Channel Myanmar

Arlene Tur

Eat Pray Love (2010) 5.8
Eat Pray Love (2010) Eat, Pray, Love (2010)2010 တုန်းကထွက်ရှိထားပြီး မင်းသမီး Julia Roberts ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်ထားတဲ့ Eat Pray Love ဆိုတဲ့ Romantic drama ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဘဝမှာ ကိုယ်တကယ်တမ်းဘာလိုချင်မှန်းမသိပဲ သေသွားခဲ့ကြတဲ့သူတွေအများကြီးပါ။ ငါမသေခင်လေး ဒါလေးစားဖူးချင်လိုက်တာ၊ ဒီနေရာလေးရောက်ဖူးချင်လိုက်တာ၊ သူနဲ့သာစကားပြောဖြစ်ခဲ့ရင် ဆိုတဲ့ အရာတွေအများကြီးကို နောင်တရ မနေချင်ရင်‌တော့ ကိုယ်တကယ်တမ်း ဘာကိုလိုချင်လဲ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ အဖြေရှာရမှာပဲဖြစ်ပါတယ်။ ယခုဇာတ်ကားလေးကလဲ ကိုယ်တကယ်အလိုရှိတာဘာလဲ ကိုယ်ကဘယ်လိုလူလဲဆိုတာ အဖြေရှာနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လိဇဘတ် လစ်ဇ် ‌ဂေးလ်ဘတ် ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ အောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထောင်သက် ၈ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဘဝဟာလမ်းပျောက်နေခဲ့ပြီး သူတကယ်တမ်း ဘာလိုချင်လဲ သူ့ရဲ့စိတ်ဆန္ဒက ဘာကိုအလိုရှိလဲဆိုတာ အမြဲရှာဖွေနေတဲ့သူတစ်ယောက်။ ဒါပေမဲ့ သူဟာအမြဲကိုယ်လိုချင်တာကိုရှာမတွေ့ခဲ့ပါဘူး။ ဒါနဲ့ပဲ သူရဲ့‌အေးစက်နေတဲ့အိမ်ထောင်ရေးကို ကျောခိုင်းခဲ့ပြီး သူတကယ်တမ်းအလိုရှိတာ ဘဝမှာဖြစ်ချင်တာတွေကို ရှာဖွေဖို့ နေရာ ၃ နေရာကိုခရီးထွက်ပြီး ရှာဖွေပါတော့တယ်။ အီတလီ၊ အိန္ဒိယနဲ့ ဘာလီ ဆိုတဲ့ နေရာ ၃ ခုမှာ သူလိုချင်တဲ့ အရာတွေကို ရှာဖွေပါတော့တယ်။ ဒီနေရာ ...
movie

Eat Pray Love (2010)

2010
That’s Amor (2022) 5.2
That’s Amor (2022) That's Amor (2022) ===============ဂရက်ဖစ်ဒီဇိုင်နာမလေး ဆိုဖီယာတစ်ယောက် အလုပ်မှာအဆင် မပြေလို့ အလုပ်ထွက်လိုက်ရတဲ့အပြင်၊ အိမ်ပြန်လာတဲ့အချိန်မှာ သူ့ ချစ်သူက သူ့အပေါ် ဖောက်ပြန်နေတာကို ကိုယ်တိုင်မြင်လိုက် ရပါတယ်။ အဲ့တော့ စိတ်နာနာနဲ့ လှေကားကအဆင်း ခြေချော်ပြီး ခြေထောက်ထိခိုက်သွားလို့ အမေဖြစ်သူရဲ့အိမ်မှာ ပြန်သွားနေလိုက် ရတဲ့အထိပေါ့။ အမေဖြစ်သူက သူ့သမီးလေးပျော်အောင်‌ဆိုပြီး သူသွားနေကျ Zumba အကသင်တန်းကို ခေါ်သွားတယ်။  အဲ့က အပြန်မှာ ဟင်းချက်သင်တန်း‌ ကြော်ငြာစာရွက်တွေ့တော့ သူ့သမီးကို သူနဲ့အတူလိုက်တက်ပေးဖို့ ဆွယ်ပါလေရော။ သမီးဖြစ်သူကလည်း မလွန်ဆန်နိုင်တဲ့အဆုံး အတူလိုက်တက်လိုက်ရတယ် ဘာညာပေါ့ဗျာ။ဇာတ်လမ်းက အခုမှစမှာပါ အဲ့သင်တန်းမှာ သင်တန်းဆရာရဲ့ တူလေး ဖြစ်တဲ့ မက်တီးယက်စ်ဆိုသူနဲ့စတင်တွေ့ဆုံးပြီး ထုံးစံအတိုင်း ဆိုဖီယာ ဘဝထဲ ဝင်လာတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်မလဲ ဆိုတာကို ဒီအချစ်ဟာသ ဇာတ်ကားလေးမှာကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း လေးကလည်း ပေါ့ပေါ့ပါးပါးလေးဖြစ်ပြီး ဟင်းချက်ဝါသနာပါတဲ့လူတွေ အတွက် ကြည့်ပျော်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(2.67 GB) / (922 MB) / (566 MB) Quality............WEB-DL 1080p / ...
movie

That’s Amor (2022)

2022