Channel Myanmar

Arsy Hermansyah

Riki Rhino (2020) 6.1
Riki Rhino (2020) Riki Rhino (2020) ============= IMDb Rating - 6.1/10ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဒိုနီးရှားကသစ်တော တစ်ခုမှာ လူတွေကအမဲလိုက်ရုံတင်မကဘူး သစ်တောတွေကို မီးရှို့ဖျက်ဆီးကြတယ်။ အဲ့လိုမီးရှို့ကြတဲ့အတွက် ကြံ့မျိုးနွယ်ဟာ မျိုးတုန်းသွားတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကြံ့ကလေး ရီကီက အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ ရီကီဟာတစ်ကိုယ်တည်းနေထိုင်ရင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကို စိတ်ရော ကိုယ်ပါကူညီပေးတယ်ပေါ့။ သူ့ရဲ့ခွန်အားတွေနဲ့ မွန်မြတ်တဲ့ စိတ်ထားတွေကြောင့် တောတစ်ခွင်မှာနာမည်ကြီးလာတယ်။ဒီလိုနဲ့တစ်နေ့မှာ အမဲလိုက်မုဆိုးတစ်ယောက်ဟာ ရီကီကိုဖမ်းဖို့ ကြိုးစားတဲ့အခါ ရုန်းကန်တိုက်ခိုက်ရင်းနဲ့ နောက်ဆုံးမှာရီကီလေး လွှတ်လာပါတယ်။ လွှတ်တာတယ်ဆိုပေမယ့် ရီကီရဲ့ကြံ့ချိုဟာ မုဆိုး ဆီမှာကျန်ရစ်ခဲ့ပြီး ချိုမရှိတဲ့အတွက်သူ့ကိုယ်သူစိတ်ပျက်အားငယ် သွားနေခဲ့ရတာပေါ့။ နောက်မှာတော့ သူ့မိတ်ဆွေဘဲကလေး ဘန်နီနဲ့ ချိုအသစ်ပြန်ပေါက်အောင်လုပ်ပေးနိုင်မယ့် မှော်ဆေးဆရာကို သစ် တောတစ်ခွင်မှာလိုက်ရှာရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.11 GB) / (759 MB) / (528 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Tin Myo Lwin Encoder..........SWM
movie

Riki Rhino (2020)

2020
Ashiap Man (2022) 5
Ashiap Man (2022) Ashiap Man (2022)"ကောင်လေး ရေပို့ပေးပါဦး" "အဆင်သင့်ပဲဗျို့" "ကောင်လေး ခေါင်မိုးလေးပြင်ပေးပါဦး" "အဆင်သင့်ပဲ"လူတွေကိုကူညီဖို့ဆိုရင် အသင့်လူသား(Ashiap Man)က အမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ ငယ်ငယ်လေးတည်းက မိဘရဲ့ဆုံးမသွန်သင်မှုကြောင့် လူတကာကိုကူညီတတ်သူ၊ သာမန်လူတစ်ယောက်လို ဉာဏ်ရည်ဉာဏ်သွေးမျိုးမရှိပေမယ့် ကိုယ်ချစ်တဲ့သူတွေကိုတော့ အမြဲတမ်းကာကွယ်ပေးချင်တဲ့သူ၊ လူစွမ်းကောင်းဖြစ်ဖို့ကိုရူးသွပ်ပြီး သူ့ရဲ့အစွမ်းတွေနဲ့ လူတွေကိုကူညီဖို့အမြဲတမ်းအဆင်သင့်ရှိနေသူ အသင့်လူသားတစ်ဖြစ်လည်း ဇူးဟာဆိုရင် ငယ်ရွယ်စဉ်ကတည်း အများအကျိုးကိုသယ်ပိုးဖို့ ဆန္ဒပြင်းပြခဲ့သူပါ။သူကိုယ်တိုင် ဆန္ဒပြင်းပြသလိုပဲ သူ့တစ်ရွာလုံးဟာဆိုရင်လည်း သူ့အပေါ်ယုံကြည်ကိုးစားပြီး ချစ်ခင်ခြင်းကိုခံရသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့သူတို့နေတဲ့ရွာကို မိန်းကလေးတစ်ယောက်ရောက်လာပြီး အဲ့ဒီမိန်းကလေးကို ဇူးတစ်ယောက်သဘောကျမိပါတော့တယ်။ တစ်ဖက်မှာလည်း သူတို့ရွာနေရာမှာ အိမ်ရာစီမံကိန်းကိုအကောင်အထည်ဖော်ဖို့ ရွာသားတွေကိုဖိအားပေးနှင်ထုတ်ခံရတဲ့အခါမှာတော့ အမြဲတမ်းအဆင်သင့်ရှိခဲ့တဲ့အသင့်လူသား ဘယ်လိုမျိုးရွာကိုကာကွယ်ပေးသွားမလဲ။ဒီမိန်းကလေးရဲ့နောက်ကြောင်းကရော ဘာတွေရှိနေမလဲ?ဇူးတစ်ယောက် လူစွမ်းကောင်းဖြစ်ဖို့ ကြိုးစားပုံတွေ သူ့ရဲ့ရပ်ရွာကို ဘယ်လောက်အထိချစ်တယ်ဆိုတာတွေ သူချစ်တဲ့သူတွေအတွက် ဘယ်လောက်အထိအသင့်ရှိလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးမိသားစုရုပ်ရှင်တစ်ခုအဖြစ် ကြည့်ရှုခံစားရမယ့် အင်ဒိုနီးရှားဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က APP ပါ။)File Size          : 1.8GB, 806MB, 422MB Quality      ...
movie

Ashiap Man (2022)

2022