Channel Myanmar

Arija Bareikis

Before the Devil Knows You’re Dead (2007) 7.3
Before the Devil Knows You’re Dead (2007) Imdb rating - 7.3/10ဒီ​ရုပ်ရှင်​ကတော့​ ၂၀၀၇ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​အင်ဒီရုပ်ရှင်​ဖြစ်ပြီး​ Crime/Drama နဲ့​ Thriller အမျိုး​အစားဖြစ်ပါတယ်။ ဇာတ်ကား​နာမည်က​ အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး​ ဒီရုပ်ရှင်ကို​၂၀၀၇​ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခု​အဖြစ်​ သတ်မှတ်ခဲ့ပါတယ်။အော်​စကာဆုရှင်မင်း​သားကြီး​ Philip Seymour Hoffmann နဲ့​ Ethan Hawke တို့က​ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့​ Hank နဲ့​ Andy Hanson​ ညီအစ်ကို​နှစ်ယောက်​အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်း​မိတ်ဆက်​က​တော့​ ဟန်ခ့်​ဟန်ဆန်​ (Ethan Hawke) က​ ဇနီး​ဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေး​မပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီး​ဖြစ်​သူအတွက် ကလေး​စရိတ်​ကိုတောင်​ပေးဖို့​ရုန်းကန်​နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်​ဒီက​ အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေး​ဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့်​ ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်​တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီ​က​ သူ့ညီဟန်ခ့်ကို ဓားပြ​တိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြ​တိုက်မှာ​က​ တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့​ သူတို့​စီစဥ်ထားသလိုမဖြစ်ဘဲ​ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်​ဆက်​တွဲ​ဖြစ်​ရပ်​တွေ​ တသီတတန်းကြီးကို ...
movie

Before the Devil Knows You’re Dead (2007)

No Reservations (2007) 6.3
No Reservations (2007) No Reservations (2007) Genre – Comedy, Drama, Romance IMDB – 6.3/10ငယ်ငယ်တုန်းက Zorro ကြည့်ရင်း ဒီမင်းသမီးလှလိုက်တာဆိုပြီးဖြစ်ခဲ့ဖူးတဲ့သူ ဒါမှမဟုတ် ခု နာမည်ကြီး ဗုဒ္ဓဟူးမ Wednesday ရဲ့ အမေနေရာကပါပြီးခုထိ ကျက်သရေရှိရှိနဲ့ လှနေတဲ့ အန်တီကြီး Catherine Zeta-Jones ရဲ့၂၀၀၇ ခုနှစ်တုန်းက Rom-com ကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။မင်းသားနေရာကလည်း Dark Knight Trilogy မှာ အပြိုင်ကြမ်းခဲ့တဲ့Two-face နေရာက မင်းသား Aaron Eckhart ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုံးလေးကတော့ စားဖိုမှူးလောကမှာ နာမည်ရှိပြီးအင်မတန်တော်သလောက် စည်းမျဉ်းစည်းကမ်းတွေနဲ့ စေ့စပ်တိကျပြီးမိတ်ဆွေမရှိ ချစ်သူမရှိ ဟင်းချက်တာကိုပဲ စိတ်နှစ်ထားတဲ့စားဖိုမှူးမချော ကိတ်ဆိုတာရှိပါတယ်။ဆိုင်ထဲမှာ ဖောက်သည်က သူချက်တာကို စောဒကတက်ရင်လည်းမထင်ရင်မထင်သလို ပြန်ပြန် ပြဿနာရှာတတ်လွန်းလို့ဆိုင်ပိုင်ရှင်ကတောင် ကုထုံးဆရာဆီ ပို့ထားရတဲ့လူမျိုးပါ။တစ်ရက်တော့ သူ့ အစ်မဖြစ်သူဟာ သူ့သမီးနဲ့အတူ သူ့ဆီကိုလာလည်ဖို့လုပ်ရင်း မတော်မဆ ဖြစ်သွားရာကနေ ...
movie

No Reservations (2007)

The Purge (2013) 5.7
The Purge (2013) The Purge (2013)ထွက်ပြီးခဲ့တာ ဆယ်နှစ်တောင်ကြာပြီဖြစ်သလို ဒီကားနောက်ပိုင်း ဖြစ်လာခဲ့တဲ့ The Purge Franchise ကြီးရဲ့ အစဆိုတဲ့အတိုင်း အကောင်းဆုံးဖြစ်သလို ကြည့်ပြီးလည်း​ နောက်တစ်​ခေါက်ပြန်ပြန်ကြည့်ချင်​နေတဲ့ ဇာတ်ကား​တွေထဲကတစ်ကားဖြစ်တဲ့ ပထမဆုံး The Purge ကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။~ ဇာတ်လမ်းအညွှန်း ~အ​မေရိကန်နိုင်ငံ စီးပွား​ရေးကျဆင်းလာတာ​နဲ့အမျှ ဒုစရိုက်မှု​တွေ ဆင်းရဲမွဲ​တေမှု​တွေ မှိုလို​ပေါက်လာတာကို ဘယ်လို​ဖြေရှင်းရမလဲ ​ခေါင်းခဲ​နေကြတုန်း အဲဒီခေတ် အမေရိကန်ရဲ့ အာဏာပိုင်အစိုးရဖြစ်တဲ့ သူတို့ကိုယ်သူတို့ မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများ လို့ခေါ်တဲ့ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့လုပ်ဖို့ကိုစဥ်းစားမိသွားကြတယ်။ အဲဒီ​နေ့မှာ ဘယ်ဒုစရိုက်မှုလုပ်လုပ် ရဲအဖမ်းမခံရတဲ့​နေ့မျိုး​ပေါ့။ လူချမ်းသာ​တွေက​တော့ ​ငွေနဲ့အကာအကွယ်ယူလို့ရ​​ပေမယ့် ဆင်းရဲတဲ့သူ‌တွေ၊ အသက်ကြီးတဲ့သူ​တွေ၊ ပစ်ပယ်ထားခံရတဲ့သူ​တွေက​တော့ အဲဒီ​နေ့ရဲ့ ပစ်မှတ်​တွေ​ပေါ့။ အဲဒီလို နိုင်ငံနဲ့တဝန်း အကန့်အသတ်မရှိ လူသတ်နိုင်တဲ့ လူမဆန်တဲ့နေ့ကြီးကို လုပ်လိုက်​ပေမယ့် မထင်ထားရ​လောက်​အောင် ဆင်းရဲမှု​တွေ ဒုစရိုက်မှု​တွေနည်းသွားပြီး ...
movie

The Purge (2013)

2013
The Witch in the Window (2018) 6.1
The Witch in the Window (2018) ယခုတင်​ဆက်​​ပေးမယ်​့ကား​လေးက​တော့ ခုတလောကပဲ ထွက်ရှိထားတဲ့ Drama , Horror ဇာတ်ကားလေးပါRating အနေနဲ့ IMDb 6.1 နဲ့ Rotten Tomatoes 86% ရရှိထားတဲ့ ဇာတ်​ကား​ကောင်​း​လေးဘဲဖြစ်​ပါတယ်​။ဇာတ်​လမ်​း​လေးက​တော့ အိမ်​မှာအ​မေနှင်​့ အဆင်​မ​ပြေတဲ့က​လေးကို အ​ဖေက ခရီးတစ်​ခုအ​နေနှင်​့ လူသူကင်​းမဲ့တဲ့​နေရာက​ပေါ​ချောင်​​ကောင်​းနဲ့ ဝယ်​ထားတဲ့အိမ်​​လေးမှာ သွား​ရောက်​​နေထိုင်​ရာက​နေ ထိုအိမ်​ကြီးရဲ့ အတိတ်​တစ်​ချိန်​က ဇာတ်​လမ်​း​တွေ........အ​ဖေနှင်​့က​လေးက​ကော ဘာ​တွေဆက်​ဖြစ်​မလဲဆိုတာက​တော့.......(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Zaya Phyoe  ဖြစ်ပါတယ်)  File Size : (650 MB) and (300 MB) Quality : AMZN WEB-DL 720p Running Time : 1h 17min Format : Mp4 Genre : Drama , Horror Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.AMZN.WEBRip.DDP2.0.x264-NTG Translated by Zaya Phyoe Encoded by Thanhtike Zaw
movie

The Witch in the Window (2018)

2018