Channel Myanmar

Arthur Max

G.I. Jane (1997) 6.0
G.I. Jane (1997)  ယောက်ျားမိန်းမ ခွဲခြားဆက်ဆံခြင်းဆိုတာ ဟိုးအရင်ကတည်းကနေအခုထက်ထိ ဆက်ရှိနေသေးတဲ့ပြဿနာကြီးတစ်ခုပါ။စစ်တပ်တွေထဲမှာလည်း အဲ့လိုခွဲခြားမှုတွေအများအပြားရှိခဲ့ပါတယ်။ယောက်ျားတွေက ဘယ်နေမှာမဆို တာဝန်ထမ်းဆောင်လို့ရပေမဲ့အမျိုးသမီးတွေကိုတော့ ကျန်တဲ့အရာတွေမကြည့်ဘဲ အမျိုးသမီးဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ရာထူးနေရာတွေ လေ့ကျင့်ရေးတွေအများအပြားမှာ ပိတ်ပင်ခံခဲ့ရပါတယ်။အခုတင်ဆက်ပေးမဲ့ G.I Janeဆိုတဲ့ 1997 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားထဲမှာအဲ့လိုခွဲခြားမှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီးIMDb Rating 6.0 ရရှိထားတဲ့ ဟောင်းပေမဲ့ကောင်းနေဆဲဇာတ်ကားတစ်ကားဖြစ်ပါတယ်။အိုနီးလ်ဆိုတဲ့ထောက်လှမ်းရေးမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးတစ်ယောက်က တစ်နေ့မှာတော့အဲ့လိုခွဲခြား ဆက်ဆံမှုတွေကိုမကြိုက်တဲ့ အမတ်ကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ ရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလေ့ကျင့်ရေးက တော်ရုံလေ့ကျင့်ရေးမဟုတ်ဘဲ အမေရိကန်တစ်နိုင်ငံလုံးမှာအပြင်းထန်ဆုံး လေ့ကျင့်ရေးဖြစ်တဲ့အတွက် တော်ရုံယောက်ျားတွေပါလွယ်လွယ်ကူကူမကျော်ဖြတ်နိုင်တဲ့ လေ့ကျင့်ရေးတစ်ခုပဲဖြစ်ပါတယ်။အိုနီးလ်က မိန်းမသားဖြစ်ပေမဲ့ စိတ်ဓာတ်မာတဲ့အတွက် အဲ့ဒီလေ့ကျင့်ခန်းတွေအားလုံးကို ဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ခဲ့မလဲနောက်ဆုံးမှာရော သူအောင်မြင်ခဲ့မလား သူ့ကိုကူညီပေးခဲ့တဲ့အမတ်ကြီးကရော ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေကြောင့် ဒီလိုလုပ်ပေးခဲ့တာလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.07B / 962MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 5m Genre ….. Action , Drama , War Subtitle….Myanmar ...
movie

G.I. Jane (1997)

Se7en (1995) Seven 8.6
Se7en (1995) Seven "The world is a fine place and worth fighting for."Ernest HemingwayCM ပရိသတ်ကြီးရေ။ ဘဝမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုကြည့်ပြီး ဘယ်တော့မှမေ့ဖျောက်လို့ မရနိုင်တော့တဲ့ အဖြစ်မျိုးဖြစ်ဖူးပါသလားခင်ဗျာ။ ဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင် အခုဇာတ်ကားကို ကြည့်လိုက်ရင် အရင်ကစွဲလန်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ မှေးမှိန်သွားနိုင်ပါတယ်။ အထူးသဖြင့်ကတော့ သည်းထိတ်ရင်ဖို ရုပ်ရှင်နှစ်သက်သူတွေပေါ့ဗျာ။IMDb 8.6/10 နဲ့ RT 80% ရထားခဲ့တဲ့ Se7en (1995) ဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားတွေထဲမှာ ဂန္တဝင်ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကို အညွှန်းရေးရင် ကျွန်တော် သတိအထားဆုံးအရာက Spoil လုပ်လိုက်မိမှာကိုပါ။ တချို့ဇာတ်ကားတွေမှာ ဒါက သိပ်မသိသာပေမယ့် အလှည့်အပြောင်း အဝေ့အဝိုက်များတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတွေမှာ အရမ်းသိသာပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာဆို ပိုတောင်သိသာပါတယ်။ ဒါကြောင့် အညွှန်းကို သဘောလောက်ပဲ ရေးပေးပါရစေ။ ဇာတ်လမ်းကဒီလိုပါ..... ဝီလီယမ် ဆမ်မာဆတ်( Morgan Freeman)ဟာ ...
movie

Se7en (1995) Seven

4K HEVC