Channel Myanmar

Arieh Worthalter

The Goldman Case (2023) 7.2
The Goldman Case (2023) လုယက်မှုပေါင်းများစွာနဲ့ လူသတ်မှုအတွက် ရုံတင်စစ်ဆေးခြင်းခံခဲ့ရပြီး ထူးဆန်းစွာနဲ့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ပြင်သစ်လက်ဝဲတော်လှန်ရေးသမား ပိုလန်ဂျူးလူမျိုး ပီးယားဂိုးမန်း ရဲ့အကြောင်းကို ဖြစ်ရပ်မှန်ပြန်လည်ရိုက်ကူးထားတဲ့ ပြင်သစ် Crime/Drama/History ဇာတ်ကားကောင်းလေးတစ်ကားပါအကောင်းဆုံး ရုပ်ရှင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင်ဆုတွေအများကြီးရထားတဲ့ ဂျူးမုန်းတီးရေး ဂျူးဆန့်ကျင်ရေး လူမျိုးရေးခွဲခြားမှုတွေကြားထဲက တရားမျှတမှုအကြောင်းကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပါသူ့ကိုအမိန့်ချမှတ်ခဲ့တဲ့ နောက်ဆုံးတရားခွင်ကို ဖြစ်ရပ်မှန်ပြန်လည်ရိုက်ကူးထားတာပါ ကြည့်ရှုခံစားကြည့်လိုက်ပါဦး........ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.1GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:55:00 Genre...Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

The Goldman Case (2023)

The Green Perfume (2022) 5.4
The Green Perfume (2022)  ဒီတစ်ခါမှာတော့ Green Perfume ဆိုတဲ့ပြင်သစ် ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်း....ပြင်သစ်ပြဇာတ်အဖွဲ့တစ်ခုဟာ စတိတ်စင်ပေါ်မှာ ဖျော်ဖြေကပြနေတုန်း ပြဇာတ်သရုပ်ဆောင်"ဗယ်လာ့ဒ်"ဟာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ် သူမသေခင်မှာ သူ့သူငယ်ချင်းဖြစ်တဲ့ "မာတင်"ကို "Green Perfume "ဆိုတဲ့အဖွဲ့အစည်းက သူ့ကိုလုပ်ကြံတာဖြစ်ကြောင်းပြောပြီးမှသေဆုံးသွားပါတယ်ရဲတွေက မာတင်ကိုသံသယဝင်ကြပြီး သံသယရှိသူအဖြစ်သတ်မှတ်ပြီး လိုက်ဖမ်းကြပါတယ် ဒါပေမဲ့ တစ်ဖက်မှာလည်း လူဆိုးအဖွဲ့ကလည်း"မာတင်"ကို သူ့ကို "ဗယ်လာ့ဒ်"ကမသေခင်မှာဘာတွေပြောသွားလဲဆိုတာသိရဖို့ ပြန်ပေးဆွဲပါတယ် နှစ်ဖက်စလုံးရဲ့လိုက်လံရှာဖွေမှုခံရတဲ့ "မာတင်"တစ်ယောက် ဘယ်လိုတွေရင်တိုင်ရမလဲ သူ့ကိုကူညီပေးမယ့် "ကလယ်ယာ"ဆိုအမျိုးသမီးနဲ့တွေ့ဆုံပြီး ကလယ်ယာကရော သူ့ကိုအစွမ်းကုန်ကူညီပေးမလား"ဗယ်လာ့ဒ်"ကရောဘာကြောင့်အသတ်ခံရတာလဲဆိုတာကို မာတင်တစ်ယောက်အဖြေရှာရပါတော့တယ် File size…(2.56 GB)/(1.13 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

The Green Perfume (2022)

The Attack (2012) 7.1
The Attack (2012) 2012 က ထွက်ရှိကာ IMDb 7.1 ရရှိထားပြီး လူမျိုးရေး၊ နိုင်ငံရေးတွေကြားထဲမှာ ခက်ခဲစွာရုန်းကန်နေရတဲ့ အကြောင်းရိုက်ကူးထားတဲ့ Dramaကားလေးတစ်ကားပါဇာတ်လမ်းအညွှန်းကတော့....ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဂျာ‌ဖာရီဟာ သူ့ရဲ့ဘဝကို ပျော်ရွှင်အောင်မြင်စွာနဲ့ပဲဖြတ်သန်းနေတာပါ။ သူ့ကို အရမ်းချစ်တဲ့ ဇနီးလှလှလေးတစ်ယောက်ရထားတယ်.. သူ့ဘဝကလည်း ခွဲစိတ်ဆရာဝန်အ‌ဖြစ် အောင်မြင်နေတယ် ထို့အပြင် တစ်နှစ်မှာ တစ်ခါပဲကျင်းပတဲ့ ဆရာဝန်တွေအတွက် ဆုပေးပွဲမှာလဲ အကောင်းဆုံးဆုရထားတယ်။ ဒါပေမဲ့ ဂြိုလ်ဆိုးဝင်လာတဲ့အချိန်မှာတော့ သူ့ရဲ့ ဆုပေးပွဲအပြီး နောက်တစ်ရက်မှာပဲ စားသောက်ဆိုင်တစ်ခုမှာ ဗုံးထပေါက်တယ်။ စိတ်မကောင်းစရာက ထိုဗုံးပေါက်တဲ့ထဲမှာ သူ့ရဲ့ဇနီးပါသွားပါတယ်။ အဲဒါနဲ့ သူမရဲ့ bodyကို ရင်ခွဲရုံကို ယူလာတဲ့အချိန်မှာတော့ အံ့ဩစရာကောင်းတာက သူမသေဆုံးတဲ့ပုံဟာ ဗုံးပေါက်တဲ့အထဲကို မတော်တဆပါသွားတဲ့ပုံစံမဟုတ်ပဲ ဗုံးကို သူ့ကိုယ်မှာကပ်ပြီး အသေခံဖောက်ခွဲသွားတဲ့ပုံစံဖြစ်နေတာပါ။အမြဲတမ်းအေးအေးနေပြီး ဘဝမှာအပူအပင်လုံးဝမရှိတဲ့ သူ့ရဲ့ဇနီးက ဒီလိုအသေခံပြီး လူတွေအများကြီးကို ဗုံးခွဲသွားတယ်ဆိုတာကို သူကဘယ်လိုယုံနိုင်မှာလဲ။ ဒါနဲ့ပဲ သူဟာ ထိုဖြစ်ရပ်ကို လိုက်စုံစမ်းပါတော့တယ်။ သူ့ဇနီးကဘာလို့ ဒီလိုလုပ်သွားခဲ့တာလဲ? ...
movie

The Attack (2012)

Saturn Bowling (2022) 5.9
Saturn Bowling (2022)  ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဂီလ်မန်းဟာ ဖခင်ဆုံးပါးသွားတဲ့အခါမှာ မိသားစုပိုင်ဘိုးလင်းရုံကြီးကို အမွေရရှိခဲ့ပါတယ်၊ အလုပ်အကိုင်အတည်တကျရှိတဲ့ ဂီလ်မန်းဟာ ဒီဘိုးလင်းရုံကြီးကို ရောင်းပစ်ဖို့တွေးထားပေမယ့် အဖေ့ချန်ထားခဲ့တဲ့ တစ်ခုတည်းသော အရာဖြစ်တာကြောင့် သူရဲ့ဖအေတူ မအေကွဲ ညီဖြစ်သူကို မန်နေဂျာအဖြစ်ခန့်ပြီး ဘိုးလင်းရုံကြီးကို ဆက်ဖွင့်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးပါးသွာတဲ့ သူတို့ရဲ့အဖေက ဝါသနာရင့်သန်တဲ့ မုဆိုးတစ်ဦးဖြစ်ပြီး သူသတ်ဖြတ်အမဲလိုက်ခဲ့သမျှ မကောင်းမှု ဒုစရိုက်အညစ်အကြေးတွေက ဒီဘိုးလင်းရုံမှာပဲ လာပြီးစုပုံနေသလို ဖြစ်နေခဲ့ပါတယ်။ ဒီတော သူတို့ အမွေရလိုက်တာက ဘိုးလင်းရုံကြီးတင်မဟုတ်ဘဲ မကောင်းတဲ့အငွေ့အသက်တွေ စွမ်းအင်တွေပါ ပါဝင်နေခဲ့ပါတယ်။ ဒီလိုနဲ့ လူသေမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်လာပြီး သဲလွန်စတွေအကုန်လုံးက ဒီဘိုးလင်းရုံကြီးကိုပဲ ဦးတည်လာတဲ့အခါမှာတော့ အကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာကို ရင်ဖိုလှိုက်မောဖွယ်ကြည့်ရှု ရမယ့် စိတ်ဝင်စားဖွယ်ရာ လျို့ဝှက်ဆန်းကြယ်ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ ၂၀၂၃ စက်တင်ဘာမှာမှ ပူပူနွေးနွေး ထွက်ရှိထားတာဖြစ်ပြီး ဇာတ်လမ်းအလှည့်အပြောင်းတွေကို လိုက်ပြီး တွေးတောသီအိုရီထုတ်ရတာ ကြိုက်တဲ့သူတွေအတွက် အရသာတွေ့စေမယ် ဇာတ်ကားဆိုရင်လည်း မမှားပါဘူး၊ ဒါကြောင့် ...
movie

Saturn Bowling (2022)

Hold Me Tight (2021) 6.8
Hold Me Tight (2021) Hold Me Tight (2021) ================ IMDb Rating - 6.8/10လူ့စိတ်ဆိုတာ အစိုးမရဘူးလို့ ပြောတတ်ကြပါတယ်။ တစ်ခါ တလေ စိတ်‌ဆိုတာ လွင့်ချင်ရာလွင့်နေတတ်တာမျိုးပါ။ လုပ်မိ တဲ့အရာအတိုင်းအတွက် အကြောင်းပြချက်ရှိချင်မှရှိမယ်၊ စိတ် စေရာအတိုင်းလုပ်မိရင်း ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ဒီဇာတ်လမ်းထဲက ကလယ်ရိစ်ဟာလည်း ဒီလိုပါပဲ။ တစ်ရက်မှာ မနက်စောစောနိုးလာပြီး ပစ္စည်းအနည်းငယ်ကိုယူလို့ အိပ်နေတဲ့ ခင်ပွန်းသည်နဲ့ ကလေးတွေထားသွားခဲ့တာပါ။ သူဘာလို့ ထွက် သွားလည်း ဘယ်သူမှမသိခဲ့ကြပါဘူး။ ခင်ပွန်းသည် မက်ခ်က တော့ ကလေးနှစ်ယောက်ကိစ္စတွေ မနိုင်မနင်းလုပ်ရင်း ကျန်နေ ခဲ့ပါတယ်။ဇာတ်လမ်းဟာ ကလယ်ရိစ်ရောက်ရာအရပ်ကို ပြလိုက်၊ သူ့စိတ် ကူးတွေလွင့်မျောနေတာကို ပြလိုက်၊ မက်ခ်နဲ့ ကလေးတွေ ကသောင်း ကနင်း ဖြစ်တာကို ပြလိုက်နဲ့ ခပ်ငြိမ့်ငြိမ့်ပဲ သွားထားပါတယ်။ ဇာတ် လမ်းက အေးသလိုထင်ရပေမဲ့ အဆုံးထိကြည့်မှ ဇာတ်လမ်းရဲ့ twist ကို မြင်ရမှာပါ။ ကြည့်ကြည့်ချင်းတော့ ဘယ်လိုလဲ ဘာတွေလဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ဒီတော့ ခပ်အေးအေးအမျောလေးတွေမှ ကြိုက်တဲ့သူတွေအတွက် ဒီ melodrama ရုပ်ရှင်ကို အဆုံးထိကြည့် ကြည့်လိုက်ကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.5 ...
movie

Hold Me Tight (2021)

2021
The Take (2016) 6.3
The Take (2016) The Take (2016) IMDb - 6.3/10_____Rotten - 48%    သူ့ရဲ့ မူရင်းဇာတ်ကားနာမည် Bastille Day ကိုဆို လူတော်တော်များများသိနေကြမှာပါ အကြမ်းအရမ်းတွေ အက်ရှင်ကားတွေကို သိပ်ကြိုက်ကြတဲ့ ပရိတ်သတ်တွေဆို သဘောတွေ့ကြမယ့် ဇာတ်ကားမျိုးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ပြင်သစ်မှာ ခါးပိုက်နိုက်အဖြစ်အသက်မွေးနေတဲ့ မယ်ရီမန်ဆန် ဟာ တနေ့မှာ အိတ်တလုံးကိုခိုးလာရာမှ မထင်မှတ်ပဲ ဝက်ဝံရုပ်တခုကို ရရှိခဲ့ပါတယ် သူဟာ မထင်မှတ်ပဲ ဝက်ဝံရုပ်ကိုလူစည်ကားတဲ့ နေရာတခုမှာ စွန့်ပစ်ထားခဲ့ပြီး ပိုမထင်မှတ်ထားတာက ထို ဝက်ဝံရုပ်ထဲမှာ ချိန်ကိုက်ဗုံးတစ်ခုပါနေတာပါပဲ ဒီလိုနဲ့ မယ်ရီမက်ဆန် တယောက် ဘယ်လိုအရှုုပ်တော်ပုံတွေထဲကို ပါဝင်နေမလဲ ဘယ်လိုအန္တရာယ်တွေကိုကော ကြုံတွေ့ရမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ရှူရမှာပါ     Size - 570 MB Quality - HD 720p Format - mp4 Duration - 01:32:00 Translator - MTDM Encoder - Oscar
movie

The Take (2016)

2016