Channel Myanmar

Arnold Oceng

Brotherhood (2016) 6.0
Brotherhood (2016)  ဆမ်ဟာ အလွတ်တမ်း အလုပ်တွေကြိုးစားလုပ်ပြီးမိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ သူအလုပ်တွေအများကြီးလုပ်နေတာ‌ကြောင့်ကလေးတွေကို အချိန်မပေးနိုင်တဲ့အတွက် မိန်းမနဲ့လည်းကတောက်ကဆလေးတွေခဏခဏဖြစ်လေ့ရှိပါတယ်။တစ်ဖက်မှာလည်း ဆမ်ရဲ့ အမေနဲ့ ညီတစ်ယောက်လည်းရှိပါသေးတယ်။ တစ်နေ့မှာ ဆမ်ရဲ့ညီကို လူတစ်စုကသေနတ်နဲ့ပစ်သွားကြလို သေကံမရောက်ပေမဲ့ဆေးရုံတက်လိုက်ရပါတယ်။ ဒါကိုမသင်္ကာတဲ့ဆမ်တစ်ယောက် လိုက်စုံစမ်းကြည့်တဲ့အခါမှာသူအရင်က ပတ်သတ်ခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့လက်ချက်ဖြစ်ပြီး ဆမ်ကိုလက်စားချေချင်လို ဒီလိုတွေလုပ်နေတယ်ဆိုတာကို သိလိုက်ရပါတော့တယ်။လက်စားချေတာ ရိုးရိုးတန်းတန်းမဟုတ်ဘဲ ဆမ်ရဲ့မိသားစုဝင်တွေအထိပါ သတ်ပစ်မယ်လို ခြိမ်းခြောက်လာတဲ့အခါ ဆမ်တစ်ယောက်ဘယ်လိုရင်ဆိုင်သွားမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.40GB / 675MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Thriller , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie

Brotherhood (2016)

The Good Lie (2014) 7.4
The Good Lie (2014) ဆူဒန်ပြည်တွင်းစစ်တုန်းအတွင်းမှာ Mamere တို့ရွာလေးဟာမီးရှို့ဖျက်ဆီးခံရပြီး မိဘတွေလည်းအသတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် Mamere တို့ညီအစ်ကိုမောင်နှမတစ်သိုက်ဟာ အားမလျော့ဘဲ ဘေးကင်းရာကိုထွက်ပြေးခဲ့ရပါတယ်။ လမ်းခရီးမှာလည်း ဒုက္ခတွေကြုံခဲ့ရအပြီးမှာတော့ နောက်ဆုံးမှာကင်ညာနိုင်ငံဒုက္ခသည်စခန်းကိုရောက်ခဲ့ပါတယ်။ စခန်းမှာနှစ်အတန်ကြာနေခဲ့ပြီးနောက်မှာ Mamere တို့မောင်နှမတွေ အမေရိကမှာခိုလှုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် လူနေမှုအဆင့်အတန်းနဲ့ ယဉ်ကျေးမှုကွာခြားလှတဲ့ တိုင်းပြည်မှာ အခြေချနိုင်ဖို့ Mamere တို့အတွက်မလွယ်ကူခဲ့ပါဘူး။ မိသားစုစိတ်ဓာတ်၊စွန့်လွှတ်အနစ်နာခံမှုတွေကိုဖော်ကျုးထားတဲ့ ဇာတ်ကားလေးပါ။File size…(1.9GB)/(944MB)/(657 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Good Lie (2014)