Channel Myanmar

Arjun Mathur

My Name Is Khan (2010) 7.9
My Name Is Khan (2010) IMDb Rating (7.9) / Rotten Tomatoes (83%)မင်းသားရှရွတ်ခန်းနဲ့ မင်းသမီးကာဂျိုးတို့တွဲရိုက်လိုက်တိုင်း နာမည်ကြီးနေကျဆိုသလို ဒီဇာတ်ကားကလဲ ကမ္ဘာ့အလည်မှာ နာမည်ရခဲ့တဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ရှရွတ်ခန်းဟာ ဒီဇာတ်ကားမှာ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့သရုပ်ဆောင်မှုတွေက ပြောစရာမရှိအောင် ပြည့်စုံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့....Khan ဟာ Asperger's syndrome  လူမှုဆက်ဆံရေးချွတ်ချော်တဲ့ရောဂါလို ဂေါက်တောက်တောက်ပုံစံဖြစ်နေတာမလို့ သူ့ညီဖြစ်သူက သူ့ကိုဆို မကြည်ဖြူပေမယ့် မိဘတွေကတော့ သူ့ကိုအချစ်ပိုကြပါတယ်။ဒီလိုနဲ့သူ့မိဘတွေဆုံးတော့ Khan တစ်ယောက် အိန္ဒိယကနေ သူ့ညီရှိရာ အမေရိကကိုပဲ  လိုက်ပါသွားဖို့ ဖြစ်လာပါတော့တယ်။Spoiler Alert....(ဇာတ်ကားကြည့်မည့်သူများ အောက်ကစာကိုမဖတ်ဘဲ ကြည့်သင့်ပါတယ်။)သူဟာ သူ့ညီကုမ္ပဏီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး  မြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကြာခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ ...
movie

My Name Is Khan (2010)

4K HEVC
Silence… Can You Hear It?(2021) 7.0
Silence… Can You Hear It?(2021) Silence... Can You Hear It?(2021)ဒီဇာတ်ကားလေးကတော့ IMDb rating 7.0ရရှိထားတဲ့Hindiစကားပြော Thrillerဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။တခြားအိန္ဒိယကားတွေလို သီချင်းတွေ အကတွေ တစ်ခုမှ မပါပါဘူး။ဇာတ်လမ်း အကျဉ်း တရားသူကြီး ချော်ဒရီရဲ့သမီး ပူဂျာချော်ဒရီဟာ သူ့ရဲ့သူငယ်ချင်း ကဗီသာဆီကို သွားမယ်ဆိုပြီး အိမ်ကနေ ထွက်လာခဲ့ပါတယ်။ ကဗီသာရဲ့အိမ်ရောက်မှ ကဗီသာဟာ အိမ်မှာမရှိကြောင်း ပူနေးကို ရောက်နေကြောင်း သိလိုက်ရပြီးအဲဒီအိမ်မှာပဲ တစ်ညအိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်တစ်နေ့မှာတော့ ပူဂျာချော်ဒရီတစ်ယောက် ရက်ရက်စက်စက်အသတ်ခံလိုက်ရပြီ ဒီအမှုကို စုံစမ်းအဖြေရှာဖို့ ပူဂျာချော်ဒရီရဲ့အဖေ တရားသူကြီး ချော်ဒရီက အေစီပီအဗီနား(ရှ်)ကိုအကူအညီတောင်းတာကြောင့် ရဲမှူးချုပ် ရှရ်မားက ဒီအမှုကို စုံးစမ်းဖော်ထုပ်ဖို့ အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးလိုက်ပါတယ်။ဒီလူသတ်မှုကို ကျူးလွန်တဲ့ တရားခံက ဘယ်သူလဲ .... အမှုမှန်ပေါ်ပေါက်အောင် ဘယ်လိုတွေ စုံစမ်းဖော်ထုတ်ကြမှာလဲ .... Thrillerဇာတ်ကားကြိုက်သူများ လုံးဝ လက်မလွှတ်သင့်ပါကြောင်း .... ဘာသာပြန်သူကတော့ Thaik San ဖြစ်ပါတယ်။ File Size : (1.1GB) Quality : WEB-DL 720p Format…mp4 Duration…02:16:00 Genre : ...
movie

Silence… Can You Hear It?(2021)

Ankur Arora Murder Case (2013) 6.5
Ankur Arora Murder Case (2013) (Unicode)(Alert !!!!! Medical Negligence )အသက်မွေးကျောင်း ဆိုင်ရာ ပညာရပ်တစ်ခုကို ရိုက်ကူးရာ၌ အိန္ဒိယရုပ်ရှင်လောကသည် လွန်စွာပါးနပ်ကျွမ်းကျင်လှသည်။ပေးချင်သည့် စိတ်ကူးရသတို့အား ထိမိချိတ်ဆက်ပုံကလည်း ရှင်းလင်းပေါ်လွင်လှသည်။ဤ ဇာတ်ကား မှာလည်း "ဆရာဝန်" ဟူသော အလုပ်အကိုင် တစ်ရပ်အား ဖော်ပြထားသည်။သို့သော် ဤဇာတ်ကား၏ ထူးခြားချက်မှာ "ဆရာဝန် "ဟူသော အသုံးအနှုန်းအား ပြန်လည် သုံးသပ်ဆင်ခြင်မိစေသည်။ဆရာဝန်အလုပ် ဟူသည် အသက်မွေးကျောင်း ပညာတစ်ရပ်ဖြစ်သော်လည်း ဆရာဝန်တစ်ဦးမကောင်းပါက ဆေးပညာလောကတစ်ခုလုံးအား ကိုယ်စားမပြုနိုင်။ဤကဲ့သို့ပင်။ လူနာအပေါ် စေတနာ ထားသော ဆရာဝန်သည်လည်း ဆေးလောကကို ကိုယ်စားပြုသည် မဟုတ်လှပါ။အဘယ်ကြောင့် ဆိုသော် ဆေးပညာနယ်ပယ်အရ စိတ်ဓာတ် နည်းနာများ ကောင်းမွန်စေရန် သင်ကြားပေးခဲ့သော်လည်း လိုက်နာအပ်သော စိတ်သဘောထား ကွာဟ မှုတို့ကြောင့် ဖြစ်ပေသည်။ဤဇာတ်ကားတွင်လည်း ထိုသို့သော သဘောတရားအခြေခံအား အခြေပြုထားသည်။ ကောင်းမွန်သော ဆရာဝန်ရှိသကဲ့သို့ ကိုယ်ကျိုးဆန်သော ဆရာဝန်လည်း ရှိခဲ့သည်။ဆရာဝန်တိုင်း ကောင်းသည်မဟုတ်။ ...
movie

Ankur Arora Murder Case (2013)

2013
Long Live Brij Mohan(2017) N/A
Long Live Brij Mohan(2017) Long Live Brij Mohan(2017)လူတိုင်း လူတိုင်းမှာ လက်ရှိခေါက်ရိုးကျိုးဘဝအနေအထားကနေ ထွက်ပြေးချင်တဲ့အခိုက်အတန့်ဆိုတာရှိမှာပါပဲ။ပျင်းရိစရာဘဝကြီးကနေ ရုန်းထွက်...အသစ်တစ်ဖန်မွေးဖွားပစ်လိုက်စမ်းမဟဲ့ဆိုပြီးအားခဲနေသူတစ်ဦးကတော့ ဒေလီစျေးက အထည်ဆိုင်ပိုင်ရှင် Brij Mohanပေါ့။တစ်နေ့မှာတော့ အိမ်ကမိန်းမကြီးနဲ့ အကြွေးတွေကိုထားခဲ့ကာ စကီအသစ်လေးနဲ့ပျော်ပျော်ကြီးဘဝအသစ်ထူမယ်ဆိုပြီး အကြံတစ်ခုကိုအကောင်အထည်ဖော်ပါတော့တယ်။အဲ့ဒီအကြံကတော့ သူ့ကိုတခြားလူတစ်ယောက်ယောက်သတ်သွားသယောင်ယောင်နဲ့ ခြေရာဖျောက်ဖို့ကြံစည်တာပါပဲ။အဲ့လိုဘဝဟောင်းကနေထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဘဝအသစ်မှာရောသူဘာတွေပြောင်းလဲသွားနိုင်မှာလဲ?သူမျှော်လင့်ထားသလိုရောဖြစ်လာပါ့မလား?ကံကြမ္မာဆိုတာပြောင်းလဲလို့ရနိုင်သလား?ဆိုတဲ့မေးခွန်းတွေနဲ့ အဆုံးထိမငြီးမငွေ့ကြည့်ရှုသွားရမယ့် အိန္ဒိယကားလေးကတော့ IMDB Rating 7.7/10 တောင်ရရှိထားတဲ့ ဟောဒီက Long Live Brij Mohan(2017)ဆိုတဲ့ကားလေးပါ။Ratingတွေကြည့်ရုံနဲ့ ကားကောင်းဟုတ်မဟုတ် ဆိုတာ အကဲဖြတ်လို့ရနိုင်တယ်ဆိုပေမယ့်တကယ်ခံစားဆုံးဖြတ်ကြည့်ဖို့အတွက် Downloadလုပ်ကြည့်ရှုကြပါလို့ပဲ ညွှန်းလိုက်ပါတယ်။Qty - 720p Web DLDuration - 2hr 10minSubtitle - MyanmarTranslator - Moon SandarEncoder - Kyaw Ye Aung
movie

Long Live Brij Mohan(2017)

2017