရင်းနှီးတဲ့သူတွေက ယွန်လို့ခေါ်ကြတယ်။ အသက်က ၁၆ နှစ်၊ အထက်တန်းကျောင်းပြီးခါနီးပြီ။ မိသားစုက သာမန်။ မိဘတွေက အဝေးမှာမလို့ ရှေးရိုးဆန်တဲ့ ...
movie

Yuni (2021)

2021