Channel Myanmar

Arci Muñoz

The Fighting Chefs (2013) 4.8
The Fighting Chefs (2013) The Fighting Chefs (2013)ဟိုးအရင်က ထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင် ဟာသဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ အားလပ်တဲ့အချိန်လေးမှာ အချိန် ၁ နာရီခွဲကျော်ကျော်ပေးပြီး ပေါ့ပေါ့ပါးပါး ကြည့်ရသလို၊ ဖိလစ်ပိုင်မင်းသမီး လှလှလေးတွေကိုလည်း ငမ်းလို့ရမယ့် ရုပ်ရှင်မျိုးပါ။ဇာတ်လမ်းက ထူးခြား၊ ဇာတ်အိမ်ခိုင်မာလို့ အချိန်ပေးရကျိုးနပ်မယ့် Action, Comedy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ သူဌေးကြီးတစ်ယောက်ရဲ့ မြေပေါ်က အဆောက်အဦးတစ်ခုမှာ စားသောက်ဆိုင်တွေ ကိုယ်စီဖွင့်ကြရင်း တစ်ပိုင်တစ်နိုင်နဲ့ လုပ်စားကြတဲ့ စားဖိုမှူးတွေ ရှိကြပါတယ်။ ဒါပေမယ့် သမ္မာအာဇီဝကျကျ လုပ်စားနေကြတဲ့ သူတို့ဘဝတွေကို ဂြိုဟ်ဆိုးဝင်မွှေပါတော့တယ်။ မြေပိုင်ရှင် သူဌေးကြီးက အဲအဆောက်အဦးကို ဖျက်ပြီးတော့ ကွန်ဒိုမီနီယံတစ်ခု တည်ဆောက်တော့မှာမို့ သူတို့အားလုံးကို အချိန် သုံးလ ပေးပြီးတော့ နှင်ထုတ်ပါတော့တယ်။ ဒါပေမယ့် သူဌေးကြီးရဲ့ ညီဖြစ်သူကတော့ သုံးလအချိန်ပေးတာကို မကျေနပ်ဘဲ စားဖိုမှူးတွေကို အမြန်ဆုံးထွက်သွားအောင် နှင်ထုတ်ဖို့ ညစ်ပတ်တဲ့ နည်းလမ်းတွေ ထုတ်သုံးတာတဲ့အချိန်မှာတော့ စားဖိုမှူးတွေလည်း သူတို့လုပ်ငန်းရှင်သန်နိုင်ဖို့ တိုက်ပွဲဝင်ကြရပါတော့တယ်....အညျွန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ...
movie

The Fighting Chefs (2013)

2013
Ten Little Mistresses (2023) 7.2
Ten Little Mistresses (2023) Ten Little Mistressess (2023)2023မှာ ထွက်ရှိထားတဲ့ Ten Little Mistresses ‌ဆိုတဲ့ Comedy, Mystery ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒွန်ဗယ်လန်တီဆိုတဲ့သူဌေးကြီးတစ်ယောက်ဟာ သူ့မိန်းမ ချာရိုဆုံးပြီး‌နောက်‌ မယားငယ်ဆယ်ယောက်ထားခဲ့ပါတယ်။ တစ်နေ့မှာ သူ့ရဲ့‌မွေးနေ့မှာ သူ့ရဲ့မယားငယ်အားလုံးကို အိမ်တော်ကိုဖိတ်ကြားခဲ့ပြီး လက်ဆောင်တွေပေးခဲ့ပြီး သူ့ဘဝအသစ်ပြန်စတင်ချင်ကြောင်းပြောကြားခဲ့တယ်။ဒါပေမယ့် သူပြောခဲ့သလို မရိုးရှင်းခဲ့ပါဘူး သူ့ရဲ့မွေးနေ့မှာ သူ့ညီ ဒွန်ကွန်စတမ်တင်ကို သတ်ဖို့စီစဉ်ခဲ့ပါတယ်။ မယားငယ်အားလုံးကလည်း သူ့ရဲ့အစီအစဉ်တွေမသိခဲ့ဘဲ လက်ဆောင်တွေကိုပဲ မက်မောနေခဲ့ကြပါတယ်။ နောက်ဆုံးအသတ်ခံရတဲ့သူကတော့ သူ့ညီတင် မကဘဲ သူတို့ညီအစ်ကို နှစ်ယောက်လုံး ဖြစ်နေခဲ့ပါတယ်။ အားလုံးထင်ထားခဲ့သလို ဒွန်ဗယ်လန်တီက သူ့ရဲ့ညီကို သတ်ခဲ့တာ မဟုတ်ဘဲ မယားငယ်တစ်ယောက်က အကုန်သေချာ အကွက်ချစီစဉ်ခဲ့ပြီး နှစ်ယောက်လုံးကိုသတ်ခဲ့တာပါ။ ဘယ်သူ ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ရှုစားကြည့်ကြပါဦး။ဇာတ်လမ်းက Comedy လည်းပါသလို မြုပ်ကွက်ကလေးလည်းပါတာမို့ ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့မဲ့ကားလေးမို့ ခံစားကြည့်လိုက်ပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။Genre..... Comedy, Mystery Quality…. 1080p | 720p | ...
movie

Ten Little Mistresses (2023)

Last Fool Show (2019) 6.7
Last Fool Show (2019) Last Fool Show (2019)ဖိလစ်ပိုင်ကားတွေ ကြိုက်တဲ့သူတွေအတွက် ကြိုက်မယ့်ဇာတ်လမ်လေးပါ။ အချစ်ဇာတ်လမ်းတွေဆို ဖိလစ်ပိုင်တွေက နင့်နင့်နဲနဲ ခံစားရအောင် ရိုက်တတ်ကြပါတယ်။ဖြစ်ဖူးကြမလား မသိဘူး????? ကိုယ်တွေ့ဇာတ်လမ်းကို ကိုယ်တိုင်ဇာတ်လမ်းဖန်တီးရမယ့် အဖြစ်အပျက်မျိုး။ ဒီဇာတ်လမ်းက ဇာတ်ကောင်ကတော့ ဒီအဖြစ်အပျက်နဲ့ ကြုံခဲ့ရတဲ့အကြောင်းပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။အမျိုးသမီးဒါရိုက်တာ မီရေးဆာဟာ ထိတ်လန့်စရာဇာတ်ကားတွေ၊ လူထုကို မီးမောင်းထိုးပြတဲ့ ဇာတ်လမ်းတိုတွေ ရိုက်ပြီး ရုပ်ရှင်ဆိုင်ရာ ဆုများစွာကို ရရှိခဲ့ဖူးသူ တစ်ယောက် ဖြစ်ပါတယ်။သူမ အလုပ်ဝင်မယ့်ဂလက်စီရုပ်ရှင်ထုတ်လုပ်ရေးက လက်ရည်စမ်းတဲ့အနေနဲ့ သူမကို ရိုမန့်စ် ဟာသဇာတ်လမ်းတစ်ပုဒ်ကို ရိုက်စေချင်တယ်။ ရိုက်နေကျ ဇာတ်လမ်းတွေနဲ့ လုံးလုံးကွဲထွက်နေတဲ့ ရိုမန့်စ်ဟာသ ရုပ်ရှင် ရိုက်ရတော့မယ်ဆိုတော့ ဇာတ်ညွှန်းရေးဖို့ ဒါရိုက်တာမမ ခေါင်းစားရတော့တာပေါ့။ဒီလိုနဲ့ အရင်က အချစ်ဇာတ်လမ်းဟောင်းတစ်ပုဒ်ကို ပြန်အသက်သွင်းဖို့ ဖြစ်လာခဲ့တယ်လေ။ လွန်ခဲ့တဲ့သုံးလေးငါးနှစ်က အခုချိန်တွေးရင်တောင် အခုပြန်သတိရတဲ့အတိတ်ဟောင်းတစ်ခုကိုပေါ့အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကို တစ်လှည့်စီ ပြသသွားတဲ့ အခင်းအကျင်းကလည်း ဇာတ်လမ်းကို တစ်မျိုးတစ်ဖုံ လှပစေခဲ့ပြန်ပါတယ်။သီချင်းစာသားလေးတွေကလည်း အတော်မိုက်ပါတယ်။ ဇာတ်ဝင်သီချင်းရဲ့အသက်ဝင်မှုနဲ့ ပံ့ပိုးထားတာမို့ အရိုတစ်လိုင်း ပရိသတ်တို့ ရင်ထဲရောက်မယ့် ကားတစ်ကားပဲ ဖြစ်ပါတယ်။IMDb- 6.7/10 ဆိုတော့ ဇာတ်လမ်းရဲ့အတိမ်အနက်ကို တွေးသာကြည့်ပါတော့Review ...
movie

Last Fool Show (2019)

2019
Can We Still Be Friends? (2017) 6.8
Can We Still Be Friends? (2017)  "အချစ်စစ်မှာ ပြီးပြည့်စုံမှုကိုတောင်းဆိုနေတာဟာ သိပ်ကိုရူးမိုက်တဲ့လုပ်ရပ်ပါပဲ"တဲ့ Movieထဲကအကြိုက်ဆုံးစာသားလေးပါ…ဇာတ်လမ်း အကျဉ်းလေးကတော့ ဒီလိုပါ… ဆမ်နဲ့ဒစ် ဟာ တွဲလာကြတာ ၈နှစ်ကြာပြီဖြစ်ပြီး တစ်အိမ်တည်း အတူနေထိုင်ကြတဲ့ စုံတွဲတစ်တွဲပေါ့... ဆမ်(မင်းသမီး)ကတော့ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒစ် (မင်းသား)ကတော့ဝင်ငွေချောက်တိ ချောက်ချက်ရတဲ့ Comicရေးသူပါ…ဆမ်နဲ့ဒစ်ဟာတစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြပေမယ့် ဒစ် ဟာပေါ့ပေါ့နေတတ်သူဖြစ်တာကတစ်ကြောင်း… ပုံမှန်ဝင်ငွေလည်းမရတာတစ်ကြောင်းကြောင့် အိမ်စရိတ်တွေ အိမ်မှုကိစ္စတွေအားလုံးဟာ ဆမ့်တစ်ယောက်တည်းအပေါ်မှာပဲအမြဲကျရောက်နေတဲ့အချိန်…ဆမ်ကလည်းမိန်းကလေးပီပီ ရုံးကသူငယ်ချင်းကိုအားကျပြီး ချစ်သူရဲ့ဂရုစိုက်မှုတွေ စပရိုက်တွေ ကိုလာတွေ မျှော်လင့်လာမိရာက…သူတို့နှစ်ဦးလမ်းခွဲတဲ့အထိဖြစ်လာရပါတယ်…လမ်းခွဲပြီးနောက် ဆမ်ဟာ သူ့ရဲ့စိတ်ကူးယဉ်မင်းသားပုံစံ ဆရာဝန် ဥစ္စာပေါ ရုပ်ချော စပရိုက်တွေလည်းလုပ်ပေးတတ်တဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့တဲ့အခါ....ဆမ်ဟာပျော်ရွှင်သွားရတော့မှာလား??? ဒစ်ကရော ပြောင်းလဲလာမှာလား??? ဘာ ညာ ကိုတော့ ပရိသတ်ကြီးဘာသာပဲရှုစားလိုက်ဖို့ "Can we still be friend?" ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုဘာသာပြန် တင်ဆက်လိုက်ပါတယ်ဘာသာပြန်နဲ့အညွန်းကတော့ မေသဇင်မြင့် ဖြစ်ပါတယ် QTY - web dl 720pFormat - Mp4 (×264)Duration - 1hr53minSubtitle - Myanmar HardsubGern - RomanceTranslator - May Thazin ...
movie


2017