Channel Myanmar

Ariane Ascaride

No Dogs or Italians Allowed (2022) 7.2
No Dogs or Italians Allowed (2022)   ၂၀ရာစုအစပိုင်းကာလရဲ့နိုင်ငံရေးနဲ့ စီးပွားရေးအပြောင်းအလဲတွေကြားမှာ လုပ်ရှားရုန်းကန်ခဲ့ရတဲ့ မိသားစုလေးအကြောင်းကိုရိုက်ပြထားတဲ့ Animation/Coloring Cartoon ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးရဲ့ထူးခြားချက်ကတော့ အဲဒီကာလအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ မိသားစုနဲ့ နိုင်ငံရေးအခက်အခဲတွေကို သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်တာမဟုတ်ဘဲနဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ သရုပ်ဆောင်ပြီးတော့ ဇာတ်ကွက်ကို ပုံဖော်သွားတာပဲဖြစ်ပါတယ်အီတလီနိုင်ငံမြောက်ပိုင်း အူတဲရာ ကျေးရွာလေးမှာနေထိုင်တဲ့မိသားစုလေးရဲ့ဘဝဇာတ်ကြောင်းကို မြေးတော်စပ်သူတစ်ယောက်ကနေ Background Story အနေနဲ့ပြန်လည်တမ်းတတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ဒီဇာတ်ကားလေးကို ကြည့်ရင်းကြည့်ရင်းနဲ့ ရင်ထဲမှာ ခံစားချက်တစ်ခုခုကျန်ခဲ့မယ့် Feeling မျိုးပေးစွမ်းမယ့် အကြောင်းအရာတွေကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ Rating ကလည်းကောင်းကောင်းနဲ့ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(930 Mb)/(470 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:10:00 Genre...Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

No Dogs or Italians Allowed (2022)

Gloria mundi 2019 6.0
Gloria mundi 2019 Gloria Mundi Review ငွေဆိုတာ ဒုတိယဘုရားသခင်ပါလား လို့ ဒီကားကိုကြည့်ရင်းနဲ့ ရေရွတ်မိတဲ့အထိပါပဲ။ မိမိရဲ့ ကလေးလေးဆိုတာ အိမ်တစ်အိမ်မှာ ပိုက်ဆံရှိမှ ဆည်းလည်းသံလို့ သတ်မှတ်ကြပြီး ပိုက်ဆံမရှိတဲ့အခါ ဒီကလေးကို ဘယ်နားထားရမလဲမသိ မွေးမိတာတောင် မှားသလားလို့ ထင်စေပါတယ်။ ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ပိုက်ဆံကို မရမကရှာနေရတဲ့ ရှုထောင့်မတူတဲ့ မိသားစုတစ်စု အကြောင်းကို  ရိုက်ပြထားတဲ့ကားလေးပါ။ ကလေးနာမည်က ဂလိုရီယာ တဲ့ ။ ဒါပေမဲ့လည်း သူတို့မိသားစုက ကံမကောင်းခဲ့ပါဘူး ။ ရိုးရိုးသားသား ကြိုးစားနေရင်းနဲ့ ကံမလိုက်လာ တဲ့အခါ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ပြသာနာတွေက တစ်ခုပြီးတစ်ခုတက်ပါလေတော့တယ်။ ဒီကြားထဲ အမြတ်ထုတ်ချင်တဲ့ ကာမအမှောင်သမားတွေကလည်း ရှိသေးတယ်။ ဘိုးဘိုး ဘွားဘွား ကလည်းမနေရဘူးပေါ့။ သားအချစ် မြေးအနှစ်မလား ။ နောက်ဆုံး တော့ သူတို့မျှော်မှန်းထားတဲ့ ဘဝလေးတစ်ခုကို ရောက်မလား ဒါမှမဟုတ် ကျွန်တော်တို့ မထင်မှတ်ထားတဲ့ ဇာတ်သိမ်းမျိုးဖြစ်လေမလား…. ၁၈နှစ်အထက်လေးတွေ နည်းနည်းပါလို့သတိထားပေးနော်။ သိပ်တော့မရှည်ပါဘူး ရစ်ကြည့်လို့အဆင်ပြေပါတယ်။ ဒီကားကြည့်ပြီးတော့ ကိုယ်တွေကတော့ ငွေအင်အားပြည့်စုံမှပဲ ဆည်းလည်းသံလေးကို အိမ်ထဲခေါ်တော့မယ်လို့ ...
movie

Gloria mundi 2019

2019