Channel Myanmar

Arlene Muhlach

Love You Long Time (2023) 5.8
Love You Long Time (2023)  ဒီဖိလစ်ပိုင်ကားကတော့ မြင်ဖူးနေကျဖိလစ်ပိုင်ကားတွေနဲ့ ကွဲထွက်ပါတယ်။အရာရာကို သဘာဝရှုခင်းလှလှ၊ ရုပ်ရှင်ဓာတ်ပုံလှလှတွေနဲ့  ငြိမ့်ငြိမ့်လေးပြသွားတာအချစ်ကဗျာတစ်ပုဒ် ဖတ်နေရသလိုပါပဲ။ အစပိုင်းမှာ ကြည့်ရတာပျင်းကောင်းပျင်းနိုင်ပေမဲ့စိတ်ရှည်ရှည်နဲ့ဆက်ကြည့်ရင် ဒီရုပ်ရှင်ကပေးစွမ်းချင်တဲ့ရသတွေကို ခံစားရမှာပါ။ အချစ်ဆိုတာလည်း ခက်တော့ခက်သား ဝေးရမယ်ဆိုမှ ပိုတွေ့ချင်မိတယ် ခွဲရမယ်ဆိုမှဆွဲထားချင်မိတယ်။ Before Trilogy တွေကိုကြည့်ပြီး မရိုးမရွဖြစ်စေတဲ့အရာကလည်းဒီလိုပဲ ဘဝမှာအလွယ်ရခဲ့သမျှအချစ်တွေအားလုံးကို ပေါပေါပဲပဲလုပ်ခဲ့ပြီးမှ ရထားခရီးစဉ်ဆုံးရင် ခွဲရတော့မယ့်လူကိုမှ ချစ်မိသွားလို့ နှစ်ယောက်သား နောင်တမရအောင် လမ်းခုလတ်ကဘူတာမှာ တစ်ညတာဆင်းနေခဲ့ကြတယ်မဟုတ်လား။ ကိုယ်ရဲ့ပစ္စုပ္ပန်က မင်းရဲ့အတိတ်မင်းရဲ့ပစ္စုပ္ပန်က ကိုယ့်အနာဂတ်အဖြစ် ၄ နှစ်တာ ကွာဟနေတဲ့ အချိန်ကာလကိုကိုယ်တို့အချစ်နဲ့ ဘယ်လိုပိတ်ဆို့ကြမလဲ။ ကိုယ်ကတော့ ဖုန်းအဟောင်းတစ်လုံးနဲ့မကျေနပ်နိုင်ဘူး။ မင်းကိုထိတွေ့ခွင့်တွေ၊ မင်းနဲ့အတူထိုင်ပြီး ကော်ဖီသောက်ခွင့်တွေ၊မင်းချသမျှဆုံးဖြတ်ချက်တိုင်းမှာ အရေးပါခွင့်တွေကို လောဘတက်ချင်သေးတယ်။မျှော်လင့်ချက်ဟာ အရာရာဆိုတာကို လက်ခံကြလားဗျ။ မျှော်လင့်ချက်ကြောင့်အသက်ရှင်သလို မျှော်လင့်ချက်ကြောင့် သေဆုံးနိုင်တာပါပဲ။ ကိုယ့်ကိုယ်ကိုသေလူလို့သက်မှတ်ထားတဲ့ကိုယ်က ဒီမျှော်လင့်ချက်တွေကြောင့်ပဲ အသက်ရှင်ချင်လာမိတယ်...ဒီဇာတ်ကားလေးကတော့Healing movie ကောင်းကောင်းတစ်ခုဖြစ်တဲ့အတွက် အချစ်ကြောင့်စိတ်ပင်ပန်းနွမ်းနယ်နေခဲ့ရင် ဒီကားကိုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်ခင်ဗျာ။ File size…1.26GB / 481MB Quality…NF WEB-DL ...
movie

Love You Long Time (2023)

I Love You Goodbye (2009) 5.8
I Love You Goodbye (2009) I Love You, Goodbye (2009)သင်ဟာ လူ ၂ ယောက်ကို တစ်ပြိုင်နက်တည်းချစ်မိဖူးတယ်ဆိုရင်တောင် တစ်ယောက်တည်းကိုပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့အခါ ရွေးရခက်တဲ့အဖြစ်မျိုး ကြုံခဲ့ဖူးမှာပါ။ Nobody loves me ဆိုတဲ့ FA လေးတွေအတွက်တော့ မျက်ရည် ၂ စက်ပေါ့။လစ်ဇဲလ်ဆိုတဲ့ မိဘမဲ့‌မိန်းကလေးက ချို့တဲ့တဲ့ဘဝမှာ ကြီးပြင်းလာရပေမဲ့ အချစ်ရှားနေတဲ့ ကျွန်တော်တို့လိုမဟုတ်ဘဲ သူမှသူဖြစ်နေတဲ့ ယောက်ျားနှစ်ယောက်ရှိပါတယ်။အရာရာပြီးပြည့်စုံတဲ့ Mr. Perfect Sugar daddyကြီး အေဒရီယန် ဟာ သမီးတစ်ယောက်ရှိတဲ့ မုဆိုးဖိုတစ်ယောက် အင်မတန်အောင်မြင်တဲ့ တက်လမ်းအပြည့်နဲ့နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်၊ မင်းတွက်ဆို ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်မဲ့ လမင်းကြီးကိုတောင် ခူးဆွတ်ပေးချင်နေတဲ့လူနဲ့နောက်တစ်ယောက်ကတော့ ဘဝသမားလေး ဂယ်ရီ၊ ၄ နှစ်တာချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ပြီး လက်ထပ်ပြီးဘဝတည်ဆောက်ဖို့တောင် ရည်ရွယ်ခဲ့ရပေမဲ့ အပျော်စီးသင်္ဘောမှာ အတူအလုပ်လုပ်ဖို့ ရည်ရွယ်ပြီးမှ လစ်ဇဲလ်ကို သစ်စိမ်းချိုးချိုးပြီး ထားပစ်ခဲ့သူ အသဲခွဲသမားလေးပေါ့။ဒါပေမဲ့ လစ်ဇဲလ်ကတော့ ဝတ္ထုထဲက ကောင်မလေးများလို အရာရာပြီးပြည့်စုံတဲ့ သကြားဖေဖေထက် အသဲခွဲသွားတဲ့ဂယ်ရီကို ပိုချစ်ပါသတဲ့။ဒါပေမဲ့ အေဒရီယန်မှာလည်း အဆင့်အတန်းကွာခြားလွန်းလို့ အမြင်မကြည်တဲ့အမေရယ်၊ အဖေကိုလုယူသွားလို့ ရန်သူလိုသဘောထားနေတဲ့ ...
movie

I Love You Goodbye (2009)

2009
Last Fool Show (2019) 6.7
Last Fool Show (2019) Last Fool Show (2019)ဖိလစ်ပိုင်ကားတွေ ကြိုက်တဲ့သူတွေအတွက် ကြိုက်မယ့်ဇာတ်လမ်လေးပါ။ အချစ်ဇာတ်လမ်းတွေဆို ဖိလစ်ပိုင်တွေက နင့်နင့်နဲနဲ ခံစားရအောင် ရိုက်တတ်ကြပါတယ်။ဖြစ်ဖူးကြမလား မသိဘူး????? ကိုယ်တွေ့ဇာတ်လမ်းကို ကိုယ်တိုင်ဇာတ်လမ်းဖန်တီးရမယ့် အဖြစ်အပျက်မျိုး။ ဒီဇာတ်လမ်းက ဇာတ်ကောင်ကတော့ ဒီအဖြစ်အပျက်နဲ့ ကြုံခဲ့ရတဲ့အကြောင်းပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။အမျိုးသမီးဒါရိုက်တာ မီရေးဆာဟာ ထိတ်လန့်စရာဇာတ်ကားတွေ၊ လူထုကို မီးမောင်းထိုးပြတဲ့ ဇာတ်လမ်းတိုတွေ ရိုက်ပြီး ရုပ်ရှင်ဆိုင်ရာ ဆုများစွာကို ရရှိခဲ့ဖူးသူ တစ်ယောက် ဖြစ်ပါတယ်။သူမ အလုပ်ဝင်မယ့်ဂလက်စီရုပ်ရှင်ထုတ်လုပ်ရေးက လက်ရည်စမ်းတဲ့အနေနဲ့ သူမကို ရိုမန့်စ် ဟာသဇာတ်လမ်းတစ်ပုဒ်ကို ရိုက်စေချင်တယ်။ ရိုက်နေကျ ဇာတ်လမ်းတွေနဲ့ လုံးလုံးကွဲထွက်နေတဲ့ ရိုမန့်စ်ဟာသ ရုပ်ရှင် ရိုက်ရတော့မယ်ဆိုတော့ ဇာတ်ညွှန်းရေးဖို့ ဒါရိုက်တာမမ ခေါင်းစားရတော့တာပေါ့။ဒီလိုနဲ့ အရင်က အချစ်ဇာတ်လမ်းဟောင်းတစ်ပုဒ်ကို ပြန်အသက်သွင်းဖို့ ဖြစ်လာခဲ့တယ်လေ။ လွန်ခဲ့တဲ့သုံးလေးငါးနှစ်က အခုချိန်တွေးရင်တောင် အခုပြန်သတိရတဲ့အတိတ်ဟောင်းတစ်ခုကိုပေါ့အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကို တစ်လှည့်စီ ပြသသွားတဲ့ အခင်းအကျင်းကလည်း ဇာတ်လမ်းကို တစ်မျိုးတစ်ဖုံ လှပစေခဲ့ပြန်ပါတယ်။သီချင်းစာသားလေးတွေကလည်း အတော်မိုက်ပါတယ်။ ဇာတ်ဝင်သီချင်းရဲ့အသက်ဝင်မှုနဲ့ ပံ့ပိုးထားတာမို့ အရိုတစ်လိုင်း ပရိသတ်တို့ ရင်ထဲရောက်မယ့် ကားတစ်ကားပဲ ဖြစ်ပါတယ်။IMDb- 6.7/10 ဆိုတော့ ဇာတ်လမ်းရဲ့အတိမ်အနက်ကို တွေးသာကြည့်ပါတော့Review ...
movie

Last Fool Show (2019)

2019
Must Be… Love (2013) 7.1
Must Be… Love (2013)  2013 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင် အချစ်ဟာသ ဖန်စီ ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကိုတော့ CM ပရိတ်သတ်ကြီးအနေနဲ့ သိပ်စိမ်းမှာ မဟုတ်ပါဘူး ဘာလို့ဆို သူ့ကားတွေကြီးပဲ တင်ဆက်ပေးလာလို့ပါဇာတ်လမ်းလေးကတော့ အချစ်ဦးဆိုတာ ဘယ်လောက်ပင်ကြာကြာ မမေ့ဘူးလို့ဆိုပါတယ်ငယ်စဉ်ကထဲက ကစားအတူသွားအတူ နေခဲ့ကြတဲ့ သူတွေ ချစ်ကြပြီဆိုရင်တော့ဖြင့်ဘယ်လောက်တောင်ချစ်ကြမယ်ဆိုတာကတော့ပြောနေစရာမလိုလောက်တော့ဘူးထင်ပါတယ် ဒီကားလေးထဲမှာတော့ ငယ်စဉ်ကထဲကခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှ်စ်ယောက်တစ်ယောက်က တိတ်တခိုးလေးချစ်မိနေတဲ့အခါမှာ ကျန်တဲ့တစ်ယောက်ကမသိပဲ လျှောက်ပွေးဒါကို ဖွင့်မပြောရဲတော့ ကြိတ်ခံစား နေရင်း အခွင့်အရေးရတဲ့ တစ်နေ့မှာတော့ .....................ကဲ ပရိတ်သတ်ကြီးလဲ တိတ်တခိုးချစ်ပြီး ကြိတ်ပိုးနေရင်တော့ ရဲရဲသာဖွင့်ပြောလိုက်ပါနော်ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်တာဟာ အပြစ်မဟုတ်သလိုကောင်မလေးတစ်ယောက်ကလဲ ကောင်လေးတစ်ယောက်ကို ချစ်မိနေတာက အပြစ်တစ်ခုမဟုတ်ပါဘူးချစ်မိနေရင်တော့ Gender တွေကိုဘေးချိတ်ပြီး ရဲရဲသာဖွင့်ပြောလိုက်ပါကောင်မလေးဆိုလဲ ကြောက်မနေပဲ ရဲရဲသာကို ကြိတ်ခွက်နေတဲ့ကောင်လေးကို သွားဖွင့်ပြောလိုက်ပါနော့သူလဲ ကိုယ့်ကြိတ်ခွက်ရင် ခွက်နေမှာပေါ့ ဟုတ်တယ်မလား ဘာမှ ဂရုစိုက်မနေနဲ့ပတ်ဝန်းကျင်ဆိုတာ တကယ်တော့ထင်သလောက်ကြီး သက်ရောက်မှုမရှိပါဘူး neglect လုပ်တတ်ဖို့ပဲလိုတာပါ :p ဇာတ်လမ်း အကျဉ်းလေးကတော့ Patricia နဲ့ Ivan သူငယ်ချင်းနှစ်ယောက် ကောင်မလေးဖြစ်သူ Patricia ကသူ့သူငယ်ချင်း ကို ချစ်မိသွားတဲ့အခါမှာ ...
movie

Must Be… Love (2013)

2013
My Ex & Whys (2017) 5.8
My Ex & Whys (2017)  ဒီတခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "My Ex and Whys" ဆိုတဲ့ ဖိလစ်ပိုင်အချစ်ဟာသ ဇာတ်လမ်းလေးပါကာလီဟာ Bakit List Girl ဆိုတဲ့ ဘလော့ကို ရေးတဲ့ ဘလော့ဂါတစ်ယောက်ပါBakit ဆိုတာကတော့ ဖိလစ်ပိုင်လို why ဘာလို့လဲ ဆိုတဲ့ အဓိပ္ပါယ်ပါအဲ့ ဘလော့မှာဆိုရင် ဘာလို့ ယောကျာ်းတွေ သစ္စာမရှိတာလဲ ဆိုတဲ့ ခေါင်းစဉ်ကို အဓိကထားပြီး ယောကျာ်းတွေရဲ့ မကောင်းကြောင်းကို ဘာလို့ လဲ ဆိုတဲ့ အမေး တွေ နဲ့ တင်လေ့ရှိပါတယ်ကာလီ ဆိုတဲ့ ကောင်မလေး ယောကျာ်းတွေကို သစ္စာမရှိတဲ့ လူတွေလို့ ဘာလို့ မြင်တာလဲ????ဒီလိုပါ...သူ ဘလော့ဂါမဖြစ်ခင် လွန်ခဲ့တဲ့ ၂နှစ်လောက်က သူ့အဖေနဲ့ အမေ ကွဲခဲ့ပါတယ်ကွဲရတဲ့ အကြောင်းရင်းကလဲ သူ့အဖေ သစ္စာဖောက်တာကြောင့်ပါပြီးတော့ အဲ့အချိန်လောက်မှာဘဲ ဂျီယိုဆိုတဲ့ ခပ်ချောချော လူရှုပ်လူပွေ နဲ့ ...
movie

My Ex & Whys (2017)

2017