Channel Myanmar

Arielle Dombasle

Alibi.com 2 (2023) 6.5
Alibi.com 2 (2023)  Alibi.com ဆိုတာဘာလဲသိပါသလား။Alibi.com ဆိုတာသင့်ရဲ့ပြဿနာတွေအကုန်လုံးကိုဖြေရှင်းပေးနိုင်တဲ့ကုမ္ပဏီတစ်ခုပါ။ကိုယ့်မှာဘယ်လိုပြဿနာမျိုးတွေရှိရှိ အလီဘိုင် အတုလုပ်ပြီးလိမ်ညာပေးပြီးတော့ အကုန်လုံးကိုဖြေရှင်းပေးနိုင်ပါတယ်။အဲ့ဒီ အလီဘိုင်ကုမ္ပဏီရဲ့ပထမဆုံးဇာတ်ကားကိုတော့ ၂၀၁၇ မှာထွက်ရှိခဲ့ပြီးအခု ၂၀၁၃ မှာတော့ဒုတိယမြောက်ကားထွက်လာခဲ့ပါပြီ။ပထမကားကတည်းကဝက်ဝက်ကွဲရယ်ရလို့ Rating ကောင်းကောင်းနဲ့အားပေးမှုတွေအများကြီးရခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။အခုဒုတိယမြောက်ကားမှာလည်း IMDb Rating 6.5 နဲ့ပွဲထွက်လာပြီးအရင်ဇာတ်ရှိန်ကိုမကျအောင်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ဒုတိယကားလေးမှာတော့Alibi.com ကြောင့်ရည်းစားဖြစ်သူနဲ့ ဆက်ဆံရေးပြတ်ဆဲတော့မလိုဖြစ်သွားခဲ့တဲ့တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂရက်ကကုမ္ပဏီကိုပိတ်သိမ်းပြီးတော့ချစ်ရသူနဲ့ပဲအတူတူနေနေပါတော့တယ်။ဒါပေမယ့် သူတို့နှစ်ယောက်လက်ထပ်တော့မဲ့အခါမှာတော့ အလီဘိုင်မဖြစ်မနေလုပ်ရမဲ့ ကိစ္စတွေပေါ်ပေါက်လာပြီးအရင်လိုအလီဘိုင်တွေ ပြန်လုပ်တဲ့အခါမှာတော့ဘယ်လိုအခွီတွေထပ်တွေ့ရဦးမလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြဖို့ Recommend ပေးလိုက်ပါတယ်။ File size…1.73GB / 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Alibi.com 2 (2023)

[18+] L’ennui (1998) 6.1
[18+] L’ennui (1998) IMDb Rating (6.1)မာတင်ဆိုတာ ဒဿနိကဗေဒသင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး လတ်တလော ဇနီးသည်နဲ့ကွဲကွာထားတဲ့သူဖြစ်ပါတယ်။ ဇနီးသည်ကို မမေ့နိုင်သလို သက်တစ်ဝက်ကျိုးသောကရောက်နေတဲ့အချိန်နဲ့လဲတိုက်ဆိုင်နေတော့ လေလွင့်သူတစ်ပိုင်းဖြစ်နေတာပါ။တစ်နေ့တော့ ဘားတစ်ခုမှာ ငွေမရှင်းနိုင်တဲ့အဘိုးကြီးတစ်ယောက်ကို အစောင့်တွေဝိုင်းရိုက်နေတာကို ဝင်ကူညီပေးခဲ့ရာကနေမိတ်ဆွေဖွဲ့မိပြီး တစ်ပတ်ဆယ်ရက်လောက်အကြာမှာ အဘိုးကြီးရဲ့ အိမ်ကိုသွားလည်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ အဘိုးကြီးဟာ မနေ့ကမှ သေဆုံးသွားခဲ့ပြီဆိုတာ သိလိုက်ရပြီး အဘိုးကြီးရဲ့ အခန်းထဲက ပစ္စည်းတွေသိမ်းပြီးထွက်လာတဲ့ အဘိုးကြီးရဲ့ တိတ်တခိုးချစ်သူဟောင်း မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့မတော်တဆ အဲ့ဒီကလေးမနဲ့ဇာတ်လမ်းစခဲ့ပါတယ်။ကောင်မလေးမှာ သူ့ဇနီးဟောင်းလိုထက်မြက်တဲ့ ဉာဏ်ရည်မရှိ သွယ်လျတဲ့ ကိုယ်လုံးကိုယ်ပေါက် အဆင့်မြင့်မြင့် စမတ်ကျကျပုံစံတွေမရှိ။ငယ်ဂုဏ်ရိုးဂုဏ်ကလွဲလို့ ဘာတစ်ခုမှမရှိတဲ့အပြင် စကားပြောဆိုရာမှာလဲ ပုံမကျ ပန်းမကျ အဲ့ဒီမိန်းကလေးကိုမှ အစပိုင်းမှာ ပျင်းစရာကြီးလို့ထင်ရာကနေ မာတင်ကြီးတစ်ယောက်အရူးအမူးချစ်မိသွားပါတော့တယ်။ ကြီးမှ ဝက်သက်ပေါက်သလိုဖြစ်တဲ့ သက်လတ်ပိုင်းအမျိုးသား မာတင်က ကိုယ့်သမီးအရွယ်လောက်ကလေးမကို အစကနေ ပြန်ပိုးပန်းရတာ ရယ်စရာ ချစ်စရာကောင်းသလို သနားစရာလဲ အတော်ကောင်းနေတော့တာပါ။နှစ်နာရီအကြာဇာတ်လမ်းကို ကြာတယ်လို့တစ်ချက်မှမတွေးမိအောင် ဆွဲဆောင်နိုင်တဲ့ဇာတ်ကားပါ။ ကွက်ကွက်ကွင်းကွင်းကွင်းမုန့်တီဟင်းလို အချစ်ဇာတ်ဝင်ခန်းအကြမ်းစားတွေကတော့ အပိုဆုပါ။ မာတင်ချစ်သွားတဲ့ မထုံတက်တေးကောင်မလေးကို ကြည့်နေရင်းနဲ့ကိုယ်ပါ ချစ်လာရမှာကတော့ မေတ္တာလက်ဆောင်ပါ။(Dark Side Production မှ ...
movie

[18+] L’ennui (1998)